Saturday, 05 October 2013
တော်လှန်ရေးကောင်စီ အစိုးရ အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့သည့် ညနေခင်းထုတ် ပုဂ္ဂလိက သတင်းစာများကို ပြန်လည် အသက်သွင်းသည့် အနေဖြင့် ပုဂ္ဂလိက ညနေခင်းေ န့စဉ်ထုတ် သတင်းစာ တစ်စောင်ကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည် ထုတ်ဝေမည် ဖြစ် ကြောင်း အဆိုပါ သတင်းစာ၏ အယ်ဒီတာချုပ် ဦးနိုင်မင်းဝေက ပြောကြားသည်။
အဆိုပါ ညနေခင်း သတင်းစာကို People Power ဟု အမည်ပေးထားပြီး အောက်တိုဘာလ ဒုတိယပတ်အ တွင်း စတင်ထုတ်ဝေမည်ဟု မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ရုံးခန်းတွင် အောက်တိုဘာလ ၄ ရက်က ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
People Power သတင်းစာကို ထုတ်ဝေသူ တေးရေးဆရာ မောင်မောင်ဇံက မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနသို့ လျှောက်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်နေသည့် လက်ရှိမြန်မာနိုင်ငံတွင် ညနေခင်းတွင် ထုတ်ဝေသည့် သတင်းစာ တစ်စောင်မျှ မရှိသေးခြင်းနှင့် ပြည်သူ များအတွက် နေ့စဉ် ဖြစ်ပျက်သည့် သတင်းများကို နေ့ချင်းသိရှိနိုင်စေရန် အဓိက ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။
သို့သော် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ ရှိနေခြင်းကြောင့် ယင်းသတင်းစာကို ရန်ကုန်မြို့ေ တ်ာတွင်သာ ဖြန့်ချိသွားမည် ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ထုတ်ဝေမည် မဟုတ်ကြောင်း အဆိုပါ သတင်းစာ အယ်ဒီတာ အဖွဲ့ထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၉၅၃ ခုနှစ် ဝန်းကျင် ကတည်းက ပုဂ္ဂလိက ညနေခင်း သတင်းစာများ ပေါ်ထွက်ခဲ့ဖူးပြီး ရေရှည် တည်မြဲစွာ ထုတ်ဝေနိုင်ခြင်းမရှိဘဲ ၁၉၅၆ ခုနှစ်ခန့်တွင် ကြယ်နီပုဂ္ဂလိက ညနေခင်းသတင်းစာ တ စ်စောင်သာ တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်အထိ တစ်ဆက်တည်း ထုတ်ဝေနိုင် ခဲ့ကြောင်း ရွှေနိုင်ငံသစ် သတင်းစာ အယ်ဒီတာချုပ် ဦးဖိုးသောကြာ (ခေတ်+မိုး) က The Voice သို့ ပြော ကြားသည်။
၁၉၉၀ ပြည့်နှစ်ကလည်း မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့တော်သတင်းစာ အမည်ဖြင့် ဒေ သန္တရ ညနေခင်း သတင်းစာတစ်စောင် ထုတ်ဝေခဲ့ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ငါးဆယ်ကျော် ပိတ်ပင်ထားခဲ့သော ပုဂ္ဂလိက သတင်းစာ ထုတ်ဝေမှုကို ၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ အစိုးရသစ် တက်လာပြီး နောက်ပိုင်း ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ ပြန်လည် ထုတ် ဝေခွင့် ပြုခဲ့ရာ ဧပြီလ ၁ ရက်နေ့တွင် ပုဂ္ဂလိက သတင်းစာ ၄ စောင် စတင်ထွက်ရှိ လာပြီး ယခုလက်ရှိတွင် စုစုပေါင်း ပုဂ္ဂလိက သတင်းစာစောင်ရေ ၂၀ ကျော် နေ့စဉ် ထုတ်ဝေလျက်ရှိသည်။
The Voice Weekly
No comments:
Post a Comment