Monday, October 21, 2013
ကွယ်လွန်သူ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ ဈာပနမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းတင် နဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း အမှတ်မထင်တွေ့ခဲ့ကြတယ်။
ဒါပေမယ့် အွန်လိုင်း သတင်းတချို့မှာ ဘာဘာညာညာတွေ ပြောဆိုငြင်းခုန်နေတာကြောင့် NLD မင်္ဂလာတောင်ညွှန် မြို့နယ် လွှတ်တော်အမတ် မဖြူဖြူသင်းက သူ့ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို ရှင်းပြထား ပါတယ်။
အဘ ဦးဝင်းတင်နဲ့ ဦးခင်ညွန့် ကိစ္စ
အခုတလောပြန့်နှံ့နေတဲ့အဘနဲ့ ဗိုလ်ခင်ညွန့်ကိစ္စ အဘဦးဝင်းတင်ကို မနေ့က ကန်တော့ရင်းမေးဖြစ်ပါတယ်၊ အဘပြောတာတွေဈ မူရင်းတိုင်းပြန်တင်ပေးလိုက်ပါတယ်.
`မဆိုင်ဘူးကွ၊ ငါ့ ဖာသာငါ အာအက်ဖ်အေရုံးကို ခဏသွားတယ်၊ပြီးတော့ သခင်သိန်းမောင်အိမ်ဝင်တယ်၊ ပြီးမှ ဂါးဒီးယန်းဦးစိန်ဝင်း မိသားစုကို သတင်းသွားမေးတာ၊ လူတွေအထဲက ကြမ်းပြင်ပေါ်ထိုင်နေတယ်။ ငါကကြမ်းပေါ်ထိုင်ပြီး အထခက်လို့အပြင်ဆင်ဝင်အောက် ထိုင်နေတာ၊ အရင်ကတည်းကလည်း ဦးစိန်ဝင်းက ဆင်ဝင်အောက်မှာ အလုပ်လုပ်တယ်စကားပြောတယ်။ ငါတို့သွားလည်း အဲ့ဒီအောက်ထိုင်ဖြစ်တာပဲ။
ဦးစိန်ဝင်းကိုယ်တိုင်ကလည်း အဲ့နေရာကိုကြိုက်တယ် ပေါ့ပေါ့ပါးပါးပေါ့ကွာ၊ အဲ့ဒီနေ့ကလည်းငါက မအေး အေးဝင်းနဲ့ စကားပြောနေတာ အထဲကြမ်းပေါ်တော့ လူတွေထိုင်နေတာတွေ့ပါတယ်အထဲက လူတစ်ယောက် ထွက်လာပြီး ငါ့ကို ဆရာကြီး ဆိုလို့ငါ့မော့ကြည့်တယ် သူက သူ့ဟာသူ မိတ်ဆက်တယ် သူ့ကိုငါကမသိဘူး ဒီဗိုလ်ခင်ညွန့်ကို အပြင်မှာလည်း မမြင်ဖူးဘူး (အဘကလည်း ဒီလောက်နာမည်ကြီးတာကို မသိဘူးလားလို့ မဇင်မာအောင်က အရွှန်းဖောက်ပါတယ်) မသိဘူးသူ့ကိုအပြင်မှာ ဒီလိုသွေးနဲ့ ကိုယ်သားနဲ့ ကိုယ်မမြင်ဖူးဘူး သိလည်းမသိဘူး သူပြောတာတော့စုံနေတာပေါ့ကွာ အတော်လေးလည်း အာသွက် လျှာသွက်ကွ(ရန်ကုန် တိုင်းဥက္ကဌဦးမြင့်ဌေးက ဦးခင်ညွန့်ကျောက်တန်း အခြေပြုနိုင်ငံရေး လုပ်မယ်ကြားတယ် အဘလို့ ၀င်ပြော ပါတယ်)လုပ်မှာပေါ့ သူနဂိုနိုင်ငံရေး ၀ါသနာပါတာကိုး လူထုစည်းရုံးရေးတွေလည်း လုပ်ဖူးတယ်၊ လူတွေ လက်အုပ်ချီတာ သူကစတယ်ငါထင်တယ် မသေချာဘူး၊
တွေ့တော့သူကပြောတာက အယင်ဟာတွေလည်း စိတ်ထဲမထားပါနဲ့၊ဆရာကြီးတို့လိုလူတွေတိုင်းပြည်မှာ လိုအပ်တယ် ဒီလိုအတွေ့ကြုံများတဲ့သူတွေ တိုင်းပြည်မှာလိုတယ် ဆရာကြီး အသက် ဘယ်လောက်လည်း
မေးတော့ ရှစ်ဆယ့်လေး ဆိုတော့ ကျနော်က ခုနှစ်ဆယ့်ငါးပါဆရာကြီးကကျနော့်ထက် ကိုးနှစ်ကြီးတယ် ဆိုပြီး မတ်တပ်ပဲ လက်အုပ်ချီတာပါ ထိုင်မကန်တော့ပါဘူး သူ့ကိုခွင့်လွှတ်ပါဘာညာလည်း မပြောပါဘူး ငါလည်းလမ်းကျတော့ အဖော်တစ်ယောက်ကို ပြောတယ် ဒီလူတွေနောင်တ မရဘူး ..
ငါ့ကိုသီးခြားတောင်းပန်ရမယ်မပြောဘူး ဒါပေမယ့်ဒီလူတွေတိုင်းပြည်ကိုဝန်ချဖို့ကောင်းတယ် သူတို့လုပ် ခဲ့တာ တွေဟာ အလွန်အကျွှံတွေချည်းပဲ သူတို့ဟာ ဒီလိုပဲ ဟိုပြောဒီပြောနဲ့အပြစ်မဲ့သလို နေနေမယ် ဆိုရင် အစဉ်လာဆိုးဟာ အမြဲတည် တော့မယ်၊ သူတို့ကိုယ်တိုင်လည်း အပြစ်သားတွေအဖြစ် ဆုံးပါးရလိမ့်မယ် ဒီလောက်ပါပဲ လို့ အဘကရှင်းပြခဲ့ပါတယ်
ဒီလောက်ဆို အဘနဲ့ဗိုလ်ခင်ညွန့် ဘာမှ မပတ်သက်သလို ဘာမှလည်း ပြောဆိုတာ မရှိဘူးလို့ ရှင်းလောက် ပါတယ် …
ဧရာဝတီblog

No comments:
Post a Comment