Monday, October 21, 2013

သြစတြေးလျမှာ HIV ပိုး ကူးစက်သူ ဦးရေ တိုးလာ


Monday, October 21, 2013

သြစတြေးလျနိုင်ငံတ၀ှမ်းမှာ ​၂၀၁၂ ​ခုနှစ်အတွင်း ​အိတ်ဂ်ျအိုင်ဗီ ​ရောဂါပိုးကူးစက်ခံရသူပေါင်း ​၁၀ ရာခိုင် နှုန်းလောက် ​တိုးမြှင့်လာတယ်လို့ ​ဒီနေ့ထုတ် ​အစီရင်ခံစာသစ်တခုမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ​လူပေါင်း ​၁၂၅၃ ​ယောက် ​လောက် ​အိတ်ဂ်ျအိုင်ဗီရောဂါပိုး ​ကူးစက်ခံရသူ ​ရှိတယ်လို့ ​အစီရင် ခံစာသစ်ထဲမှာ ​ဖော်ပြထားပါတယ်။ ​အခုအရေအတွက်ဟာ ​နှစ်ပေါင်း ​၂၀အတွင်း ​အများဆုံးဖြစ်တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျနိုင်ငံက ​အေအိုင်ဒီစက် ​အဖွဲ့အစည်းတွေရဲ့အဆိုအရ ​အိတ်ဂ်ျအိုင်ဗီရောဂါပိုး ​ကူးစက် ​ခံရသူတွေ အများစုဟာ ​လိင်တူဆက်ဆံတဲ့ ​အမျိုးသားတွေမှာဖြစ်တာများတယ်လို့ ​ပြောပါတယ်။ ​အထူးသဖြင့် ​အသက် ​၂၅နှစ်အောက် ​အမျိုးသားတွေမှာ ​ပိုမိုဖြစ်ကြတယ်လို့ ​ဆိုပါတယ်။

ရောဂါပိုးကူးစက်မှုတွေများလာတာကြောင့် ​ကွန်ဒိုအသုံးပြုမှုနဲ့ ​အိတ်ဂ်ျအိုင်ဗီ ​ဆေးစစ်မှုတွေ ​ပိုမိုလုပ်ဆောင် ကြဖို့အတွက် ​လိင်ဆက်ဆံတဲ့သူတွေကို ​တိုက်တွန်းဖို့ ​နည်းလမ်းသစ်တွေလို ​အပ်တယ်လို့ ​Australian ​Federation ​of ​AIDS ​Organisations ​အဖွဲ့က ​အကြီးအကဲ ​Rob ​Lake ​ကပြောပါတယ်။

ABC

No comments: