Monday, October 7, 2013
အရောင်ခွဲခြား နိုင်ခြင်းဟာ တချို့အလုပ်များအတွက် မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက် ဖြစ်တယ်။ ခရီးသည် အများကို သယ်ပို့ပေးရတဲ့ လေယာဉ်၊ သင်္ဘော၊ ရထား၊ခရီးသည်တင် ယာဉ်မောင်းနှင် နေကြသူများနဲ့ ဓာ တ်ခွဲခန်း ကျွမ်းကျင်သူတို့ဟာ အရောင်ခွဲခြား နိုင်မှုရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အလုပ်ပေါများတဲ့ ဂျပန် နိုင်ငံမှာတောင် အရောင်ခွဲခြားနိုင်ခြင်းရှိ၊ မရှိကို ကုမ္ပဏီများရဲ့ ၈ဝ ရာခိုင်နှုန်းလောက်က စစ်ဆေးကြတယ်။
အရောင်မခွဲနိုင်ခြင်းဟာ လူတို့ရဲ့ အမြင်အာရုံရဲ့ လှိုင်းလုံး အလိုက်ဖြစ်နိုင် တယ်။ အာရုံခံလွှာဟာ အလင်း ရောင်လှိုင်း (၄ဝဝ-၇၆ဝ) အတွင်းမှာ
မြင်နိုင်စွမ်းရှိတယ်။ အလင်းရောင်လှိုင်း ၄ဝဝ ထက်နည်းတဲ့ ရောင်ခြ ည်နဲ့ ၇၆ဝ ထက်ပိုတဲ့ ရောင်ခြည်ကို မမြင်နိုင်ပါ။
မျက်စိက အာရုံခံရာမှာ အရောင်ကို မြင်နေရတယ်ဆိုတာ အလင်းရောင်ကို စုပ်ယူနိုင်တဲ့ အလင်းရောင်ခံ အမြှေးပါးကြောင့် ဖြစ်တယ်။
လူ့မျက်စိမှာ အဲဒီလိုအမြှေး ပါး နှစ်မျိုးရှိရာ တစ်မျိုးကို ''ရော့ဒ်'' လို့ခေါ်ပြီး နောက်တစ်မျိုး
ကို ''ကုန်းစ်'' လို့ ခေါ် တယ်။ ''ရော့ဒ်'' ဟာ ညအချိန် အမြင်အာရုံ ခံစားမှုနဲ့ သက်ဆိုင်ပြီး ''ကုန်းစ်''ဟာ နေ့အ ချိန် အမြင်အာရုံ ခံစားမှုနဲ့ ဆိုင်တယ်။ အရောင်ခွဲခြားနိုင်တဲ့ အလုပ်ကို ''ကုန်းစ်'' ကသာ လုပ်နိုင်၍ ''ရော့ဒ်'' က မလု ပ် နိုင်ပါ။ ''ရော့ဒ်'' နဲ့ ''ကုန်းစ်'' အကြောင်းကို လူတွေပိုမို သိရှိအောင် သုတေသနပြုခဲ့တဲ့ ဒေါက်တာ ဂျော့ဝေါ့ ဟာ ၁၉၇၂ ခုနှစ်က သိပ္ပံဆိုင်ရာ ပူးတွဲ နိုဘယ်လ်ဆုကို ရရှိခဲ့ပါတယ်။
''ကုန်းစ်'' မှာ အဓိကအားဖြင့် အေ ရာင်ခွဲခြား စုပ်ယူနိုင်တဲ့ အရောင်ပွင့် သုံးပွင့် တိတိရှိတယ်။ သူတို့ဟာ ပင်မအရောင်ဖြစ်တဲ့ အနီ၊ အစိမ်းနဲ့ အပြာတို့ကို စုပ်ယူနိုင်ကြတယ်။ တစ်ခုခု ချို့ယွင်းရင်တော့ အရောင်ကို ခွဲခြားမသိနိုင်ပါ။
(၁) ''ကုန်းစ်'' သုံးမျိုးရှိမယ့် အစား တစ်မျိုးသာရှိရင် (နီ၊ စိမ်း၊ ပြာ) တစ်ခုခုကိုပဲ မြင်နိုင်တယ်။ ဒီလိုချို့ယွင်း မှုဟာ လူတစ်သိန်းမှာ တစ်ဦးဖြစ်နိုင်တယ်။
(၂) ''ကုန်းစ်'' သုံးမျိုးမှာ နှစ်မျိုးရှိသူဟာ အနီနဲ့ အပြာရောင်ကို မမြင်နိုင်သူနဲ့ အပြာ၊ အစိမ်း၊ လိမ္မော်၊ ပန်းရောင် ခွဲခြား ဖို့ ထွေပြားသူ သုံးမျိုးရှိနိုင်တယ်။
(၃) ''ကုန်းစ်'' သုံးမျိုးစလုံးရှိပေမဲ့ တစ်ခုခုချို့ယွင်းနေရင် သိသိသာသာ မဖြစ်ဘဲ အရောင်ခွဲခြားဖို့ ထွေပြား သူသာဖြစ်မယ်။(လူတွေအများဆုံးက ကာလာဘလိုင်း ဖြစ်တယ်)
(၄) ''ကုန်းစ်'' သုံးမျိုးမရှိတဲ့ သူတွေကတော့ မွေးရာပါ အမြင်အာရုံ နည်းခြင်း၊ နေရောင် ကြောက်ခြင်းနဲ့ မျ က်စိ တုန်ခါခြင်းတို့ ပူးတွဲဖြစ်ပေါ် တတ်တယ်။
အရောင် မခွဲနိုင်ခြင်းဟာ မွေးရာပါ ဗီဇကြောင့်၊ မျက်စိရောဂါ တစ်ခု
ခုကြောင့် ဖြစ်နိုင်တယ်။ မျက်စိအာ ရုံခံ လွှာမှာ ဖြစ်တတ်တဲ့ ရောဂါများ၊ အဆိပ်သင့်မှု ရောဂါ များ ကြောင့်လည်း ဖြစ်တတ်တယ်။ မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး အရောင် ခွဲခြားနိုင်စွမ်းမရှိသူ သို့မဟုတ် တစ်ဝက်
ခွဲခြားနိုင်စွမ်း မရှိသူ ဖြစ်တတ် တ ယ်။
အရောင်မခွဲခြားနိုင်တဲ့ ရောဂါဟာ အမျိုးသားများမှာ အဖြစ်များတယ်။ ကမ္ဘာပေါ်မှာ အနည်းဆုံး လူသ န်း ၃ဝဝ လောက် ခံစားနေရတယ်လို့ ခန့်မှန်းထားတယ်။ အမျိုးသား ၁ဝဝ ဦးမှာ ရှစ်ဦးဟာ အရောင် မခွဲနိုင် ဘဲ အမျိုးသမီး ၁ဝဝ ဦးမှာ တစ်ဦးဟာ ကာလာဘလိုင်း ခံစားနေရတယ်။
မျိုးရိုးဗီဇအရ အမျိုးသားတွေမှာ အရောင်မခွဲနိုင်တဲ့ ဗီဇတစ်ခုသာရှိပြီး အမျိုးသမီးတွေမှာ နှစ်ခုရှိတယ်။ အမျိုးသားအတွက် ဗီဇကို မိခင်ထံမှ လည်းကောင်း၊ အမျိုးသမီးအတွက် ဗီဇကို မိခင်၊ ဖခင်များထံမှ လည်းကောင်း ရတတ်ကြတယ်။
အကယ်၍ မိခင်ရဲ့ ကာလာဂျင်း ကောင်းရင် သားယောက်ျားလေးမှာ ရောဂါမဖြစ်ဘဲ မိခင်က ကာလာဘ လိုင်း ဖြစ်ရင် သားဟာ ကာလာဘလိုင်း ဖြစ်မယ်။ သမီး မိန်းကလေးဟာ ဖခင်ထဲကရတဲ့ ကာလာဂျင်းနဲ့ မိ ခင်ကရတဲ့ ကာလာဂျင်းကောင်းရင် ကာလာ ဘလိုင်းမဖြစ်ဘဲ မိခင် သို့မဟုတ် ဖခင်တစ် ယောက်ယောက် က ကာလာဘလိုင်းဖြစ်ရင် သမီးမိန်းကလေးမှာ မဖြစ်သေးဘဲ သူက ထပ်မွေးမယ့်သား၊ မြေးအဆင့်မှာ ကာ လာဘလိုင်း ဖြစ်နိုင်တယ်။ ယောက်ျားလေးမှာ ကတော့ အဆပေါင်းများစွာ ဖြစ်နိုင်ပါတယ်။
ကာလာဘလိုင်း အမျိုးသားနဲ့ ကာလာဘလိုင်း အမျိုးသမီးတို့ လက်ထပ်
ပါက မွေးလာတဲ့ သားယောက်ျားလေးတိုင်းဟာ ကာ လာဘလိုင်းဖြစ်မယ်။ ကမ္ဘာ့အဆင့်မီ စစ်ဆေးနိုင်တဲ့ စမ်းသပ်ချက်အရ ဖြစ်တယ်။ စစ်ခေါင်းဆောင်
များဆို ရင် ကာလာဘလိုင်းမရှိမှ အဆင်ပြေမှာ ဖြစ်တယ်။
မြ၀တီ

No comments:
Post a Comment