Thursday, September 19, 2013

iPhone အပေါ် ရူးသွပ်စွဲလန်းလွန်းသည့် လူငယ်များ၏ ထူးခြားသော ဝီရိယ


Thursday, September 19, 2013 
Appleကုမ္ပဏီကထုတ်လုပ်သည့်iPhoneများကိုကမ္ဘာအနှံ့ရူးသွပ်စွဲလန်းသူအများအပြားရှိသော်လည်းဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ရှိဆယ်ကျော်သက်လူငယ်နှစ်ဦးကမူအတန်ငယ်လွန်ကဲသည်ဟုဆိုနိုင်မည်ဖြစ်သည်။Apple၏မျိုးဆက်သစ်စမတ်ဖုန်းများဖြစ်သည့်iPhone5Sနှင့်iPhone5Cတို့ကိုသောကြာနေ့တွင်စတင်ရောင်းချသွားမည်ဟုတရားဝင်ကြေညာထားသော်လည်းအသက်၁၇နှစ်အရွယ်ဂတ်ဒ်ဟာရာရီကယင်းမတိုင်မီ၎ရက်အလိုကတည်းကAppleအရောင်းဆိုင်ရှေ့တွင်တန်းစီစောင့်ဆိုင်းလျှက်ရှိသည်။ဟာရာရီသည်လန်ဒန်တွင်iPhone 5Sကိုပထမဆုံးဝယ်ယူကိုင်တွယ်နိုင်သူအဖြစ်ဂုဏ်ယူလိုခြင်းကြောင့်စောစီးစွာဖြင့်ဝီရိယကြီးကြီးစောင့်မျှော်နေခြင်း ဖြစ်သည်။

iPhone 5Sသည် လက်ဗွေမှတ်သားမှု စနစ်သစ်နှင့် ပွဲထွက်လာမည်ဟု Apple က ကြေညာထားပြီး ဖြစ်သည်။ ဟာရာရီသည် Apple အရောင်းဆိုင်ရှေ့တွင် ယာယီ ရွက်ဖျင်တဲလေး ထိုးထားပြီး စောင့်ဆိုင်းနေသလို၎င်း၏သက်တူရွယ်တူသူငယ်ချင်းနိုအာဂရင်းသည်လည်းအစိမ်းရောင်ရွက်ဖျင်တဲငယ်လေးတစ်ခုထိုးထားလိုက်သည်။"ကျွန်တော်တို့နှစ်ယောက်လုံးကiPhoneအသစ်ကိုပထမဆုံးကိုင်ချင်ကြတာလေ"ဟု ဟာရာရီက ဆိုသည်။ ၎င်းက "ကျွန်တော်တို့ ရှေ့ဆုံးနေရာက တန်းစီချင်တယ်။ လုံးဝဥဿုံ ရှေ့ဆုံးနေရာဖြစ်နေချင်တာ"ဟုလည်းပြောကြားခဲ့သည်။၎င်းကလက်ရှိတန်းစီနေရာကိုပြန်လည်ရောင်းချရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ၌ "Appleထုတ်ကုန်တွေကို ရူးသွပ်စွဲလန်းသူတွေဆီက ကမ်းလှမ်းလာတာ ရှိနိုင်ပါတယ်။ လောလောဆယ် ကျွန်တော့်မှာ ဒီနေရာကို ပြန်ရောင်းနိုင်တဲ့ အခွင့်အရေး ရှိတယ်။ တကယ်လို့ ပေါင်စတာလင် (၁၀၀၀)ထိ ဈေးပေးပြီး ကမ်းလှမ်းလာရင်တော့ ကျွန်တော့်နေရာကို ရောင်းဖို့ စဉ်းစားပါမယ်။

ဒီဈေးသတ်မှတ်ချက်ကများပါတယ်။ ဒါပေမဲ့ အဲဒီသတ်မှတ်ချက်အတိုင်း တကယ်ဈေးပေးမယ့် လူတွေလည်း ရှိနေနိုင်တယ်"ဟုဖြေကြားခဲ့သည်။ ဟာရာရီသည် အဝတ်အစားအိတ်၊ အပျင်းပြေဖတ်ရှုရန် စာအုပ်များကိုပါ ယူဆောင်ကာ ရွက်ဖျင်တဲထိုးပြီး အကျအန စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ၎င်းရော၊ ဂရင်းပါ iPhone 5Sကို ဝယ်ယူမည်ဖြစ်ပြီး တန်ဖိုးပိုနည်းသည့် iPhone 5Cကို စိတ်မဝင်စားကြဟု ဆိုသည်။ ဂရင်းက "iPhoneအသစ် စရောင်းမှ ဝင်တန်းစီတယ် ဆိုတာက အကောင်းဆုံး စိတ်ကူးစိတ်သန်းလို့ ကျွန်တော် မထင်ပါဘူး။ကျွန်တော်ကတော့iPhoneအသစ်အတွက်အရမ်းစိတ်လှုပ်ရှားနေပါတယ်။အခု စတင်ရောင်းချမှု အစီအစဉ်ဟာ ကျွန်တော် ကြုံဖူးသမျှ အခမ်းနားဆုံးလည်း ဖြစ်လိမ့်မယ် ထင်ပါတယ်"ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။

 Planet Myanmar Network

No comments: