Monday, October 21, 2013

ရွှေတိဂုံဘုရား၌ ဗုံးခွဲရန်ကြံစည်သော်လည်း မအောင်မြင်ခဲ့ဟုဆို



Monday, October 21, 2013

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ ကုန်သယ်ကြီးများဟိုတယ်နှင့် စားသောက်ဆိုင်အချို့ တွင် ဗုံးဖောက် ခွဲရန်ကြိုးစားခဲ့သူများသည့်မြန်မာနိုင်ငံတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကြံစည်ကာ အစ္စလာဒ်ဘာသာဝင်များ၏ အစ်နေ့တွင် ရွှေတိဂုံဘုရား၌ ဗုံးဖောက်ရန်ကြံစည်ခဲ့ကြောင်း တရားခံဟု ယူဆ ရယူ (စောမြင့်လွင်)အား စစ်ဆေးစဉ် ထွက်ဆိုချက်များအရ သိရသည်။
ယင်းကဲ့သို့ ဗုံးဖောက်ခွဲရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU မြို့နယ်အဆင့် စီးပွားရေး တာဝန်ခံ စောနေတိုး (ခေါ်)စောရွှေထူးကစောမြင့်လွင်ဆိုသူအား( ငွေငါသိန်းတိတိ)ပေးခဲ့ကြောင်း တရားခံ ဟု ယူဆရသူ စောမြင့်လွင်၏ပြောကြားချက်အား KNU အဖွဲမှ CEC အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

“သူရဲ့ ပြောကြားချက်မှာတော့ ရန်ကုန်မြို့ကုန်သယ်ကြီးများ ဟိုတယ်ကို ဗုံးခွဲတဲ့အပြင်ကို အစ္စလာဒ် ဘာသာ ၀င်တွေရဲ့ အစ်နေမှာ လူမျိုးရေးပဋိပက္ခ ဖြစ်အောင်လို့ ဆိုပြီး ရွှေတိဂုံဘုရားကိုလည်း ဗုံးခွဲဖို့ လည်းကြံခဲ့သေး
တယ် ဒါပေမယ့် စောမြင့်လွင်က အဲ့လိုလုပ်ရမှာကို ကြောက်တဲ့အတွက် ဒီအကြံဟာ မအောင်မြင်ခဲ့ပါဘူး ”ဟု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU ဖဒိုမန်းငြိမ်းမောင်က တရားခံဟုယူဆရယူ စောမြင့်လွင်၏ ထွက်ဆိုချက်အား ပြောသည်။

ယခင်ကဗုံးဖောက်ခွဲမူများသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက လုပ်ဆောင်ခဲ့သော်လည်း ယခု အစိုးရလက်ထက်တွင် အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ကိစ္စများ မလုပ်တော့ ကြောင်း အထက်ပါပုဂ္ဂိုလ် ဖဒိုမန်းငြိမ်းမောင်က ဆက်လက်ပြောသည်။

“စောမြင့်လွင်ဆိုသူက အရင်က တပ်သားအဖြစ်နဲ့ မြို့ နယ်အဆင့် KNUပြည်သူစစ်အဖွဲ့ မှာ တာဝန်ထမ်း ဆောင်ဘူးပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာသူဟာ KNU အဖွဲ့ကနေပြီးတော့ ထွက်သွားပါပြီ ကျွန်တော်တို့ တပ်မှာ တာဝန်မထမ်းဆောင်တော့ပါဘူး။ KNUမြို့နယ်အဆင့်စီးပွားရေးတာဝန်ခံ စောနေတိုး(ခေါ်)စောရွှေထူး ဟာလည်း သူဆန္ဒနဲ့သူ လုပ်တာပါ။ ကျွန်တော်တို့  KNU ဗဟိုအဖွဲနဲ့  ဘာမှမဆိုင်ပါဘူး အစိုးရက ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ အခါမှာကျွန်တို့ အနေနဲ့ သိက္ခာရှိရှိနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို သွားမှာပါ ”ဟု ဖဒိုမန်းငြိမ်းမောင်က ထပ်လောင်း ပြောဆိုသည်။

ရန်ကုန်မြို့ ကုန်သယ်ကြီးများ ဟိုတယ်၊ စားသောက်ဆိုင် အချို့ နှင့်ရွှေတိဂုံဘုရားတွင် ဗုံးဖောက်ခွဲရန် စောနေ တိုး(ခေါ်)စောရွှေထူးကစောမြင့်လွင် ဆိုသူအား (ငွေငါသိန်းတိတိ) ပေးခဲ့သော်လည်း၎င်း တို့နှစ်နောက်တွင် ကြိုး ကိုင်ချယ်လှယ်သူများ ရှိနေသေးကြောင်း ဖဒိုမန်းငြိမ်းမောင်က သုံးသပ် ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU အနေဖြင့် ဗုံးပေါက်ကွဲမှု ကိစ္စများကြောင့် ဒဏ်ရာရရှိသူများနှင့် မိဘပြည်သူများအား အနူးအညွှတ်တောင်းပန်ကြောင်း KNU ဗဟိုအနေဖြင့် ဗုံးပေါက်ကွဲရန် ကြံစည်ခဲ့ သူများနှင့် နောက်ကွယ်မှကြိုးကိုင်ချယ်လှယ်သူများအား ဖော်ထုတ်ကာ ထိထိရောက်ရောက် အရေးယူ သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU ကသဘောထားထုတ်ပြန်သည်။

နှင်းနွယ်
The Myanma Age

No comments: