Wednesday, October 09, 2013

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားအမည်ကို "အောင်ဆန်း" ဟု ပေးရန်ဒေါ်အောင်ဆန်းစု ကြည် တည်ပြုဆုံးဖြတ်ပေးခဲ့


Wednesday, October 9, 2013 
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကား ၏အမည်ကို ''အောင် ဆန်း''ဟုပေးရန်အတွက် ဗိုလ်ချုပ် အောင်ဆန်းဖြစ်မြောက်ရေး ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကအ တည်ပြု ဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအတည်ပြုဆုံးဖြတ်ချက်အား အောက်တိုဘာ ၆ရက်တွင်နေပြည်တော် ၌ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်ေ အာင်ဆန်းအတ္ထုပ္ပ တ္တိရုပ်ရှင် ဇာတ်ကားဖြစ်မြောက် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဒါရိုက် တာ မင်းထင် ကိုကိုကြီး၊ ဒါရိုက်တာဝိုင်း၊ သရုပ် ဆောင်ဝေဠုကျော်၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာကြည်ဖြူ သျှင်တို့နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း အ တ္ထုပ္ပတ္တိရုပ်ရှင်ဇာတ် ကားဖြစ် မြောက်ရေး အဖွဲ့မှပြန်ကြားရေး တာဝန်ခံ ကိုဇော် သက်ထွေးက ''ဆွေးနွေးပွဲ မှာတုန်းကတော့ ကျွန် တော်မပါသွားခဲ့ဘူး။ အဲဒီအ စည်းအဝေးပြုလုပ်တာက ဗို လ်ချုပ်ဇာတ်ကားကို အမည်ပေးဖို့ အတွက်ရယ်၊ ပြီးတော့ ကုမ္ပဏီရွေးချယ်ဖို့ အတွက် ရုပ်ရှင်ဇာတ် ကားနဲ့ပ တ်သက်တာတွေကို ဆွေးနွေးခဲ့ကြတာပါ''ဟု ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားရိုက် ကူးရန်အတွက် ယခုအချိန်တွင် မြန်မာဘာသာဖြင့် ဇာတ်ညွှန်းရေး သားခြင်းမှာ ပြီးစီးသွားပြီဖြစ်၍ အင်္ဂလိပ်ဘာသာပြန်ဆိုရန် လုပ် ဆောင်နေ ပြီဖြစ်ကြောင်း နှင့် ယင်း ပြန်ဆိုထားသော ဇာတ်ညွှန်း အား ဒေါ်အောင်ဆန်းစုကြည် မှ အတည် ပြုပေးမည်ဖြစ်ကြောင်း သိ ရသည်။

ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်မှာ လွန်စွာတာဝန် ကြီးမားသော ကိစ္စဖြစ်သည့်အ တွက် ဗိုလ်ချုပ်အောင် ဆန်း ဇာတ်ညွှန်းရေးသားရာတွင် အ မှားအယွင်းမရှိစေရန် အတွက် ဆရာဦးသော်ကောင်း ဦးဆောင် သောသမိုင်း ပညာရှင်များနှင့် တွေ့ဆုံ၍ဇာတ်ညွှန်းပါအချက်အလက်များမှားယွင်းမှုမရှိစေရန်အတွက်တိုက်ဆိုင် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘာသာဖြင့် ဗိုလ်ချုပ် အကြောင်းဇာတ်ညွှန်းရေးသား သူများမှာ ဇာတ်ညွှန်းရေးဆရာ များဖြစ်ကြေ သာ ဆရာကြည် စိုးထွန်း၊ ဆရာချစ်ဦးညို၊ ဆရာ မြမြင့်မိုရ်တို့ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments: