Wednesday, October 9, 2013
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့တွင် အငြိမ်းစားကျောင်းဆရာမ တစဦး၏ ၁၄၄သိန်းကျော် တန်ဘိုး ရှိ လက်ဝတ်ရတနာပစ္စည်းများ အော်တိုဘာ ၇ ရက်က ခိုးယူခံလိုက်ရသည်ဟု ရန်ုကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး က ဆိုထားသည်။
အောက်တိုဘာ ၇ ရက် နံနက် ၉နာရီ ခွဲအချိန်က ရွှေပေါက္ကံမြို့နေ အငြိမ်းစားကျောင်း ဆရာမဒေါ်----သည် နေအိမ်အား သော့ခက်ပြီး ဈေးသို့သွားကာအလှပြင်နေစဉ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။
နေအိမ်နောက်ဖေးတံခါးကို ကလန့်ဖွင့်ထားသဖြင့် အတွင်း၌ ခတ်ထားသော သော့နှင့် ပတ္တာပြုတ်ထွက်ကာ တံခါးပွင့်နေ့သည်ကို တွေ့ရပြီး အိမ်ပေါ်ထပ်ဘုရားခန်းတွင်ထားသော သံသေတ္တာမှာလည်း သော့ကို ဖျက် ဆီး ခံထားရကာ သံသေတ္တာအတွင်းမှ စိန်ရွှေရတနာများပါသည့် လက်ဝတ်ရတနာပစ္စည်းများ ခိုးယူခံထားရ ခြင်းဖြစ်သည်။
ပျောက်ဆုံးသွားသော လက်ဝတ်ရတနာပစ္စည်းပေါင်း ၁၃မျိုးခန့်ရှိပြီးတန်ဖိုးအားဖြင့် ကျပ်သိန်း (၁၄၄၅၅ ၀၀ ၀) ကျပ်ရှိသည်ဟုလည်း ဒေါ်-----က ရဲအား ပြောပြတိုင်တန်းထားသည်။
ထို့ကြောင့် ရွှေပေါက္ကံနယ်မြေရဲစခန်း က (ပ)၁၈၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ခိုးယူသွားသူ ဖမ်းဆီးရမိရေးအ တွ က် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဖမ်းမိပါက ပုဒ်မ ၃၈၀ ဖြင့် အရေးယူသွားမည်ဟုဆိုထားသည်။
Mizzima - News in Burmese
No comments:
Post a Comment