Saturday, 05 October 2013
နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် လျာထားစာရင်းမှာ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း ပါဝင်နေပါတယ်။
နော်ဝေ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ရွေးချယ်ရမယ့် ဒီနှစ် စာရင်းမှာ လူ ပုဂ္ဂိုလ်အေနနဲ့ ၂၀၉ ဦးပါဝင်ပြီး အဖွဲ့အစည်း ၅၀ ပါဝင်ပါတယ်။
အော်စလို နိုဘယ်လ်သုတေသန အင်စတီကျုရဲ့ ညွှန်ကြားရေးမှူး ခရစ်စတင်း ဘာ့ဂ် ဟာ့ပ်ဗီကန်က သမ္မတ ဦးသိန်းစိန်ဟာ မနှစ်တုန်းက သူ့အြကိုက်ဆုံး စာရင်းထဲမှာ ထိပ် ဆုံးက ပါနေပမယ့် ဒီနှစ်မှာတော့ မပါတော့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ဆု ရသွားနိုင် တ ယ်လို့ ပြောပါတယ်။
“မနှစ်တုန်းက သမ္မတ ဦးသိန်းစိန်ကို ထိပ်ဆုံးက ကျေနာ် လျာထားခဲ့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျေနာ့် လျာထား စာရင်းထဲမှာ မပါတော့ဘူး။ မြန်မာပြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့်ပါ။ ဒါပေမယ့် အလားအလာ အေကာင်းဆုံး ငြိမ်းချမ်းရေး လုပ်ငန်း စဉ် တခုကို ပေးမယ်ဆိုရင်တော့ ဦးသိန်းစိန်လည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်သွားနိုင်ပါတယ်။”
ဒီနှစ်အတွက် ဆုရနိုင်ချေ အရှိဆုံးလို့ သူ ခန့်မှန်းတာကေတာ့ ပါကစ္စတန်က အမျိုးသမီးတွေရဲ့ ပညာရေးအ တွက် တိုက်ပွဲဝင်သူ အစွန်းရောက်ဝါဒကို အန်တုတိုက်ခိုက်တဲ့ အသက် ၁၆ နှစ်အရွယ် မာလာလာ ယူဆွဖ် ဆေးလို့ ပြောပါတယ်။
နောက်ထပ်နှစ်ယောက်ကေတာ့ ရုရှား လူ့အခွင့်အေရး လှုပ်ရှားသူ အစိုးရအတိုက် အခံ လိုက်ဒမိုက်လာ အဲလက်ဇိုက်ဘာ၊ ရုရှားက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် လစ်လီ ယာ ရှီဗာနိုဘာ တို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီနှစ် နိုဘယ်လ်ဆုအတွက် စကားတင်စာရင်းမှာ ပါဝင်နေတ ယ်ဆိုပြီး နာမည်ထွက်နေသူတွေထဲမှာ အာဖဂန် နစ္စတန်က အမျိုးသမီးဆရာဝန် ပထမဆုံး အမျိုးသမီး ၀န် ကြီး စီမာ ဆန်းမာ၊ အေမရိကန် လူမျိုး အြကမ်းမဖက်နိုင်ငံရေး အန်တုမှု နည်းနာတွေကို စနစ်တကျ ဖော်ထု တ်ခဲ့သူ၊ အာရတ်နွေဦးလူထု လှုပ်ရှားမှု နည်းနာတွေရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ ချီးကျူးခံရသူ ပါမောက္ခ ဂျင်း ရှပ်၊ အိုင်ယာလန် ၀န်ကြီးချုပ်ဟောင်း မာရီ ရိုဘင်ဆင်၊ လူမှု ကွန်ရက် ဖေ့ဘုတ်ခ်၊ အေမရိကန် ထောက် လှ မ်းရေး သတင်းအချက်တွေကို ဖော်ထုတ်ခဲ့တဲ့ အတ်ဒ၀ပ် စနိုးဒင်း၊ အေမရိကန် သမ္မတေဟာင်း ဘေးကလင် တန်၊ ကုလသမဂ္ဂ အေထွေထွအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ တီဘက်အေရးနဲ့ပတ်သက်လို့ တရုတ်အစိုးရ ပေါ်လစီတွေကို ဝေဖန်တဲ့ တရုတ်အတိုက်အခံ ဟူဂျီယာတို့ ပါဝင်နေပါတယ်။
မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ အသက် ၆၈ နှစ်အရွယ် ဗိုလ်ချုပ်ကြီးေ ဟာင်း လက်ရှိ သမ္မတ ဦးသိန်းစိန်ဟာ အများက ထင်မှတ်မထားတဲ့ ပြုပြင်ပြောင်းလဲရေးသမားတေယာက်ေ အနနဲ့ ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်ချက်တွေ၊ စစ်အစိုးရလက်အောက်မှာ ဆယ်စုနှစ် ၅ ခုစာလောက် ရှိခဲ့တဲ့ စီးပွား ရေးကို ပြုပြင်ပြောင်းလဲတဲ့ ဆောင်ရွက်ချက်တွေကြာင့် သတိနဲ့ ချီးမွှမ်းတာတွေကို ခံရသူဖြစ်ပါတယ်။
အာ ရှမှာ ဒုတိယအဆင်းရဲဆုံး တိုင်းပြည်ဖြစ်တဲ့ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် နေသူလည်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ကုလသမဂ္ဂ မိန့်ခွန်းမှာ သမ္ဂတ ဦးသိန်းစိန်က မြန်မာပြည် ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်မ လှည့်ဖို့ဆိုရင် တည်ငြိမ်ရေးနဲ့ တရားဥပေဒ စိုးမိုးရေး လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
သမ္မတ ဦး သိန်းစိန်ရဲ့ အရပ်သားတပိုင်း အစိုးရအဖွဲ့ဟာ ၂၀၁၁ ခုနှစ် မတ်လမှာ အာဏာယူပြီး နှစ်ပေါင်း ၅၀ ကြာ တို က်ရိုက် စစ်အုပ်ချုပ်ရေး စနစ်လည်း အဆုံးသတ်သွားပါတယ်။
အဲဒီနောက်ပိုင်း မြန်မာပြည်မှာ စီးပွားရေး ပြု ပြင်ပြောင်းလဲမှု၊ မီဒီယာ လွတ်လပ်မှုနဲ့ အလုပ်သမား သမဂ္ဂေတွ တရားဝင်ဖွဲ့စည်းခွင့်တွေကို ခွင့်ပြု လာပါ တယ်။
အေမရိကန် ပြည်ထောင်စုကလည်း သမ္မတနဲ့ စီးပွားရေး ပြန်ဆက်ဆံလာပြီး ၂၀၁၁ ခုနှစ်မှာ နှစ်ေ ပါင်း ၅၀ ကျော်ကြာအတွင်း ပထမဆုံး အြဖစ် အေမရိကန် နိုင်ငံ ခြားရေးဝန်ကြီးကို မြန်မာပြည် စေလွှတ် ခဲ့ ပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုကိုတော့ အောက်တိုဘာ ၁၁ ရက်နေ့မှာ တရားဝင်ကြေညာဖို့ ရှိပါတ ယ်။
DVB TV News

No comments:
Post a Comment