Monday, October 07, 2013

မီတာခ တစ်ပြားမှ မကုန်မည့် ဒီဇိုင်းသစ် နေအိမ်


Monday, October 7, 2013 
မီတာခ တစ်ပြားတစ်ချပ်မျှ ကုန်ကျစရာ မရှိသည့် ခေတ်မီ ဒီဇိုင်းသစ် နေအိမ်တစ်မျိုးကို ဗြိတိန်တွင် စတင် ၍ အရောင်းစာရင်း တင်လိုက်ပြီ ဖြစ်သည်။ ယင်းအိမ်ကို ဝယ်ယူမည့်သူ အနေဖြင့် စွမ်းအင် အသုံးပြုရန် မ ည်သည့် မီတာခမျှ ပေးဆောင်စရာ မလိုသော်လည်း နေအိမ်ကို ပိုင်ဆိုင်ရန်မူ စတာလင်ပေါင် (၁.၂)သန်း ထိ အသုံးပြုရမည် ဖြစ်သည်။ စွမ်းအင်ကဏ္ဍအတွက် နေစွမ်းအင်ကိုသာ လုံးဝဥဿုံ မှီခိုထားသည့် ယင်းေ နအိမ်သည် လီဆက်စတာရှိုင်းယား အရပ်တွင် တည်ရှိသည်။ (၂)ဧက ကျယ်ဝန်းသော မြေပြင်တွင် ဆော က်လုပ်ထားသော နေအိမ်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်ရွယ်ချက်နှင့် ကိုက်ညီပြီး ထင်းရှူးသားဖြင့် အဓိက အသုံးပြုထားသည်။ နေအိမ်အထက် ခေါင်မိုးပေါ်တွင် နေရောင်ခြည် စွမ်းအင်နှင့် အပူဓာ တ်တို့ကို စုပ်ယူမှုအား အလွန်ကောင်းမွန်သည့် ခေတ်မီ နည်းပညာသုံး ဆိုလာပြားများ တပ်ဆင်ထားသည်။  

အပူစွမ်းအင်သည် နေအိမ်၏ ရေပူစနစ်နှင့် အိမ်အောက်ခြေရှိ အနွေးပေး ပိုက်လိုင်းများကို သက်ရောက်ေ စမည် ဖြစ်သည်။ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှင့်မှု လုံးဝ ကင်းရှင်းသည့် နေအိမ်တွင် ကြီးမားကျယ်ပြန့်သည့် မှန်ပြူတင်းပေါက်ကြီးများ တပ်ဆင်ပေးထားပြီး မိုးရေ စုဆောင်းနိုင်သည့် ရေလှောင်ကန်လည်း ပါဝင်နေေ ကြာင်း သိရှိရသည်။ ယင်းနေအိမ်တွင် နေထိုင်သူ အနေဖြင့် စွမ်းအင်အတွက် လျှပ်စစ်မီး သွယ်တန်းရန် ဖြစ် စေ၊ ဓာတ်ငွေ့ပိုက် သွယ်တန်းရန်ဖြစ်စေ လုံးဝမလိုအပ်ဟု ဆိုသည်။ နေအိမ်အတွက် အောက်ခံ ဖောင်ဒေး ရှင်း ချစဉ်ကတည်းက မြှုပ်နှံထားသည့် အနွေးပေး ပိုက်များသည် နွေရာသီ တစ်လျှောက်လုံး စုဆောင်းထားသည့် အပူဓာတ်ကို ဆောင်းရာသီတွင် ပြန်လည် ထုတ်ပေးကာ နေအိမ်ကို နွေးထွေးနေစေမည်ဟု ဆို သ ည်။

အိပ်ခန်း(၅)ခန်း ပါဝင်သော အဆိုပါ နေအိမ်ကို Caplin Homes ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီ၏ ဒါရိုက်တာ မိုက်ကယ် ဂေါ့ဒတ်က "ဒီနေအိမ်သစ်ရဲ့ တည်ဆောက် မှုနဲ့ ဒီဇိုင်းဖန်တီးမှု အားလုံးက ကာဘွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့ အဓိက ရည်ရွယ်ထားတာပါ"ဟု ဆိုသည်။ ဗြိတိန် အစိုးရသည် (၂၀ ၁၆)ခုနှစ်တွင် ဆောက်လုပ်မည့် နေအိမ်သစ် အားလုံးတွင် ကာဘွန်ထုတ်လွှတ်မှု လုံးဝမရှိရေး ဦးတည် လုပ် ဆောင်နေသည်။ ဂေါ့ဒတ်က နေရောင်ခြည် စွမ်းအင်သုံး နေအိမ်တွေဟာ ဆောက်လုပ်မှု ကဏ္ဍမှာ ရွေးချ ယ်သင့်တဲ့ ဖန်တီးမှု တစ်ရပ်ပါ။ လတ်တလောမှာ အကန့်အသတ်တချို့ ရှိသေးပေမယ့် အနာဂတ်မှာ အရွယ် အစား အမျိုးမျိုး နေအိမ်တွေအတွက် ကျွန်တော်တို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်"ဟုလည်း ပြောကြား သွားသည်။

ယခုနေအိမ်တွင် ပြူတင်းပေါက် ဒီဇိုင်းများကအစ စွမ်းအင်သုံးစွဲမှု ရှုထောင့်မှ ချဉ်းကပ် တပ်ဆင်ထားသည်။ နေရောင်ခြည် စွမ်းအင်သုံး နေအိမ်များ သည် မြေအောက် အနွေးပေး စနစ်ကို တစ်နှစ်တာလုံး အသုံးပြုနို င်ရန် သီတင်း(၁၀)ပတ်စာမျှ စုဆောင်းထားသည့် နေပူရှိန်ဖြင့် လုံလောက်မည် ဖြစ်သည်။ ထို့အပြင် အဆောက်အအုံ အတွင်းအပြင် အပူချိန်ကို ခြေရာခံ စောင့်ကြည့်သည့် စနစ်များကိုပါ တပ်ဆင်ပေးထား ကြောင်း လည်း သိရှိရသည်။

Planet Myanmar Network

No comments: