Monday, October 21, 2013
ရှန်ဟိုင်းရုံးတော်က တရုတ်လင်းမယားကို မိမိ၏ ရင်သွေးအား အွန်လိုင်းမှတဆင့်ရောင်းချသဖြင့် လူကုန် ကူးမှု ဥပဒေအရ ဖမ်းဆီးလိုက်ကြောင်း ရှန်ဟိုင်းနေ့စဉ်ထုတ် Jiefang သတင်းစာတွင် ရေးသားထားသည်။
အောက်တိုဘာ ၁၈ရက် ရက်စွဲဖြင့် ထုတ်ဝေသည့် ယင်းသတင်းစာတွင် Mr. Teng နှင့် Ms. Zhang ဟု အမည်ပါသော ထိုတရုတ်လင်မယားသည် iPhone အပါအ၀င် အခြားပစ္စည်းများ ၀ယ်ယူရန် သူတို့၏ သမီးငယ်ကို ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သူတို့က ငွေကြေး အကျိုးအမြတ်အတွက် မဟုတ် ဘဲ ကလေးငယ်၏ အနာဂတ် ပိုမိုတည်ငြိမ်ရန် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြန်လည်ချေပလျှက် ရှိသည်။
သို့သော်လည်း စစ်ဆေးသည့်အခါ iPhone နှင့် ဈေးကြီးသည့် ဖိနပ်များ ၀ယ်ယူထားသည့် စာရင်းများ ထွက်လာခဲ့သည်။ သူတို့ ဈေးဝယ်ထွက်ခဲ့သည့် ကုန်ကျစရိတ်ကို ကြည့်သောအခါ ဒေါ်လာ ၄၉၀၀ မှ ဒေါ် ၈၀၀၀ ကြားသုံးစွဲထားသည်ကို တွေ့ရပြန်၏။ ထိုမျှမက သူတို့၏ အိမ်နီးချင်းများကိုလည်း ကိုယ်ဝန် အကြောင်းကို လျှို့ဝှက်ထားကာ မေးသည့်အခါတိုင်း Ms . Zhang ၏ ဗိုက်တွင် အကြိတ်လုံး တစ်လုံး ရှိနေ သည်ဟုသာ လိမ်ညာပြောဆိုခဲ့ကြသည်။ သူတို့တွင် ကလေးနှစ်ယောက် ၇ှိနေပြီး ယခုကလေးသည် တတိယမြောက် ရင်သွေးဖြစ်သည်။
Mr. Teng နှင့် Ms. Zhang တို့သည် ကလေးမွေးပြီး အချိန်တိုအတွင်း ဈေးဝယ်ထွက်ကြခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ဆိုသည်။ မည်သို့ ပြစ်ဒဏ်ချမှတ်သည်ကိုမူ ယင်းသတင်းစာတွေ မဖော်ပြသေးပါ။
AFP
The Myanma Age

No comments:
Post a Comment