Wednesday, October 09, 2013

ဦးသိန်းစိန် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရမလား



Wednesday, October 9, 2013
နိုဗဲလ်ငြိမ်းချမ်းရေးဆု ဘယ်သူရမယ် ဆိုတာကို ရက်ပိုင်းအတွင်းကြေညာတော့မှာပါ။ ဒီဆုကြီးအတွက် အမ ည်စာရင်းတင်သွင်းပြီးသွားတဲ့ ဖေဖော်ဝါရီလတုန်းကတော့ ဆုရနိုင်ချေရှိသူများထဲမှာ မြန်မာပြည်ကပြုပြင် ပြောင်းလဲရေးဖော်ဆောင်သူ သမ္မတဦးသိန်းစိန်လည်း တယောက် အပါအ၀င်ပေါ့။

အဲဒီလို အစချီ ရေးထားတာကတော့ ဧရာဝတီစာမျက်နှာမှာ စောစောကလေးတင် ဖော်ပြလိုက်တဲ့ Should Thein Sein Get the Nobel Peace Prize? ဆိုတဲ့ ဆောင်းပါးပါပဲ။


ဆောင်းပါး အစပိုင်းမှာ ဦးသိန်းစိန်ရဲ့ တပ်မတော်အစိုးရခေတ် တာဝန်ယူမှုများကို ဖတ်ရမှာပါ။

စစ်ဗိုလ်တွေ စစ်သားတွေက ပေးတဲ့အမိန့်ကို လိုက်နာခဲ့ရသူတွေပါ ဆိုတဲ့ ဦးသိန်းစိန်ရဲ့ BBC သတင်းဌာန အင်တာဗျူးအတွင်း ပြောဆိုချက်ကိုလည်း ထည့်ရေးထားပါတယ်။

၈၈ လူထုလှုပ်ရှားမှု၊ ရွှေဝါရောင်တော်လှန်ရေး တို့ကို ချေမှုန်းခြင်းနဲ့ စစ်အရာရှိတို့ရဲ့အခန်းကဏ္ဍအကြောင်း မေးမြန်းရာမှာ သို့ကလို ဖြေလိုက်တာပါ။

ပြီးတော့ သိပ်မကြာသေးခင်က ဦးသိန်းစိန်ရဲ့ ပြောဆိုချက်တချို့ဆိုတာကိုလည်း ဆက်စပ် ရေးထားပါသေး တယ်။ဗြိတိသျှကိုလိုနီအစိုးရလက်ထက်မှာ အဓိကတံတားကြီး ဆိုလို့ တစင်းပဲ ဆောက်ခဲ့တယ်၊ တပ်မတော် အစိုးရခေတ် ၂၃ နှစ်မှာ တံတားတွေ အစင်း တရာထက် မနည်း ဆောက်ခဲ့ပါတယ်တဲ့။ ဒါက ဘာကို ဆိုလို တာလဲ။ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ဟာတွေကို မေ့လိုက်ပါတော့။ ပေးတဲ့တာဝန်အတိုင်း လုပ်ရ တာပါ လို့ ဆိုလိုတာလား။ စသဖြင့် စသဖြင့် ရေးထားတာကိုဆောင်းပါးမှာ ဖတ်ရပါမယ်။ http://www.irr awaddy.org/contributor/thein-sein-get-nobel-peace-prize.html မှာ မူရင်းဆောင်းပါးမှာ ဖတ်နိုင်ပါ တယ်။ Should Thein Sein Get the Nobel Peace Prize?ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

ဆောင်းပါးရှင်မြင့်ဇံက မလေးရှားနိုင်ငံတက္ကသိုလ်တခုက ပါမောက္ခတဦးဖြစ်ပါတယ်။ 

ကဲ .... ဆုရသူအမည်စာရင်း ကြေညာခါနီးပါပြီ။ ဦးသိန်းစိန် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရမလား။ အင်း.... ရနိုင် ချေရှိပါတယ်။ ဟိုတလောဆီကအမေရိကန်သမ္မတအိုဘားမားကြီးတောင်မှ အလကားနေရင်း အဲဒီဆုရသွား သေးတယ်မဟုတ်လား။

ဦးသိန်းစိန်က သိပ်......................ရနိုင်တာပေါ့။

ဖမ်းထားတဲ့နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလှုပ်ရှားမှုနဲ့တနည်းတဖုံဆက်စပ်သူတွေကို ထောင်က လွှတ်ပေး တယ်၊ သိပ်မကြာခင်မှာလည်း သူပုန်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေး စီမံနေတယ်၊အတို က်အ ခံခေါင်းဆောင်နဲ့ ဒီမိုကရေစီလှုပ်ရှားသူတချို့ကို လွှတ်တော်ထဲရောက်အောင် စီမံတယ် စတာတွေက ထင် သာမြင်သာရှိတဲ့ပြုပြင်ပြောင်းလဲမှုတွေပါပဲ။

တကယ်လို့ လာမယ့်ရက်အတွင်း ဒီနှစ်အတွက်နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ကတော့ ဦးသိန်းစိန် ဖြစ်ပါတယ် လို့ များကြေညာလိုက်ရင်ဟင်ခနဲ ဟာခနဲဖြစ်သွားကြသူတွေ ရှိမှာပါ။

ဒီနှစ်အတွက်နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ဟာ ဦးသိန်းစိန် မဟုတ်ဘူးဆိုရင်လည်း ဟင်ခနဲ ဟာခနဲ ဖြစ်သွားကြ သူတွေ ရှိမှာပါ။ရစေချင်တဲ့သူတွေ ရှိသလို မရစေချင်တဲ့သူတွေလည်း ရှိတယ်လို့ ဆိုလိုပါတယ်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ရဲ့အမည်ကို သဘက်ခါ အောက်တိုဘာ ၁၁ နော်ဝေနိုင်ငံစံတော်ချိန် မနက် ၁၁ နာရီမှာ ကြေညာပါလိမ့်မယ်။

ဆုရှင်ရဲ့အမည်ဟာ ဦးသိန်းစိန် ဟုတ်မဟုတ်ကို အဲဒီအခါ သိရမှာဖြစ်ပါတယ်။

ဧရာဝတီblog

No comments: