Wednesday, October 9, 2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် တရားရုံးသို့ ကလေးအကျဉ်းထောင်မှ ရုံးထုတ်လာသော အချုပ်သား အမှုသည် တစ်ဦးသည် အောက်တိုဘာ ၇ ရက် မွန်းတည့်ချိန်က ကြားနာစစ်ဆေးခြင်းမပြုမီ ကွယ်လွန်ခဲ့ သည်ဟု အချုပ်ခန်းတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါအချုပ်သားမှာ တရားရုံးအ ချုပ်ခန်းအတွင်း ထည့်ထားစဉ် သတိမေ့မျောခဲ့သည့်အတွက် ကလေးမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့
ပို့ဆော င်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး ၁၅မိနစ်အကြာတွင် သေဆုံးခဲ့သည်ဟု ဆိုသည်။
ထိုသို့ တရားခွင်မရောက်မီ အချုပ်သား သေဆုံးခဲ့ခြင်းအား စစ်ဆေးဆောင်ရွက်ရန် ကလေးမြို့မ ရဲစခန်း တွင်
သေမှုသေခင်းအရ အမှုလက်ခံဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ထိုအချုပ်သားသည် ကလေး မြို့နယ်၊ နတ်ချောင်းကျေးရွာတွင် နေထိုင်သော အသက် ၄၉နှစ်အရွယ် ကို------ဆိုသူဖြစ်သည်။ ထိုသူ သ ည် ကလေးမြို့နယ် တရားရုံးတွင်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အမှုတွဲအား ကြားနာ စစ်ဆေးရန် ကလေးမြို့ အ ကျ ဉ်းထောင်မှ ရုံးထုတ်လာခဲ့ခြင်းဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment