Wednesday, September 18, 2013

ဆေးမင်ကြောင်ကြောင့် L'Orealနှင့် မိတ်ပျက်ဖွယ် ရှိနေသည့် ချယ်ရီကိုးလ်


Wednesday, September 18, 2013 
ချယ်ရီကိုးလ်အနေဖြင့်သူမ၏ကျောဘက်တွင်ကြီးမားသောနှင်းဆီပန်းပွင့်ကြီးများပုံဆေးမင်ကြောင်ကိုရေးထိုးခဲ့သည့်အတွက်အဆိုးဘက်မှသက်ရောက်မှုများသာရင်ဆိုင်နေရသည်။ဗြိတိသျှနာမည်ကြီးPopဂီတအဆိုတော်၏မိခင်ကပထမဆုံးကန့်ကွက်မှုများပြုလုပ်ခဲ့ပြီးယခုအခါချယ်ရီ့ကိုကြော်ငြာမော်ဒယ်လ်အဖြစ်စာချုပ်ထားသည့်L'Orealကလည်းယင်းဆေးမင်ကြောင်ကိုသဘောမကျဖြစ်နေကြောင်းသိရသည်။၂၀၀၉ခုနှစ်ကတည်းကချယ်ရီနှင့်လက်တွဲလာသောL'Orealသည်ယင်းဆေးမင်ကြောင်များကြောင့်ချယ်ရီ၏ပုံရိပ်ကိုတန်ဖိုးလျော့ကျစေသည်ဟုယူဆနေပြီးသူမနှင့်ရှေ့ဆက်လက်တွဲစာမချုပ်တော့ရန်စဉ်းစားနေကြောင်းသတင်းများထွက်ပေါ်လာခဲ့သည်။

Girl'sAloudစတားအဆိုတော်သည်L'Orealအတွက်ကြော်ငြာအစီအစဉ်တစ်ခုစာဓာတ်ပုံရိုက်ကူးတိုင်းစတာလင်ပေါင်(၅)သိန်းမျှရရှိနေသူဖြစ်သည်။ သို့သော်လည်း ကျောနောက်ဘက် ခါးအောက်ပိုင်းမှ ကြီးမားသော ဆေးမင်ကြောင်ကြီးကြောင့် ယင်းအလုပ်ကို လက်လွှတ်ရမည့် အခြေအနေ ကြုံနေရကြောင်း သိရသည်။ L'Orealမှ တာဝန်ရှိသူများက ယင်းဆေးမင်ကြောင်သည် ချယ်ရီ၏ ပင်ကိုယ်အလှကို ပျက်စီးစေကြောင်း ယူဆနေသည်။

ချယ်ရီသည်ယခုလတ်တလောတွင် L'Oreal၏ အရေပြား ထိန်းသိမ်းမှု ပစ္စည်းများအတွက် ကြော်ငြာပေးရန် တာဝန်ယူထားရာအဆိုပါဆေးမင်ကြောင်သည်သူမ၏အရေပြားအသားအရေကိုဖုံးကွယ်သက်ရောက်စေသည်ဟု ကုမ္ပဏီဘက်မှ တွေးတောထားသည်။ L'Orealမှ တာဝန်ရှိသူ တစ်ဦးက "ကုမ္ပဏီရဲ့ အရေပြား ထိန်းသိမ်းရေး ပစ္စည်းသစ် ကြော်ငြာ အစီအစဉ်က လုံးဝဥဿုံ သဘာဝဆန်တဲ့ အရေပြားမျိုးကို ရည်စူးဖော်ပြချင်တာပါ။ ဒီအခြေအနေကြောင့် L'Orealဟာ အရေပြား ထိန်းသိမ်းမှု ကြော်ငြာမှ ချယ်ရီ့ကို မသုံးတော့တာမျိုး ဖြစ်နိုင် တယ်။ ဒါမှမဟုတ် အပြီးတိုင် လမ်းခွဲတာမျိုးလည်း ကြုံကောင်း ကြုံရနိုင် ပါတယ်"ဟု ပြောကြားသွားသည်။

ချယ်ရီသည် အဆိုပါ ဆေးမင်ကြောင် ကို ပေါင်စတာလင် (၁၄၀၀၀) အကုန်အကျခံကာ (၅၅)နာရီ အချိန်ယူ ရေးထိုးခဲ့ရသည်။

 Planet Myanmar Network

No comments: