Monday, October 21, 2013
ဆီးရီးယားနိုင်ငံ Hama မြို့မှာ မနေ့က အသေခံဗုံးဖေါက်ခွဲမှုတခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၃၀ လောက် သေဆုံးခဲ့ပြီးတော့ လူအမြောက်အများလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဆိုပါ အသေခံဗုံးဖောက်ခွဲရေးသမားဟာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ကားကို မောင်းနှင် လာတာဖြစ်ပြီးတော့ စစ်တပ် စစ်ဆေးရေးဂိတ်အနီးတခုမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ လက်နက်ကိုင် သူပုန်အဖွဲ့တွေရဲ့ လုပ်ချက် ဖြစ်တယ်ဆိုတာ ပိုမို သက်သေပြနေ တာဖြစ်တယ်လို့ ဆီးရီးယား အစိုးရဖက်ကပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာနဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆီးရီးယား အစိုးရပိုင် သတင်းမီဒီယာမှာ အကျယ်တ၀င့် ဖော်ပြခဲ့ပါတယ်။
အခုဗုံးပေါက်ကွဲမှုဟာ Jihadist သူပုန်အဖွဲ့တွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီဗုံးပေါက် ကွဲမှုဟာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ဆီးရီးယား အတိုက်အခံ ဖက်ကပြော ပါတယ်။ ပေါက်ကွဲမှုကြောင့် စစ်သား ၁၆ဦးလည်းသေဆုံးခဲ့ပါတယ်။
အခုဆိုရင် ပေါက်ကွဲမှုဖြစ်ခဲ့မြို့နဲ့ နေရာအနီးတ၀ိုက်တွေမှာ ဆီးရီးယားအစိုးရက ပြန်လည် ထိမ်းသိမ်းနိုင်ပြီးလို့တော့ အစိုးရဖက်ကပြောပါတယ်။
ဆီးရီးယား အရေးကိစ္စနဲ့ပတ်သက်ပြီး လာမယ့် နိုဝင်ဘာလ ၂၃ရက်နေ့ကျရင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ကနေဦးဆောင်ပြီးတော့ ဂျနီဗာမြို့မှာ နိုင်ငံတကာဆွေးနွေး ပွဲပြုလုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
ABC

No comments:
Post a Comment