Monday, October 21, 2013

ဘာလုစ်ကိုနီကို နိုင်ငံရေးလုပ်ခွင့် ၂နှစ် ပိတ်ပင်



Monday, October 21, 2013

မီလန်တရားရုံးက အီတလီ ၀န်ကြီးချုပ်ဟောင်း ဆီလ်ဗီအိုဘာလုစ်ကိုနီကို အခွန်ငွေများ အလွဲသုံးစား လုပ်မှုနှင့် နိုင်ငံရေးလုပ်ခွင့် ၂နှစ်ပိတ်ပင်လိုက်သည်။ ယင်းစီရင်ချက်ကို အောက်တိုဘာ ၁၉ရက်က ချမှတ် လိုက်သော်လည်း ချက်ချင်း အရေးယူဆောင်ရွက်နိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ကြရပါဦးမည်။
အမှန်တော့လည်း အီတလီတွင် ဘာလုစ်ကိုနီတစ်ယောက် လွတ်တော်အမတ်နေရာ ရပြီးကတည်းက တရားရုံး၏ ဆုံးဖြတ်ချက်များသည် သူ့အပေါ်သို့ ချက်ချင်းသက်ရောက်လေ့ မရှိခဲ့ပေ။ နိုင်ငံရေးလောကမှ အမှန်တကယ် သူထွက်သွားမည့်အချိန်မှာ ပါလီမန်အထက်လွှတ်တော်မှ မဲဖြင့်သာဆုံးဖြတ်ဖွယ်ရှိသည်။ ထိုမဲပေးဆုံးဖြတ်မှုကိုလည်း နောက်လမှပင် စတင်ဖွယ် ရှိသည်။

ဘာလူစ်ကိုနီ၏ ရှေ့နေများက ဗဟိုတရားရုံးအထိ အယူခံဝင်မည်ဟု ဆိုကြသည်။ သူတို့က နှစ်နှစ်ပိတ်ပင်မှု အစား မီလန် တရားရုံး၏ အနည်းဆုံး စီရင်ချက်ချပိုင်ခွင့် တစ်နှစ်ပိတ်ပင်မှုသို့ လျောကျအောင် ကြိုးပမ်းကြ လိမ့်မည်။ မီလန်တရားရုံးသည် ယင်းသို့သော အမှုများအတွက် အများဆုံး သုံးနှစ်သာ အရေးယူခွင့်ရှိသည်။

သြဂုတ်လ၁ ရက် ဗဟိုတရားရုံတွင် သီးခြားပြုလုပ်သည့် အမှုအတွက်လည်း အသက် ၇၇နှစ်အရွယ် ဘာလုစ် ကိုနီသည် နေအိမ်အကျယ်ချုပ် သို့မဟုတ်ပြစ်ဒဏ်ပေးအလုပ်တို့နှင့် ရင်ဆိုင်နေရသည်။ ဘာလုစ်ကိုနီသည် ၁၉၉၄ခုနှစ် နိုင်ငံရေးလောကသို့ ရောက်ချိန်ကတည်းက သူ၏ကဏ္ဍသည် မီယာလောကတွင် ရေပန်းစား နေရာယူနိုင်ခဲ့သည်။ ထို့အတွက် သူရင်ဆိုင်ရဖွယ်ရှိသော ပြည်နှင်ဒဏ်ပေးနိုင်သည့် အခြားအမှုများ ထင်ရှားခဲ့လျှင် သူ့အတွက် ရှက်ဖွယ် လိလိ ဖြစ်နေလာမည်ဖြစ်သည်။

မူလက သူ၏ ပြစ်ဒဏ်သည် အစိုးရရုံးများမှ ၆နှစ်တိတိ ဖယ်ခွာနေရမည့်အရေးကို ဆီးနတ်ထောက်ခံမဲတစ်မဲ ရှိသူသည်တိုင်အောင် သူ၏ ရှေ့နေ့များက ဥရောပ လူ့အခွင့်အရေးဆိုင်ရာတရာရုံးသို့ အသနားခံစာ ခဲ့သည်။ သို့သော် ဘာလုစ်ကိုနီ၏ ပါတီကိုယ်တိုင်ကပင် သူ၏ ပြစ်ဒဏ်များအတွက် အတည်ပြုချက် ပေးထားခဲ့သည်။

သူ၏ သီးခြားအမှုများအတွက်ကို သီးခြားရုံတော်များက စီချက်အသီးသီး ချမှတ်ရန် ကျန်ရှိနေသေးသည်။

Ref: Reuters
The Myanma Age

No comments: