Monday, October 21, 2013
အောက်တိုဘာလ ၁၆ရက်က ပြုလုပ်ခဲ့သော မင်္ဂလာပွဲတွင် သတို့သား Jose Manuel Riella အသက် ၁၀၃နှစ် သည် ဘီးတပ်ကုလားထိုင်ဖြင့် နေရာယူခဲ့သည်။ သူ၏ ညာဘက်တွင် သတို့သမီးဖြစ်သူ Martina Lopez အသက် ၉၉ နှစ်က အဖြူရောင် ၀တ်စုံနှင့် ရှိနေခဲ့၏။ ဘိုးသက်ရှည်၊ ဘွားသက်ရှည်တို့၏ သက်ကြီးလက်ထက်ပွဲကို ဆန်တာရိုဆာမြို့မှ သူတို့ပိုင်သည့် ဥယျာဉ်ငယ် အတွင်း၌ပင် ကျင်းပခဲ့သည်။
ထိုပွဲကို အိမ်နီးချင်းများအပြင် သူတို့၏ သားသမီး ရှစ်ယောက်၊ မြေး အယောက် ၅၀၊ မြစ် ၃၅ ယောက်နှင့် တီ ၂၀ ယောက် တို့နှင့်အတူ ကျင်းပခဲ့သည်။ ဘုန်းတော်ကြီးက သူတို့သည် အသက်ကြီးဆုံး လက်ထပ်ပွဲဖြစ် ကြောင်းဆိုသည်။
သူတို့၏ အတူနေသက်တမ်း ၄၉ နှစ်ခန့် က အရပ်မင်္ဂလာပွဲဆန်ဆန် ပြုလုပ်ဖူးသော်လည်း ဓလေ့ထုံးစံ အတိုင်း ပြလုပ်ရမည့် ဘာသာရေးနှင့်ဆိုင်သော တရားဝင် လက်ထပ်ပွဲကိုမူ မကျင်းပနိုင်ခဲ့ပေ။
ယခုမှပင် ဘုန်းတော်ကြီးရှေ့မှောက်၌ လက်ထပ်ရသဖြင့် ပြီးပြည့်စုံသော မင်္ဂလာပွဲ ဖြစ်လာတော့သည်။
Ref; AFP
The Myanma Age

No comments:
Post a Comment