Monday, October 21, 2013
နိုက်ဂျီးရီးယားမှ အရှေ့မြောက်ပိုင်းတွင် အစ္စလာမ္မစ်လက်နက်ကိုင်များနှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း ထောင်ပေါင်း များစွာသော အထိန်းသိမ်းခံရသူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ကြုံတွေ့နေ ရသည်။ ယခုအချိန်တွင် သေဆုံးသူများစွာ သဂြိုဟ်ပေးရသည့် ဆေးရုံတစ်ရုံတစ်ရုံတည်းမှ ရရှိသည့် စစ်တမ်းအရပင်လျှင် အလွန်များပြားလျှက်ရှိသည်။ စစ်တမ်း ပထမဆုံး ကောက်ယူခဲ့သည့် ဇူလိုင်လ၏ အမြင့်ဆုံး သေဆုံးရမထက် သုံးဆမျှ ကျော်လွန်လာ သည်ကို တွေ့ရသည်။
ဖော်ပြပါပုံသည် Amnesty Internation မှပေးပို့ပြီး ၂၀၁၃ခုနှစ် ဧပြီလ ၁၉ရက်ဟု ရက်စွဲတပ်ထားသည်။ ပုံတွင် တွေ့ရသူများမှာ နိုက်ဂျီးယား လုံခြုံရေးတပ်သားများ သို့တည်းမဟုတ် Boko Haram အကြမ်းဖက်
ကွန်ယက် တပ်ဖွဲ့ဝင်များဟူ၍ မရေမရာ ဖော်ပြထားနိုင်ခဲ့သည်။ အေပီ သတင်းဌာန၏ မှတ်တမ်းအရ ဂျူလိုင် ၅ရက်မှ အောက်တိုဘာ ၅ရက်အထိ အသတ်ခံရသူပေါင်းမှာ ထောင်ကဏန်းနှင့်ချီ၍ှ ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်တမ်းကောက်ယူနိုင်သည့် နေရာမှာ Boko Haram အဖွဲ့ပေါ်ထွက်ရာ Maiduguri မြို့ ဆန်နီအာဘ်ချာ အထူးကုပညာတော်သင် ဆေးရုံတစ်ရုံတည်းကဖြစ်သည်။ Boko Haram အဓိပ္ပါယ်မှာ အနောက်တိုင်း ပညာကို ခွင့်မပြု ဟူ၍ အကြမ်းဖျဉ်း ထွက်သည်။
ယင်းဒေသတွင် မွတ်စလင်များနှင့် ခရစ်ယာန်တို့ ရောထွေးစွာနေထိုင်လျှက်ရှိပြီး အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးမှုကို အမြစ်ပါမကျန်အောင် ဖယ်၇ှားမည်ဟူသော အကြောင်းပြချက်ဖြင့် တိုက်ပွဲများ၊ သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ပြည်နယ်တွင် အရေးပေါ်အခြေအနေ မကြေညာမီ မေလ ၁၄ရက်က ဆေးရုံသို့ လက်နက်ကိုင် တပ်ဖွဲ့မှ အလောင်း ၃၈၀ အထိ လွှဲပြောင်းပေးပို့ခဲ့သည်။ နောက်ထပ် ရက်ပေါင်း ၃၀ အကြာတွင်မူ အရေအတွက်မှာ ၁၃၂၁ အထိ မြင့်တက်လာခဲ့သည်။
ပြီးခဲ့သောဇွန်လကမူ ၁၇၉၅ အထိအမြင့်ဆုံးဖြစ်လာသည်။ အလောင်းများပေးပို့ရာတွင် လက်နက်ကိုင် တပ်ဖွဲ့မှ စောင့်ကြပ်သယ်ဆောင်လာလေ့ရှိကြောင်း မျက်မြင်သက်သေများစွာက အေပီသို့ ပြောပြကြသည်။ နိုက်ဂျီးယား အစိုးရနှင့် လက်ကိုင်တပ်ဖွဲ့များက သေဆုံးမှု ကိန်းကဏန်းအပေါ် တရားဝင် ထင်မြင်ချက်ပေးရန် ငြင်းဆန်လျက်ရှိသည်။
Ref: AP
The Myanma Age

No comments:
Post a Comment