Saturday, 05 October 2013
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များ၊ အချုပ်ခန်းများနှင့် အေ ထွထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများသို့ သွားရောက်စစ်ဆေးမည် ဖြစ်ကြောင်း ယင်းကော်မတီ အတွင်းေ ရးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
“ဘယ်ထောင်ကို စစ်မယ်ဆိုတာတော့ တိတိကျကျ မပြောနိုင်သေးဘူး။ အစည်းအဝေး ပြန်ထိုင်ရဦးမယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ကို စနစ်တကျ စစ်ဆေးနိုင်ရန် စီစဉ်လျက်ရှိပြီး အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ အဆင့်ဆင့်ကို ထောက်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်ေ ကြာင်း ဦးဝင်းမြင့်က ထပ်လောင်းပြောကြားသည်။
အဆိုပါကော်မတီသည် ၂၀၁၂ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ်ေ လးခုတို့၏ တရားရုံးများကို စစ်ဆေးကာ တရားစီရင်ရေး အားနည်းချက်များကို အစီရင်ခံစာ ပြုလုပ်ပြီး ပြ ည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်။
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် ပြည်ထောင်စု လွှတ် တော်သို့ တစ်နှစ်ပြည့် နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းထားပြီး ယင်းအစီရင်ခံစာတွင် အုပ်ချုပ် ရေးမ ဏ္ဍိုင်နှင့် သက်ဆိုင်သည့် အချက် ၁၅ ချက်နှင့် တရားစီရင်ရေး မဏ္ဍိုင်နှင့် သက်ဆိုင်သည့် အချက်ခြောက် ချက်တို့ ထည့်သွင်း ဖော်ပြထားသည်။
ယင်းအစီရင်ခံစာနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးေ က်ာမတီအနေနှင့် အစိုးရတစ်ဖွဲ့လုံး အားနည်းချက်များကို ပြည်စုံစွာ ဝေဖန်အကြံပြုရန် ယင်းကော်မတီ သို့ သဝဏ်လွှာတစ်စောင် ပြန်လည် ပေးပို့ခဲ့သည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အကျဉ်းေ ထာင်တွင် ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်သဖြင့်ဟုဆိုကာ အကျဉ်းသားများ ဆူပူဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် အကျဉ်းသား ၁၂၀ ကျော်ကို မော်လမြိုင် အကျဉ်းထောင်သို့ ရွှေ့ပြောင်းခဲ့ရသည်။
The Voice Weekly
No comments:
Post a Comment