Wednesday, October 09, 2013

အေးရှားဝေါလ် အပါအဝင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းခုနစ်ခုတွင် မှောင်ခိုကုန်သွယ်မှု စစ်မည်


Wednesday, October 9, 2013 
နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်ရာ အေးရှားဝေါလ် နှင့် သီလဝါဆိပ်ကမ်း အပါအဝင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ခုနစ်ခုတွင် လာမည့် အောက်တိုဘာ ၂၁ရက်မှ စတင်၍ မှောင်ခို ကုန်သွယ်မှုများကို စစ်ဆေး ဖမ်းဆီးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

တစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းသည် ရေကြောင်းဖြစ်ခြင်းကြောင့် တရားမဝင် မှောင်ခို ကုန်သွ ယ်မှု ရွေ့လျားတိုက်ဖျက်ရေး (Mobile Team) အဖွဲ့က မှောင်ခိုကုန်သွယ်မှု ဝင်ရောက်ရာ လမ်းကြောင်း ဖြ စ်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကို စစ်ဆေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

မှောင်ခိုစစ်ဆေးမည့် ဆိပ်ကမ်းခုနစ်ခုမှာ အေးရှားဝေါလ်၊ ထီးတန်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ် ကမ်း၊ သီလဝါဆိပ်ကမ်း နှစ်ခုနှင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်း တို့ဖြစ်ကြောင်း ဦးညွန့်အောင်က ပြောကြား သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကမ်းရိုးတန်းသွား ဆိပ်ကမ်းများတွင် မှောင်ခိုကုန်သွယ်မှု ဝင်ရောက်ခြင်းကို စစ် ဆေးခဲ့ပြီးနောက် ယခုအခါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၌ မှောင်ခိုကုန်သွယ်မှု စစ်ရန် စီစဉ်လာခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် မှောင်ခိုကုန်သွယ်မှု စစ်ဆေးရာ၌ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်၊ အကောက်ခွန် ဝန်ထမ်းများ အပါအ ဝင် ဝန်ထမ်းအင်အား ၁၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း တရားမဝင် မှောင်ခိုကုန်သွယ်မှု ရွေ့လျားတိုက် ဖျက်ရေး (Mobile Team) အဖွဲ့ထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် မှောင်ခိုစစ်ဆေးခြင်းကို ပညာပေးကာလ အဖြစ် သတ်မှတ်လုပ်ေ ဆာင်မည် မဟုတ်ဘဲ ပို့ကုန်သွင်းကုန် ဥပဒေနှင့် ပင်လယ်ရေကြောင်း ဥပဒေများအရ အရေးယူသွားမည် ဖြစ်ကြောင်း မိုဘိုင်းတင်းမ်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ 

ကန့်သတ်ကုန်စည်များ တင်ဆောင်မှုနှင့် လိုင်စင်မရှိဘဲ တင်ဆောင်မှုများကို တွေ့ရှိပါက ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူမည် ဖြစ်ပြီး လိုင်စင်ပါ ကုန်စည်နှင့် အမျိုးအမည် အရေအတွက် လွဲမှားစွာ တင်ဆောင်ခြင်းကို တွေ့ရှိပါက ပင်လယ်ရေကြောင်း အက်ဥပဒေဖြင့် အရေးယူမည် ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပုဇွန်တောင်ချောင်း အတွင်းရှိ ဆိပ်ကမ်းများနှင့် သိုလှောင်ရုံ များတွင် လိုင်စင်မဲ့ ဝီစကီပုလင်းများ ဖမ်းဆီး ရမိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ သိုလှောင်ရုံ များတွင်ပါ မှောင်ခိုပစ္စည်း များကို လိုက်လံစစ်ဆေးရန် စီစဉ်လျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသ န်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments: