Wednesday, October 9, 2013
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်၌ စားကျက်မြေများပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ရန် ပြင် ဆင်ခဲ့ကြသည့် လယ်သမား၁၅၀၀ကျော်ကို ဒေးဒရဲမြို့နယ်ရဲတပ်ဖွဲ့မှူးက အဓိကရုဏ်းနှိမ်နင်းသည့်ပုံစံဖြင့် အင်အားသုံးတားဆီးသည့်အတွက် လယ်သမားများက နေပြည်တော်သို့သွားရောက်၍ အဆိုပါရဲတ ပ်ဖွဲ့မှူး အား မြန်မာနိုင်ငံရဲချုပ်ထံသို့ တိုင်ကြားနိုင်ရေး စီစဉ်နေသည်ဟု လယ်သမားများထံမှ သိရှိရသည်။
အောက်တိုဘာ(၄)ရက်က ဒေးဒရဲမြို့လယ်ဓမ္မာရုံကြီးအနီးရှိ ဘုရားတန်ဆောင်းဘေး၌ ဆိုင်းဘုတ်များ ကိုင် ဆောင်ကာ စားကျက်မြေများပြန်လည်ရရှိရေးအတွက် စီတန်းဆန္ဒဖော်ထုတ်မည့် လယ်သမား၁၅၀၀ကျော် အရှေ့၌ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဦးတင့်လူ ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်အင်အား၅၀ကျော်တို့ကကြိုး၃ချောင်း ကို စည်း ၃ တန်းသဖွယ် တားဆီးခဲ့သည်ဟု လယ်သမားတို့က ဆိုသည်။
အဆိုပါစည်း ၃ တန်း၏ နောက်တွင်လည်း နံပါတ်တုတ်များ၊ ဒိုင်းများ၊သေနတ်များ ကိုင်ဆောင်ထားသည့် ရဲ အင်အား၃၀ခန့်က အသင့်အနေအထားဖြင့် စောင့်နေခဲ့ပြီး ရဲများနောက်တွင် စက်နှိုးထားသောဒေးဒရဲမြို့မှ မီးသတ်ကားကိုပြင်ဆင်ထား၍ မီးသတ်ပိုက်ခေါင်းကိုလည်း ဆန္ဒဖော်ထုတ်မည့်သူများဘက်သို့ လှည့်ပြီးအ သင့်အနေအထားနှင့် ချိန်ရွယ်ကာထားသည်ဟု ဆန္ဒဖော်ထုတ်သည့် လယ်သမားတို့ကဆိုသည်။
“ဆန္ဒဖော်ထုတ်ဖို့ အစောကြီးကတည်းက တရားဝင်စာတင်ထားတယ်၊ ဆန္ဒဖော်ထုတ်တာကို ငြင်းပယ် တ ယ်၊ အထိကရုဏ်းနှိမ်နင်းတဲ့ ပုံစံမျိုးနဲ့ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးတယ်၊ နံပါတ်တုတ်တွေ၊ သေနတ်တွေ၊ မီးသတ်ကားတွေနဲ့ တားတယ်၊ ပြည်သူကို သူပုန်လို့မြင်တဲ့ရဲမှူးကိုတရားဥပဒေနဲ့အညီအရေးယူနိုင်အောင် လို့ ရဲချုပ်ဆီ တိုင်ကြားသွားမှာပါ”ဟု စားကျက်မြေပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူညောင် လိန်ကုန်းရွာမှ လယ်သမားတစ်ဦးက ပြောသည်။
ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူးမှအင်အားသုံးကြိမ်းမောင်းခြိမ်းခြောက် တားမြစ်ခဲ့မှုကြောင့် ဆန္ဒဖော်ထုတ်မည့် လယ်သမားများသည် လူစုမခွဲဘဲမတ်တပ်ရပ်ကာ ဆိုင်းဘုတ်များကိုင်ပြီး ဓမ္မာရုံဘေးတွင် စုဝေးနေခဲ့ကြကာ မျက်နှာခြင်းဆိုင် နေရာတွင် ရဲများ၊မီးသတ်များကလည်း ဆန္ဒဖော်ထုတ်သူများချီတက်လာပါက ဖြိုခွဲရန် အ သင့်အနေအထားဖြင့် တစ်နာရီကျော်အကြာ ထိပ်တိုက်တွေဆုံခဲ့ကြကြောင်း ဒေးဒရဲမြို့ခံတို့ထံမှ သိရှိရသ ည်။
ဒေးဒရဲမြို့ခံအချို့ကလည်း နေအိမ်များနှင့်လမ်းမပေါ်တို့မှ ၀ိုင်းအုံကြည့်ရှုခဲ့ကြပြီး နေပူထဲတွင်ရပ်နေရသည့် ရွာသားများကို ပန်းသီး၊ရေသန့်ဘူး၊ကွမ်းယာစသည်တို့ကို ကျွေးမွေးကူညီခဲ့ဟု သိရသည်။
“ဆန္ဒပြနေရင် ရုံးချိန်းပျက်မှာစိုးတာရယ်၊ လုံခြုံရေးကလည်း စိတ်မချရလို့ပါ၊ ဒီမြို့မှာတရားပွဲရှိတဲ့  အတွက် ကြောင့် ဒါတွေနဲ့ရောမှာ စိုးလို့တားဆီးတာဖြစ်တယ်၊ အဲဒါပဲပြောတာ ကျန်တဲ့ပြဿနာတွေ ဘာမှတက်စရာ
မလိုဘူး”ဟု ဒေးဒဲမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးတင့်လူက ပြောသည်။
ဒေးဒရဲမြို့နယ်ရှိ စားကျက်မြေများသည် အင်္ဂလိပ်အစိုးရလက်ထက်မှ စတင်ကာလယ်သမားများ၏ ကျွဲနွား များ စားသောက်ရန်အတွက် ဥပဒေများဖြင့်မြေနေရာ သီးသန့်ထုတ်ကာ ဖော်ဆောင်ထားခဲ့ပြီး ယခုအခါ စားကျက်မြေများကို လယ်ယာမြေပြုလုပ်ခြင်းသည် ဥပဒေအားချိုးဖောက်ခြင်းဖြစ်ကြောင်း ဒေးဒရဲမြို့မှ ဥပေ ဒပညာရှင်တစ်ဦးကဆိုသည်။
ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်အုပ်စု၊ ညောင်လိန်ကုန်းကျေးရွာတွင် အင်္ဂလိပ်အစိုးရလက်ထက်က သတ်မှတ် ဖော် ဆောင်ထားခဲ့သည့် ဧက(၂၀၈၄) ဧကအကျယ်အ၀န်းရှိသည့် ဒီရေကာတောစားကျက်မြေများကို ၁၉၉၆ခုနှ စ်တွင် ကျေးရွာ ဥက္ကဋ္ဌမှ ရောင်းစားခဲ့ကြောင်း၊ ယင်းဒီရေကာတောစားကျက်မြေများသည် ဒေသ၏ပင်လယ်၊ မုန်တိုင်းနှင့် ပတ်သက် သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးသလို စိုက်ပျိုးရေးတွင် သုံးနေရ သော ကျွဲ၊နွားများ၏ စားကျက်မြေ ဖြစ်သည့်အတွက် ပြန်လည်ရရှိရန် တောင်းဆိုဆန္ဒဖော် ထုတ်ခဲ့ခြင်းဖြစ် သည်ဟု ဆန္ဒဖော်ထုတ်ရန်ကြိုးပမ်းခဲ့သူတို့က ဆိုသည်။
လွန်ခဲ့သည့် သြဂုတ်(၅)ရက်ကလည်း ၄င်းဒီရေကာတောစားကျက်မြေအားရောင်းချထားခဲ့မှုကြောင့် ဒီရေ ကာ တောပျက်စီးခဲ့ပြီးစားကျက်မြေများမှာလည်း တဖြည်းဖြည်းနှင့်လယ်ယာမြေများဖြစ်ပေါ်နေသည့်အပေါ် လယ်သမား များက စိုက်ပျိုးလယ်မြေများပေါ်ရှိ စပါးပင်များအား ကျွဲ၊နွားများကို မောင်းနှင်စားသောက် စေခဲ့ သောကြောင့် လယ်သမား(၄၄)ဦးအဖမ်းခံခဲ့ရပြီးယခုအချိန်အထိ တရားရင်ဆိုင်နေရကြောင်း ဒေသခံလယ် သမားများထံမှသိရသည်။
ဒေးဒရဲမြို့၌လယ်သမားများဆန္ဒဖော်ထုတ်သည့်နေ့က၄င်းလယ်သမားများ၏တရားရုံးချိန်းရှိနေသည့်အတွက်နှင့်ညပိုင်းတွင်ရွှေည၀ါဆရာတော်တရားပွဲရှိသည့်အတွက်လုံခြုံရေးအရစိတ်မချသဖြင့်တားမြစ်ခဲ့ခြင်းဖြစ်သည်ဟုလည်းမြို့နယ်ရဲတပ်ဖွဲ့မှူးကပြောဆိုထားသည်။
“ဥပဒေအရဆန္ဒပြခွင့်ကိုငြင်းပယ်တဲ့အခါမှာ ဆန္ဒပြပိုင်ခွင့်မရှိဘူး။အဲ့လိုဆန္ဒပြခွင့်မရှိသလိုငြိမ်းချမ်းစွာ ဆန္ဒပြ မှုကိုတားမြစ်ပိုင် ခွင့်လည်း မရှိဘူး။ ခွင့်ပြုမိန့်မပေးဘဲဆန္ဒပြရင်တရားစွဲလို့ပဲ ရတယ်။ ဒီမိုကရေစီမှာ အား လုံးပဲ ဥပဒေအတိုင်းသွားပြီး ဥပဒေ အတိုင်းပဲ ဖြေရှင်းသင့်တယ်။ ဖြစ်စဉ်မှာရဲတပ်ဖွဲ့က အဲ့ဒါကိုကျော်ပြီးေ တာ့ လုပ်တာတွေ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တချို့ကခေါက်ရိုးကျိုးနေတဲ့အမြင်တွေနဲ့ပြည်သူတွေ ဆန္ဒဖော်ထုတ်ရင် အရင်ခေတ်ကလိုပဲအင်အားရှိတယ်။အင်အားသုံးနှိမ်နင်းမယ်ဆိုလို့ကတော့ပြည်သူတွေ့ရဲ့ရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာထားတဲ့အမြင်ဆိုးတွေကလည်းပြောင်းလဲဖို့ခက်ခဲလိမ့်မယ်”ဟုလူ့အခွင့်အရေး စောင့်ကြည့်ကာကွ ယ် ရေးကွန်ရက်(HRWDN)မှကိုထွန်းထွန်းဦးက သုံးသပ်ပြောဆိုသည်။
တစ်နာရီကျော်ကြာရဲတပ်ဖွဲ့ဝင်များနှင့်လယ်သမားများသည်ထိပ်တိုက်တွေ့ဆုံနေခဲ့ကြပြီး နောက်ပိုင်းတွင် ဆန္ဒပြပွဲဦးဆောင်သူများနှင့်ဒေးဒရဲမြို့နယ်အာဏာပိုင်များတွေ့ဆုံညှိုနှိုင်းခဲ့ရာသဘောတူညီမှုတချို့ရရှိခဲ့သဖြင့် ဆန္ဒဖော်ထုတ်သူများမှ လူစုခွဲခဲ့သလို အဓိကရုဏ်းနှိမ်နှင်းမည့်ပုံစံနှင့် အသင့်ပြင်ထားသည့် ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်းပြန်လည်ဆုတ်ခွာ ပေးခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။
အဆိုပါဧကနှစ်ထောင်ကျော်စားကျက်မြေများသည်ဒေးဒရဲမြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတွင်၌ ယခုနှစ်အထိ ကျုံဒါတ်စားကျက်မြေအဖြစ်သာဖော်ပြထားသော်လည်း လယ်ယာမြေများအဖြစ်တစ်နှစ်ပြီး တစ်နှစ်စိုက်ပျိုးနေသောကြောင့် စားကျက်မြေမရှိသဖြင့် ကျုံဒါတ်ကျေးရွာအုပ်စုလယ်သမားများ၏ ကျွဲနွား များရှင်သန်ရပ်တည်ရေး အခက်တွေ့နေပြီး လယ်သမား များမှာကျွဲစာနွားစာများကိုဝေလံသော နေရာများ သို့ သွားရောက်ရိတ်သိမ်းကျွေးမွေး နေရကြောင်း၊ နာဂစ်မုန်တိုင်း တိုက်ခက်စဉ် ကလည်း အဆိုပါဒီရေ ကာ တောမျာမရှိခဲ့သဖြင့် ထိုဒေသတွင် လူအသေအပျောက်များခဲ့ကာ၊ စီးပွားရေးလုပ်ငန်းများ ပျက်ခဲ့ ရကြောင်း ဒေသခံလယ်သမားတို့က ဆိုသည်။
ယခုအခါညောင်လိန်ကုန်းရွာမှ လယ်သမား၄၈ဦးသည် အောက်တိုဘာ ၉ရက်တွင် နေပြည်တော်သို့ ရော က်ရှိနေပြီး နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခွင့်ရရန် ခွင့်တောင်းထားကာစောင့်ဆိုင်လျက်ရှိနေကြောင်း၊ သို့ မဟုတ် ပြည်ထောင်စု ၀န်ကြီးတစ်ဦးနှင့် တွေ့ဆုံခွင့်ပေးခဲ့လျှင်လည်း သာသနာရေးဝန်ကြီး ဦးဆန်း ဆင့် နှင့် သာ တွေ့ဆုံလိုကြောင်း ခွင့်တောင်းထားပြီး တွေ့ဆုံခွင့်မရရှိခဲ့ပါက နေပြည်တော်၌ဆန္ဒဖော်ထုတ်ရန် စီစဉ် ထားကြောင်း အဆိုပါလယ်သမားတို့ထံမှ သိရသည်။
Shwe Myitmakha Media Group

No comments:
Post a Comment