Wednesday, October 9, 2013
နေရပ်သို့ ပြန်ရန် အခက်အခဲဖြစ်နေသော မလေးရှား ပြန်လုပ်သား( ၄၁ )ဦးကို အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့်ဒုက္ခသည် ကူညီထောက်ပံ့ရေး ကော်မတီမှ ဒေါက်တာ ခင်ရွှေက သူ၏ ကိုယ်ပိုင် ငွေကြေး ဖြင့် စားရိတ်ငြိမ်း ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
"အဆိုပါလုပ်သား ( ၄၁ )ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ရန်အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့်ပူးပေါင်း၍ လိုအပ် သည့်ငွေကြေး အထောက်အပံ့များ ပေးသွားမည်ဖြစ်သည်။
နေရပ်သို့ပြန်ရန်အခက်အခဲ ဖြစ်နေသူ ( ၄၆ )ဦး တွင် ၃ ဦးမှာရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး ၊ ၂ ဦးမှာ ၄င်းတို့ အစီအစဉ်ဖြင့် ထွက်ခွာသွားခြင်းဖြစ်ပြီး ကျန် ( ၄၁ )ဦးမှာ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်မှ တိုင်းရင်းသားများ ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ မမာမာဦးကပြောသည်။
"သူတို့တွေ ရဲ့လုံခြုံရေးက ရှိသေးတော့ ပြည်ထဲရေး ဌာနကိုတော့ စာတွေပို့ထားပြီးပြီ တချို့က မှတ်ပုံတင် လည်းမရှိတော့ အခက်အခဲရှိတာပေါ့ အားလုံးအဆင်ပြေအောင်ဆောင်ရွက်သွားမယ်"ဟု ၄င်းက ဆက်ပြောသည်။
အဆိုပါ လုပ်သား( ၄၁ )ဦးအား နေရပ်သို့မပြန်မီနေထိုင်ရန်အတွက် သင်္ဃန်းကျွန်းမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက်တွင် ထားရှိသွားမည်ဖြစ်သည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal

No comments:
Post a Comment