Sunday, 06 October 2013
နံဘေးမှကြည့်လျှင် မြွေတစ်ကောင်၏ အဖြောင့်ပုံစံ၊ အထက်စီးမှ ကြည့်လျှင် မြွေတစ်ကောင် သွားလာ နေ သည့်ဟန်ဖြင့် တွန့်ခေါက် တည်ရှိနေသော ထိုတောင်ကြီးတွင် သစ်ပင်သစ်တော များကို ပါးလျလျသာ မြင် နေရသည်။ ယခုအခါ အဆိုပါ တောင်ကြီး အတွင်းရှိသော သဘာဝတွင်းထွက် ပစ္စည်းများကို ထုတ်ယူရေး စီမံကိန်း လုပ်ဆောင်ရန် စိုင်းပြင်းနေမှုကြောင့် ဒေသခံများမှာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပိုမိုဖြစ်ပေါ် လာမည်ကို စိုးရိမ်လျက် ရှိကြသည်။
ယင်းတောင်ကို တီးတိန်ချင်းဘာသာ စကားဖြင့် (Gullu Mual) (မြွေခေါင်း) ဟု ခေါ်ဆိုပြီး မြန်မာ ဘာသာ ဖြင့် မြွေတောင်ဟု ခေါ်ဆိုကြသည်။ ထိုအဖိုးတန် တောင်ကြီး ဖြစ်သော မြွေတောင်သည် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်း တည်ရှိပြီး အလျားအနံ တစ်မိုင်ပတ်လည် (ဧကငါးရာ)ခန့် ရှိသည်။
“ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဒီတောင်ကြီးက သစ်တောတွေနဲ့ စိမ်းစိုလို့။ အခုတော့ မြင်တဲ့အတိုင်း သစ်တောဆိုတာ အမည်ခံလောက်ပဲ ကျန်တော့တယ်” ဟု မြွေတောင်ခြေရင်းရှိ ပျဉ်းတောဦး ကျေးရွာတွင် နေထိုင်သူ အသက် (၅၂) နှစ်အရွယ်ရှိ ဦးခွဲယာက မြွေတောင်ကို လက်ညှိုးထိုးကာ ပြောဆိုသည်။
အဆိုပါ သစ်တောများမှာ သုံးမိုင်ခန့် ဝေးကွာသော တောင်ခြေကျေးရွာများ အနီးထိရှိပြီး အစိုးရနှင့် ပုဂ္ဂလိ က သစ်ထုတ်ယူမှု များကြောင့် ယခုကဲ့သို့ တောင်ကတုံးသာသာ ကျန်ရစ်တော့ခြင်း ဖြစ်ကြောင်း ၎င်းကဆ က်လက် ပြောကြားသည်။
မြွေတောင် ခြေရင်းတွင် တောင်ကို အမှီပြုကာ နေထိုင်သော ကျေးရွာ ၁၅ ရွာ ရှိသည်။ ချင်းပြည်နယ် အ တွင်း ဇိုနွမ်းဇန်၊ ကိမ်းလိုင်နှင့် ဇိုဇန်ကျေးရွာတို့ ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပျဉ်းတောဦး၊ ချင်းစု၊ မြစိမ်း၊ မြလင်း၊ ကျောက်ချပ်၊ ဟင်းပုပ်၊ နန်းကျစ်ဆောင်၊ အောင်ရွာ၊ ညောင်ကုန်း၊ မြောက်ချောတော၊ လက် ပံ ချောင်း၊ ရှုခင်းသာ စသောကျေးရွာ ၁၂ ရွာ ပါဝင်ကြကာ အဆိုပါ ကျေးရွာတို့မှ ဒေသခံများမှာ မြွေတော င်ခြေတွင် တောင်ယာ လုပ်ကိုင်ကြသူများ ရှိသည်။
တောင်ခြေတွင် နတ်တံခါးချောင်းက စီးဆင်းကာ ယင်းချောင်းရေကို လယ်ယာ စိုက်ပျိုးရေးတွင် အသုံး ပြု ကြပြီး မိုးရာသီတွင် ရေများသော်လည်း နွေရာသီဧပြီလ ဆိုလျှင် ရေခန်းခြောက်တတ်ကြောင်း ဒေသခံတို့ က ပြောကြားသည်။ ယင်းမြွေတောင်တွင် နီကယ်၊ ခရိုမိုက်စသော သယံဇာတများ ရှိနေကြောင်း သိရပြီး ယခင်အစိုးရ လက်ထက်ကတည်းက တူးဖော်ရန် စီစဉ်ခဲ့ကြသော်လည်း အဆင်မပြေခဲ့ပေ။
၂၀၀၆ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကင်ဘိုမိုင်းနင်း (Kingbao Mining) ကုမ္ပဏီကလည်း တူးဖော်ရန် ရည်ရွယ်ပြီး တိုင်းထွာ လေ့လာမှုများ ပြုလုပ်ခဲ့ဖူးသည်။ အဆိုပါ ကုမ္ပဏီ၏ လေ့လာချက် များအရ မြွေ တောင်တွင် နီကယ်သတ္တုရိုင်း တန်ချိန် ၁၁၀ ဒသမ ၅၇ သန်းခန့်နှင့် ခရိုမိုက်တန်ချိန် ၃၈,၁၀၀ ခန့် ထွက်ရှိ နိုင်ကြောင်း သိရသည်။
ယခု တူးဖော်ရန် ပြင်ဆင်နေသည့် North Mining Investment ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် စီးပွားဖြစ် ထုတ်ယူနိုင်သော နီကယ်နှင့် သံရောရာ သတ္တုရိုင်းသိုက် သုံးခုကို ရှာဖွေ တွေ့ရှိထားပြီး ယင်းနေရာများမှ ပျမ်းမျှနီကယ် ပါဝင်မှု ၁ ဒသမ ၄ ရာခိုင်နှုန်းရှိသော သတ္တုရိုင်း စုစုပေါင်း မက်ထရစ်တန်ချိန် ၄၂,၂၁၀,၀၀၀ ခန့်ရှိပြီး သန့်စင်ပြီး နီကယ်မက်ထရစ် တန်ချိန် ၅၉၅,၀၀၀ ခန့် ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားသည်။
သတ္တုတွင်း သုံးနေရာ၊ သတ္တုသန့်စင် စက်နှစ်နေရာ။ စွန့်ပစ်ပစ္စည်းကန် နှစ်ခုတို့ဖြင့် လုပ်ကိုင်သွားမည် ဖြစ် ပြီး နှစ်စဉ် သတ္တု မက်ထရစ်တန်ချိန် ၁,၅၀၀,၀၀၀ ခန့် ကို တူးဖော်သန့်စင်ကာ နှစ်စဉ် နီကယ် ၇ ရာခိုင် နှု န်း ပါဝင်သော နီကယ်နှင့် သံရောရာ သတ္တုပျမ်းမျှ မက်ထရစ်တန်ချိန် ၁၉၃ ဒသမ ၀၁၁ ထွက်ရှိမည် ဖြစ်ပြီး သန့်စင်ပြီး နီကယ်သတ္တု နှစ်စဉ် မက်ထရစ်တန်ချိန် ၁၆,၇၈၃ ထွက်ရှိမည်ဟု ထုတ်ပြန်ချက်တွင် ခန့်မှန်း ထားသည်။
သို့သော် မြွေတောင်နီကယ် သတ္တု စီမံကိန်း ပြုလုပ်သည့်အတွက် ဒေသအတွင်း သစ်တော ပြုန်းတီးခြင်း၊ မြေဆီလွှာ ပျက်စီးနိုင်ခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ ကျန်းမာရေး ဆုတ်ယုတ်ခြင်း၊ လေထု၊ ရေထု၊ မြေထု ညစ်ညမ်းခြင်း၊ လယ်ဧက ခုနစ်သောင်းခန့် ပျက်စီးနိုင်ခြင်း၊ လယ်သိမ်းမှုများ တွေ့ကြုံ ရနိုင် ခြင်း၊ ဒေသခံများ မူလနေထိုင်ရာဒေသမှ အခြားဒေသသို့ ပြောင်းရွှေ့ ခံရနိုင်ခြင်း၊ ယင်းဒေသရှိ သက်ရှိ မျိုး စိတ်အားလုံး အန္တရာယ် ကျရောက်နိုင်ခြင်း၊ အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်၍ တောင်ကိုမှီခို၍ တော ထန်းမြစ်၊ မျှစ်၊ လျှော်၊ သက်ငယ်၊ အိမ်ဆောက်သစ်၊ ထင်း၊ ဝါး၊ မီးသွေး၊ ပရဆေးမျိုးစုံ၊ စိုက်ပျိုး သီးနှံပျက်စီး ဆုံးရှုံးနိုင်ခြင်း၊ လူမှုရေးနှင့် ပတ်သက်၍ ယဉ်ကျေးမှုဆိုင်ရာ မလိုလားအပ်သော ပြဿနာများ ရှိနိုင်ပြီး ရော ဂါမျိုးစုံ ဖြစ်ပွားနိုင်ခြင်းတို့ ကြုံတွေ့လာနိုင်ကြောင်း ယင်းစီမံကိန်း လေ့လာစောင့်ကြည့် နေသူများက သုံးသ ပ်ထားကြသည်။
မြွေတောင်တွင် သတ္တုရိုင်း ပါဝင်သော မြေသားအထူ အများဆုံး ၄၅ မီတာခန့်သာရှိပြီး ကုမ္ပဏီအနေနှင့်ေ လှကားထစ် ပုံစံဖြင့် အဆင့်ဆင့် တူးဖော်မည် ဖြစ်ကြောင်း၊ ယင်းနောက်နီကယ်နှင့် သံရောရာ သတ္တုရိုင်း များကို အဆင့်ဆင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ ဆောင်ရွက်ပြီး နောက်ဆုံး နီကယ် ၇ ရာခိုင်နှုန်းအထိ ပါဝင်သော နီကယ်နှင့် သံရောရာ သတ္တုမှုန်လေးများကို ရရှိမည် ဖြစ်ကြောင်း၊ အဆိုပါ သတ္တုမှုန်များကို ရန် ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ သယ်ဆောင်မည် ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ပြန်ချက်များအရ သိရ သ ည်။
“စီမံကိန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိဘူး မပြောဘူး။ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး ကာကွယ်ပြီး လုပ်ဆောင်မှာပါ” ဟု တရုတ်ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူ ဦးလင်းမြင့်က ဆိုသည်။
သတ္တုအား တူးဖော်ပြီး သန့်စင်ရာတွင် နည်းလမ်းနှစ်မျိုး ရှိကြောင်း၊ ပထမနည်းမှာ အက်စစ်နှင့် ဖျော်ချကာ သန့်စင်သောနည်း၊ ဒုတိယနည်းမှာ မီးအပူရှိန်ဖြင့် သန့်စင်သော နည်းတို့ဖြစ်ပြီး ယခုမြွေတောင်တွင် အသုံး ပြုမည့်နည်းမှာ ဒုတိယနည်း ဖြစ်သည်။
ရရှိလာသော ကုန်ကြမ်းများကို မီးအပူပေးမည့် မီးဖိုထဲထည့်ကာ ကျောက်မီးသွေး အမှုန့်များ ပက်ဖျန်းရမည် ဖြစ်ကြောင်း၊ ထိုအခါ မီးအပူချိန်မှာ နှစ်ဆခန့် တက်လာမည်ဖြစ်ကာ စက်ရုံမီးခိုခေါင်း တိုင်မှ မီးခိုးများ အမြဲ မပြတ် ထွက်ရှိနေမည် ဖြစ်ပြီး လေထုညစ်ညမ်းလာမည် ဖြစ်ကြောင်း၊ အက်စစ် အသုံးပြုပါက ရေထုကို ညစ် ညမ်းစေမည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာနေသူများက ထောက်ပြ ပြောဆိုသည်။
“ကလေးမြို့ရဲ့ လက်ရှိအနေအထားအရ နွေရာသီကျရင် မီးခိုးကြောင့် လေယာဉ်မဆင်းဘဲ ပြန်လှည့်ခဲ့တဲ့ အချိန်တွေရှိတယ်။ တကယ်လို့များ နီကယ်စက်ရုံက မီးခိုးတွေ ပုံမှန်ထွက်မယ်ဆိုရင် ကလေးမြို့က မီးခိုး အောက်မှာ အမြဲတမ်း နေရတော့မှာ ဖြစ်တယ်။ ကျန်းမာရေး ထိခိုက်လာမယ်။ မီးခေါင်းတိုင်ကနေ ထွက်တဲ့ မီးခိုးကြောင့် အိုဇုန်းလွှာ ပျက်စီးမှာ ဖြစ်တယ်။ အဲလိုဖြစ်ရင် ဓာတ် ရောင်ခြည်ပူလောင်မှု ဖြစ်မယ်။ ဒါက မမြ င်ရဘူး။ မမြင်ရပေမယ့် ကြောက်စရာကောင်းတယ်” ဟု တီးတိန် မဲဆန္ဒနယ် (၂)မှ ပြည်နယ်လွှတ်တော် ကို ယ်စားလှယ်၊ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ကလေးမြို့တွင် မတ်လအတွင်းက ပြုလုပ်သော လူထု တွေ့ဆုံပွဲတွင် ရှင်းပြခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်အတွက် သတ္တုရိုင်း တူးဖော်သယ်ယူခြင်း၊ သတ္တု သန့် စင် စက်ရုံများတွင် သတ္တုရိုင်းများ ကြိတ်ခွဲခြင်းကြောင့် ဆူညံသံများ၊ ဖုန်မှုန့်များ၊ ဒီဇယ်မီးခိုး များဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင် လေထုကို ထိခိုက်ညစ်ညမ်းစေမည် ဖြစ်သည့်အတွက် ရေဖျန်းပြီး သတ္တုရိုင်း တူးေ ဖ်ာခြင်း၊ ကြိတ်ခွဲစက်များတွင် ဖုန်စုပ်စက်များ တပ်ဆင်ခြင်း၊ အသံထိန်း ကိရိယာများ တပ်ဆင်ခြင်း၊ ထရပ် ကားများတွင် မီးခိုးစစ် ဆန်ခါများ တပ်ဆင်ခြင်းတို့ဖြင့် ယင်းလေထု ထိခိုက်နိုင်မှုကို ကာကွယ်မည် ဖြစ်ကြော င်း၊ သတ္တု သန့်စင်စက်ရုံ မီးဖိုများနှင့် လျှပ်စစ် ဓာတ်အားပေး စက်ရုံရှိ ဘွိုင်လာများအတွက် အပူပေးရန်ေ ကျာက်မီးသွေး လောင်စာကို အသုံးပြုသဖြင့် လေထုညစ်ညမ်းမှု ဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာ လဖာ ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များနှင့် ဖုန်မှုန့်များ ထွက်ရှိလာမည် ဖြစ်သည့်အတွက် ယင်းဓာတ်ငွေ့များ ကို ဖုန်နှင့် ဓာတ်ငွေ့စုပ် ကိရိယာ များ အသုံးပြုခြင်း၊ အပူပေးထားသော ထုံးကျောက်မှုန့်အတွင်း ဖြတ် သ န်းစေခြင်း၊ ထုံးကျောက်ရည်ဖြင့် ပက်ဖျန်းခြင်းတို့ ပြုလုပ် ကာကွယ်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။
မိုးကာလများတွင် သတ္တုတွင်းများမှ ရွှံ့ရေများ တောင်စောင်းတစ်လျှောက် စီးဆင်းပြီး အနီးပတ်ဝန်းကျင်ရှိ ချောင်းများအတွင်း စီးဝင်ခြင်းဖြင့် ပတ်ဝန်းကျင် ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ခြင်းကို သတ္တုတွင်း ဧရိယာ ပြင်ပတွင် ရွှံ့အနည်ထိုင်စေသည့် မြောင်းများ၊ ကန်များ တူးဖော်ခြင်းဖြင့် ကာကွယ် ပေးသွားမည် ဖြ စ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံတို့မှ စွန့်ပစ်သော ရေဆိုးများ၊ လူနေ အဆောက်အအုံများမှ စွန့်ပစ်သော ရေ ဆိုးများကို ပြင်ပသို့ စွန့်ပစ်ခြင်းမပြုဘဲ ဓာတုဇီဝနည်းများဖြင့် သန့်စင်အောင် ပြုပြင်၍ ပြန်လည် သုံးစွဲ သွား မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စက်တင်ဘာ လဆန်းပိုင်းက မြွေတောင်ဒေသသို့ သွားရောက် လေ့လာခဲ့ကြသော ချင်းနိုင်ငံရေး ပါတီများ ၏ တွေ့ရှိချက်တွင် စီမံကိန်း ဝန်းကျင်ရှိ ကျေးရွာများ အနေနှင့် နီကယ်သတ္တု တူးဖော်မည့် စီမံကိန်း ရှိသည် ကို သိသော်လည်း မည်သည့်ကုမ္ပဏီက လာတူးမည်ကို သေချာစွာ မသိရှိကြသေး ကြောင်း၊ မြွေတောင်ဒေ သတွင် နီကယ်အပြင် ရွှေ၊ ရွှေဖြူ၊ ခရိုမိုက်၊ ကျောက်စိမ်း၊ ယူရေနီယမ်စသည့် သယံဇာတများ ထွက် နိုင်သ ည်ဟု ပြောဆိုကြကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။
“အားလုံးနီးပါးကတော့ ဆိုးကျိုးပဲ ရှိမယ်လို့ ထောက်ပြကြတယ်။ ဖြစ်နိုင်ရင် သူတို့အနေနဲ့ တရုတ်ကုမ္ပဏီ ဆိုတာကိုလည်း သဘောမကျကြဘူး” ဟု ဦးဇိုဇမ်က ဆိုသည်။
အစိုးရ၊ ကုမ္ပဏီနှင့် ပြည်သူတို့၏ အကျိုးစီးပွားနှင့် ထိခိုက်နစ်နာမှုများကို ကာကွယ်ပေးနိုင်ရန်အတွက် သ တ္တု တူးဖော်ခွင့်ဆိုင်ရာ ဥပဒေ (Mining Act) အသစ်လည်း လိုအပ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ချင်းနိုင်ငံရေး ပါတီများနှင့် ချင်းပြည်နယ် အစိုးရ တွေ့ဆုံမှုတွင် ပြည်ထောင်စု အစိုးရနှင့် ကုမ္ပဏီတို့ သေ ဘာတူစာချုပ် မရေးထိုးနိုင်သေးကြောင်း ပြည်နယ်အစိုးရက ပြောကြားသည်။
စီမံကိန်း အကောင်အထည် ဖော်ဆောင်ဖြစ်ပါက ရရှိလာမည့် အကျိုးအမြတ်ထဲမှ ချင်းပြည်နယ် အစိုးရသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသိန်း (အကျိုးအမြတ်၏ ၂ ရာခိုင်နှုန်းမဟုတ်) ပေးသွား မည် ဖြစ်သော် လည်း ပြည်ထောင်စုအစိုးရနှင့် အကျိုးအမြတ် ခွဲဝေရေးဆိုင်ရာ ညှိနှိုင်းမှုများ မပြေလည် သေးသဖြင့် လက် မှတ် မရေးထိုးနိုင်သေးခြင်း ဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေသာ ထွက်ရှိပြီး နည်းဥပဒေ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း၊ လက်ရှိအချိန်တွင် တရားဥပဒေ စိုးမိုးမှု (The Rule of Law) အားနည်းနေသေးသည့် အ ခြေအနေ၊ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများမှ စီမံကိန်း အကြောင်း ဂဃနဏ မသိရှိသည့် အ တွက် စိုးရိမ်မှု ရှိကြောင်း၊ စီမံကိန်း အကောင်အထည် ဖော်ရန် အလျင်စလို လုပ်ဆောင်ရန်အစား အချိန်ယူ ညှိနှိုင်း ဆွေးနွေး သင့်သည်ဟု ချင်းနိုင်ငံရေး ပါတီများက မှတ်ချက်ပြုထားသည်။
“မြွေတောင်မှာ သတ္တုဖော်ထုတ်လို့ မြွေတောင် တစ်နေရာတင်ပဲ ကျင်းကြီးတွေ၊ ချိုင့်ခွက်ကြီးတွေ၊ တွင်း ကြီးတွေ ဖြစ်မှာ။ သစ်ပင်၊ တောတောင်တွေ ပျက်စီးမှာ မဟုတ်ဘူး။ အဲဒီကနေ စွန့်ပစ်လိုက်တဲ့ မြေစာ တွေ က ဓာတုပစ္စည်းတွေနဲ့အတူ ရောနှောပြီး ပါဝင်နေတဲ့အတွက် အဲဒီကနေ ယိုစိမ့်ကျလာတဲ့ ရေတွေဟာ စိုက် ပျိုးမြေထဲကို စီးကျလာတဲ့အခါမှာ လယ်ယာမြေတွေဟာ စိုက်ပျိုးလို့မရ ဒုက္ခရောက်နိုင်ပါတယ်” ဟု ချင်း တောင်ဒေသ သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့မှ နာယက ဆရာတော် ဦးဓမ္မိက (နေသာ) က သုံးသပ်မိန့်ကြားသည်။
သတ္တုတူးဖော် ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေစဉ် ဒုတိယနှစ်မှစ၍ တူးဖော်ခဲ့သည့် နေရာများတွင် ပြ ည်တွင်းပြည်ပ ဈေးကွက်ဝင် သီးနှံစားသုံးပင်များ စိုက်ပျိုးနိုင်ရန် မြေသား ပြုပြင်ပေးခြင်း၊ နည်းပညာ ဖြ ည့်ဆည်းပေးခြင်း၊ စိုက်ပျိုးသူများအား စိုက်ပျိုးနေစဉ် လစာပေးခြင်း၊ ဖြစ်ထွန်းလာသော စားသုံးသီးနှံများ ရောင်းချနိုင်ရန် ဈေးကွက် ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သဖြင့် မူလမြေလွတ် မြေ ရိုင်း များတွင် သာယာလှပသော စိုက်ပျိုးခင်းများ ဖြစ်ပေါ်လာပြီး ဒေသခံ တောင်ယာလုပ်ငန်း ဆောင်ရွက် သူ များ၏ ဝင်ငွေ တိုးတက်လာမည် ဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောဆိုထားသည်။
“သယံဇာတဆိုတာ ဘုရားသခင်ပေးတဲ့ ကောင်းချီးမင်္ဂလာ၊ ဆုလာဘ် တစ်ပါးပါ။ ဒါပေမဲ့ စီမံခန့်ခွဲမှု မကော င်းတဲ့အခါ ကျိန်စာ ဖြစ်နိုင်ပါတယ်” ဟု လက်ပံချောင်းကျေးရွာမှ ကိုဂျစ်စီက မြွေတောင်နှင့် ပတ်သက်၍ သူ့ အမြင်ကို ပြောသည်။
ချင်းပြည်နယ် အစိုးရအနေနှင့် အခြားဝင်ငွေများ မရှိသည့်အတွက် ပြည်နယ် အသုံးစရိတ်ကို သယံဇာတ များ တူးဖော်ခြင်းမှ ရရှိနိုင်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က တီးတိန်မြို့တွင် ဧပြီလ အတွင်းက ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြောဆိုထားသည်။
“အခု ရာသီဥတုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကထက် သိသိသာသာ ပြောင်းလဲလာခဲ့တယ်။ မြွေတောင် ကို စတင်လုပ်ဆောင် ဖြစ်ပြီဆိုရင် ဒီလို ပတ်ဝန်းကျင် ပြောင်းလဲမှုတွေကို မကာကွယ်နိုင်ရင် ဒီထက်ပိုဆိုး လာမှာ အသေအချာပဲ” ဟု စက်တင်ဘာလ နှောင်းပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် တောင်ကျ ချောင်းရေများ တစ်ဟုန်ထိုး ကျဆင်းပြီး နတ်တံခါးချောင်းကို ဖြတ်ကာ ဆောက်လုပ်ထားသော တံတား ကျိုး ခဲ့သည်ကို ရည်ရွယ်ပြီး ပျဉ်းတောဦးကျေးရွာ အုပ်ချုပ်ရေးမှူး လည်း ဖြစ်သူ ဦးခွဲယန်က ပြောဆိုသည်။
စီမံကိန်းတစ်ခုသည် ဒေသခံအတွက် အကျိုးမရှိလျှင်သော် လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခို က်မည် ဆိုလျှင်သော် လည်းကောင်း မပြုလုပ်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ပြောကြားထားသည်။ ပြည်နယ် အစိုးရမှလည်း ဒေသခံများ သဘောတူညီမှု မရှိ လျှင် စီမံကိန်း မပြုလုပ်ရန် ပြောဆိုထားသည်။
သယံဇာတများကို ထုတ်ယူ သုံးစွဲရာတွင် ယင်းဒေသရှိ ဒေသခံများ၏ အကျိုး စီးပွား၊ ပတ်ဝန်းကျင် ပျက်စီး ယိုယွင်းမှုများကို အဓိက ထည့်သွင်း စဉ်းစားပြီးမှသာ လုပ်ဆောင်ရမည် ဖြစ်သည်။ ယင်းအပြင် စီမံကိန်း ကောင်းကျိုးများကိုသာ ရှင်းမပြဘဲ ဆိုးကျိုးများကိုပါ တွက်ဆကာမည်သို့ ကာကွယ် လုပ်ဆောင်မည်ကို ဒေ သခံများ နားလည်အောင် ဒေသသုံး ဘာသာစကားများဖြင့် ရှင်းပြရမည် ဖြစ်သည်။ အစိုးရ၊ ကုမ္ပဏီ၊ ဒေသ ခံတို့ သုံးဦးသုံးဖလှယ် အကျိုးရှိသော စီမံကိန်းများဖြစ်ရေး အဖြေ ထွက်အောင် တွက်ရမည့် ပုစ္ဆာများ မြွေေ တာင် စီမံကိန်း အပါအဝင် စီမံကိန်း အများအပြား ရှိနေသည်။
ထို့အတူ လက်ရှိတွင် မြွေတောင် စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရနှင့်လည်း စာချုပ် မချုပ်ဆို နိုင်သေးသည့် အချိန် ဒေသခံများမှာ မြွေတောင်ပုစ္ဆာ အဖြေ မည်သို့ ထွက်မည်ကို စောင့်ကြည့်လျက် ရှိကြ သည်။
The Voice Weekly

No comments:
Post a Comment