Saturday, October 05, 2013

ကာကွယ်ရေး ၀န်ကြီးဌာနလည်း အွန်လိုင်းပေါ် ရောက်လာပြီ



Saturday, 05 October 2013
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်လာရာမှာ ၀န်ကြီး ဌာန တွေရဲ့ အင်တာနက်စာမျက်နှာတွေ ဖွင့်လှစ်လာတာလည်း တခုအပါအ၀င် ဖြစ်ပါတယ်။ 

အခု နောက်ဆုံး ကာကွယ်ရေး ၀န်ကြီးဌာနက အင်တာနက် စာမျက်နှာနဲ့ ဖေ့စ်ဘုတ် လူမှု ကွန်ရက် စာမျက် နှာ ကို အောက်တိုဘာလ ၁ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပါပြီ။ 

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာဖြစ်ပါတယ်။ 

ကာကွယ်ရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာ ( Ministry of Defense ) လိပ်စာကတော့ www.mo d.gov.mm ဖြစ်ပြီး အင်္ဂလိပ် ဘာသာနဲ့ ရေးသားတင်ပြထားပါတယ်။ 

ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ဖေ့စ်ဘုတ် ကို  ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး  လိပ်စာကတော့ www.facebook.com/modofmm ဖြစ်ပါတယ်။  

ကာကွယ် ရေး ၀န်ကြီးဌာနကရဲ့ လှုပ်ရှားမှု ဓာတ်ပုံ တွေနဲ့ အတူ မြန်မာဘာသာနဲ့ ရေးသား တင်ပြထား ပါ တယ်။ ဖေ့စ်ဘုတ် စာမျက်နှာမှာတော့ Like လုပ်ထားသူပေါင်း ၃ ထောင်ကျော် ရှိနေပါပြီ။ 

The Irrawaddy (Burmese Version)

No comments: