Monday, October 7, 2013
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် ဘော်ကြိုဆားတွင်းဒေသမှာ ဆားဓါတ်ပါဝင်မှု များသဖြင့် အဆိုပါ ဆားမြေအတွင်း ဖြတ်သန်း၍ မြုပ်နှံ
ထားသော ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများမှာ ရေရှည်တွင် ဆားပေါက်၍ ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားနိုင်သဖြင့်ဒေသခံများမှ စိုးရိမ်နေရကြောင်း ဘော်ကြို ပန်ကေဆား တွင်းကျေးရွာ ဒေသခံအချို့ထံမှ သိရှိရသည်။
အဆိုပါ ဒေသမှာ ဆားမြေဖြစ်၍ ဆားငွေပျံသဖြင့် အိမ်အမိုး သွပ်ပြားများ
ပေါက်ခြင်း သံများ သံချေးတက်ခြင်း၊ အုတ်နီများ အမှုန့်ဖြစ်ပွားခြင်း၊ ကွန်ကရစ် ဘလောက် တုံးများ အမှုန့်ဖြစ်ပွားခြင်း၊ သစ်သားတိုင်များ ဆွေးမြေ့
လွယ်ခြင်းတို့ကြောင့် ရေရှည်တွင် ဒေသတွင်းဖြတ် သန်းမြုပ်နှံထားသော ပိုက်လိုင်းမှာ သံချေးတက်၍ ပေါက်ကွဲမည်ကိုစိုးရိမ်နေရခြင်းဖြစ်ကြောင်း
ဒေသခံများ မှ ရှင်းပြသည်။
“ဆားငွေပျံတာက ဘာနဲ့မှ တားလို့မရဘူး။ အကုန်လုံးအငွေ့က စားပစ်တာ။ကျွန်တော်တို့အိမ်မှာ သုံးတဲ့ ဖိုင် ဘာတွေဆိုရင် ရေရှည်မှာ ဆားငွေ့ကြောင့် ကျွတ်ဆပ်တာမျိုးတွေ ဖြစ်လာပြီး ပေါက်ကုန်တာ။ သံဓါးတွေေ တာင် မခံနိုင်ဘူး။ဒီတော့ ပိုက်လိုင်းမြုပ်ထားတဲ့ နေရာမှာ ဖိုင်ဘာနဲ့ အပြင်ကနေပတ်ထားတယ်လို့ပဲ ပြော သွားတယ်။ ဘယ်လိုအာမခံမလဲဆိုတာ မပြောသွားဘူး”ဟု ဆားတွင်းဒေသခံတစ်ဦးက ရှင်းပြသည်။
ဆားတွင်းဒေသသို့ ဖြတ်သန်းသွားသော ပိုက်လိုင်းမှာ ရေရှည်တွင် ဆားပေါက်သဖြင့် ပိုက်လိုင်း ပေါက်ကွဲမှု ဖစ်ပွားနိုင်ဆုံး နေရာ
တစ်ခုဖြစ်ကြောင်း ထိုသို့ဖြစ်ပွားပါက အနီးအနားရှိ ဘော်ကြိုရှေးဟောင်း ဘုရားကြီးပါ ထိခိုက်နိုင်ကြောင်း အိမ်ခြေ(၅၀)ခန့်ရှိပြီး လူဦးရေ (၃၀၀)ကျော်နေထိုင်သော ရွာသားများမှာလည်းမည် သ ည့်အချိန်တွင်
ပေါက်ကွဲမှုဖြစ်မည်ကိုသာ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောကြသည်။ ဆားတွင်းဒေသ ပိုက်လိုင်းဖြတ်သန်းသော ယာမြေများတွင် လုပ်ကိုင်နိုင်ရန်
အတွက် ခွင့်ပြုပေးထားကြောင်း ဒေသခံများက ပြောသည်။
“ကုမ္ပဏီက လျော်ကြေးပေးပြီးသား လယ်ကွက်တွေမှာ စိုက်ပျိုးလို့ရတယ်
ဆိုပြီး ပြောသွားတယ်။ ပိုက်လိုင်း ပြင်ဆင်စရာရှိလို့ အဲဒီမြေကို အသုံးပြု
ရင်တော့(၅)ရက်ကြိုတင် အကြောင်းကြားပေးမယ်။ ဒါပေမဲ့ စိုက်ပျိုး ထား
တဲ့သီးနှံတွေအတွက် လျော်ကြေးတော့ ပေးမှာမဟုတ်ဘူးလို့ ပြောထားတာရှိပါတယ်”ဟု ပိုက်လိုင်းမြေ တွင် စိုက်ပျိုးရမှု အနေအထားအား ဒေသခံ
လယ်သမားတစ်ဦးက ရှင်းပြသည်။
ပိုက်လိုင်းဖြတ်သန်း ရာတွင် လျော်ကြေးငွေအဖြစ် ပထမအဆင့်မြေသား၊ ဒုတိယအဆင့်မြေသား ဟု သတ်မှ တ်ထားပြီး ပထမအဆင့် မြေသားအဖြစ် တစ်ဧက ကျပ် သိန်း(၃၀)၊ ဒုတိယအဆင့်မြေသား အနေဖြင့် တစ်ဧ က ကျပ်(၂၅)သိန်းအထိ ပေးထားကြောင်း သိရှိရသည်။
လက်ရှိပိုက်လိုင်း စီမံကိန်းမှာနှစ် (၃၀)စီမံကိန်း ဖြစ် ပြီး ပိုက်လိုင်းဖြတ်သန်းရာ တစ်လျှောက်လယ်ယာမြေ ဆုံးရှုံးသူများအတွက် အမြဲတမ်းမြေကွက် လွှဲပြောင်းခြ င်း ဂရုဏာကြေးနှင့် အမြဲတမ်းလွဲပြောင်းရယူသည့် မြေပေါ်ရှိ
ကောက်ပဲသီးနှံနှင့် အခြားအတွက် နစ်နာကြေး ဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ
လျော်ကြေးငွေပေးထားကြောင်း ပိုက်လိုင်းစာချုပ်များအရ သိရှိရသည်။
လျော်ကြေးငွေပေး၍ ပိုက်လိုင်းဖြတ်သန်းသည်မှာ မှန်ကန်သော်လည်း ပိုက်လိုင်းစီမံကိန်းအရ ကုမ္ပဏီအနေ ဖြင့် ပိုက်လိုင်းဖြတ်သန်းရာ ဒေသ
တစ်လျှောက် ပေါက်ကွဲမှုဖြစ်ပေါ်ပါက ပျက်စီးဆုံးရှုံးမှုအတွက် မည်သို့ေ ဆာင်ရွက် ပေးမည်ကိုမူ ပွင့်လင်းမြင်သာစွာ ပြောကြားထားခြင်း၊ ပိုက်လိုင်းအရည်အသွေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အာမခံမှု ပေးထားခြင်း
မရှိကြောင်း အထူးသဖြင့် မြန်မာနိုင်ငံအတွင်း တစ်ခုတည်းသောပိုက် လိုင်း
ဖြတ်သန်းရာ ဆားတွင်းဒေသတွင် ပိုက်လိုင်းနှင့် ပတ်သက်၍ လုံခြုံမှုရှိစေရန် မည်ကဲ့သို့ အာမခံထား ပေးသည်ကို ပွင့်လင်းမြင်သာစွာ ဒေသခံများအား ရှင်းပြထားခြင်း မရှိကြောင်း၊ ဆားတွင်းဒေသခံများမှ သိရှိ ရသည်။
ယခုဘော်ကြိုဆားတွင်း ဒေသ ပိုက်လိုင်းဖြတ်သန်းရာ တစ်လျှောက်တွင် တစ်ခုတည်း ဖြတ်သန်းရ သော ဆားတွင်းဒေသ ဖြစ်သဖြင့် ရေရှည်တွင် ဆားပေါက်၍ ပိုက်လိုင်းပေါက်ကွဲနိုင်ချေ အများဆုံး ဒေသဖြ စ်သဖြင့်
ဒေသခံများမှ စိုးရိမ်နေရခြင်း ဖြစ်ကြောင်း ဆားတွင်းဒေသခံများက ပြောကြ
သည်။
စိုင်းကံသာ(လားရှိုး)
The Myanma Age

No comments:
Post a Comment