Monday, October 7, 2013
သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အ ကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်း ဆီးစစ်ဆေးနေပြီး ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးေ ကျာ်တင့်က အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
အဆိုပါ သံတွဲပဋိပက္ခ ဖြစ်စဉ်ကို အော က်တိုဘာ ၂၉ ရက်က မြို့နယ်ခန်းမရှေ့တွင် ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုး တစ်ဦးက သာသနာ့အလံ ထောင်ထားသည့် သုံးဘီးဆိုင်ကယ်ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင် ရှင် ကမန်လူမျိုးက "သာသနာ့အလံ ထောင်ထားတဲ့ သုံးဘီးဆိုင်ကယ် ငါ့ဆိုင်ရှေ့မှာ လုံးဝမရပ်နဲ့။ ဘာဖြစ် တယ် ညာဖြစ်တယ်" ဆိုကာ ခိုင်းနှိုင်းဆဲဆို လိုက်သည့်အပေါ် ရခိုင်လူမျိုးက ရဲစခန်း၌ သွားရောက်အ မှုဖွင့် ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆဲဆိုခဲ့သည့် ကမန်လူမျိုးအား သံတွဲမြို့မ ရဲစခန်းမှ အာမခံ ပေးခဲ့သဖြင့် ကျေနပ်မှု မရှိသည့်ေ ဒသခံ ရခိုင်လူမျိုးများနှင့် သံဃာတော် အချို့မှ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ကြောင်း သိရသည်။ အာမခံ ပေး ခဲ့မှုနှင့် ပတ်သက်၍ ရဲစခန်းက လာရောက်စုံစမ်းသူများကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြ စ်စဉ်အပေါ် မကျေနပ်သည့် ရခိုင်လူမျိုး အချို့က သာသနာ့အလံကို ခိုင်းနှိုင်းပြောကြားခဲ့သည့် ကမန်လူမျိုး နေထိုင်သည့် နေအိမ်အား ခဲနှင့်ပစ်ပေါက်ခဲ့သည်မှ အစပြုပြီး ယခုကဲ့သို့ လူသေဆုံးမှုနှင့် နေအိမ်အများ အ ပြား မီးလောင်ကျွမ်း ခဲ့သည်အထိ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ၊ ပါဝင်ခြင်း မရှိသော်လည်း အားပေး အားမြောက် ပြုလုပ်သူများနှင့် နောက်
ကွယ်မှ အဆိုပါဖြစ်စဉ် ဖြစ်ပွားအောင် စနစ်တကျ အကွက်ချ စီမံ ခ န့်ခွဲသူများဟု ယူဆခံရသူ စုစုပေါင်း ၄၈ ဦးအား အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းအထိ ဖမ်းဆီးစစ်ေ ဆးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးကျော်တင့်က ပြောကြားသည်။
"ဖြစ်စဉ်အစကတော့ သာမန်ဖြစ်ရိုး ဖြစ်စဉ်လေးပါပဲ။ ဒါပေမဲ့ နောက်ဆုံးထိ
ဖြစ်သွားတဲ့ အခြေအနေ ကေ တာ့ ကြီးမားပါတယ်။ အခုလို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ နစ်နာမှုတွေ ဖြစ်သွားခဲ့တဲ့အတွက် နှစ်ဖက်စလုံး အေ နနဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်သွားတယ်။ ဒါကြောင့် ထပ်မံပြီးဖြစ်ပွားဖို့၊ ဆက် ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ရတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ဦးနှောက်ကောင်းကောင်းနဲ့ အိမ်မှာထိုင်ပြီး စနစ်တကျ အကွက်ချပြီး စီစဉ်တဲ့သူတွေ ပါဝင်နေတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်း တွေထဲက အကြောင်းအချို့ကတော့ ၉၆၉ အခွေတွေ ၀င်လာတယ်။
အင်တာနက်ကနေ လှုံ့ဆော်မှုတွေ ရှိ လာတာတွေကြောင့်လို့ ယူဆရတယ်။ ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမှုက ပိုမိုကြီးထွားလာတယ်လို့ သုံးသပ်ရတယ်။ နောက်ကွယ်က ဖန်တီးသူတွေ ရှိသလို ပံ့ပိုးသူ တွေ လည်း ရှိပါတယ်။ ဒါကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်။ ဥပဒေအတိုင်း စစ်ဆေးလို့ ရရှိတဲ့ အဖြေအပေါ် မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင် သွားပါမယ်" ဟု အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ဒုတိယရဲမှူး ကြီး ကျော်တင့်က ပြောကြားသည်။
ယခု ဖြစ်စဉ်ကို နောက်ကွယ်မှ ဖန်တီးခဲ့သူများကို ဇာစ်မြစ်အဆုံးထိ စစ် ဆေးဖော်ထုတ် အရေးယူသွားမည်ဟု သိရသည်။
eleven media group

No comments:
Post a Comment