Thursday, 05 September 2013
ပဲပိစပ်မှာတွေ့ရှိရတဲ့ဓာတ်ပေါင်းတစ်မျိုးဟာHIVကူးစက်ခံထားရတဲ့လူနာတွေမှာအသုံးပြုနိုင် ကြောင်း လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါ
တယ်။ကုသနိုင်တဲ့အခြေအနေကတော့ကူးစက်ခံရပြီးအစောပိုင်းကာလတွေဖြစ်ပါတယ်။တွေ့ရှိရတဲ့ဓာတ်ပေါင်းအမည်ကတော့ genistein ဖြစ်ပါတယ်။ အဲဒီဓာတ် ပေါင်းဟာ HIV ပိုး ကူးစက်ခြင်းကို တားဆီးပေး နိုင်တယ်လို့ George Masonသုတေသနဌာနရဲ့မော်လီကျူးဆိုင်ရာဇီဝဗေဒပါမောက္ခDr.Yuntao Wu ကပြော ကြားလိုက်ပါတယ်။

ဒါပေမယ့် ပဲပိစပ်စားသုံးတဲ့သူ တွေ HIV ပိုး ကူးစက်မခံရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ "genistein ဟာ ပဲပိစပ်အပါအဝင် အပင်တွေမှာ ပါဝင်တာမှန်ပေမယ့် HIV ပိုး ကူး စက်ခြင်းကို တားဆီးနိုင်တဲ့ ပမာဏ ကို သုတေသနပြုနေဆဲဖြစ်ပါတယ်" ပါမောက္ခ Wu က ရှင်းပြထားပါတယ်။
genistein ဟာ သူ့ရဲ့အတွင်းပိုင်း အာနိသင်တွေနဲ့ ဆဲလ်မျက်နှာပြင်တွေပေါ်က sensor လေးတွေကို ချိတ်ဆက်ပြီး အခုအာနိသင်ပေးစွမ်း တာဖြစ်ပါတယ်။ဆဲလ်တွေကို သက် ရောက်နိုင်မှုကြောင့် HIV ပိုး ကူးစက် ခြင်းကို တားဆီးနိုင်တာဖြစ်ပါတယ်။ HIV ပိုးဟာလဲ မျက်နှာပြင် sensor တွေကိုသုံးပြီး ဆဲလ်တွေရဲ့အတွင်း ပိုင်းကိုထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။
အဲဒီ sensor တွေကို ပဲပိစပ် ကရတဲ့ genistein က ပိတ်ဆို့နိုင် ပါတယ်။ဒီလေ့လာမှုမှာ တွေ့ရှိရတဲ့ ဓာတ်ပေါင်းgenisteinကိုဆေးဝါးအဖြစ်ထုတ်လုပ်နိုင်ဖို့သုတေသနပြု နေကြောင်းကိုလည်း ဖော်ပြထားပါတယ်။
သန့်စင်
ref;ANI
Health Updates Journal

No comments:
Post a Comment