Monday, October 07, 2013

ရခိုင် ပါတီနှစ်ခု ပေါင်းသည့် ရခိုင် အမျိုးသားပါတီ ဦးအေးသာအောင်ကို ပထမခေါင်းဆောင်အဖြစ် ရွေးချယ်


Monday, October 7, 2013 
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) တို့ ပူးပေါင်းသည့် ရခိုင်အမျိုးသားပါတီ (ANP) အတွက် ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် နှစ်ဦးကို စက်တင်ဘာ ၆ ရက်တွင် နှစ်ပါတီ ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ပြီး ဦးအေးသာအောင်ကို ပထမခေါင်းဆောင်အဖြစ် ရွေး ချယ်ကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။ 

ရခိုင် အမျိုးသားပါတီ ပထမခေါင်းဆောင် အနေနှင့် ALD ပါ တီ ဥက္ကဋ္ဌ ဦးအေးသာအောင်ကို ရွေးချယ်ထား ပြီး ဒုတိယခေါင်းဆောင် နေရာကို RNDP ပါတီဥက္ကဋ္ဌ ဒေါက် တာအေးမောင်ကို ရွေးချယ်ထားကြောင်း ဦးေ အးသာအောင် က ဆိုသည်။ အဆိုပါ ခေါင်းဆောင်နှစ်ဦးကို ပါ တီ မှတ်ပုံတင်ရာတွင် ဦးဆောင်နိုင်ရန် ယာ ယီ ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ပါတီမှတ် ပုံတင် ခွင့်ပြုပြီး ခုနစ်လ အကြာတွင် (AN P) ညီလာခံ ကျင်းပကာ ခေါင်းဆောင် များ ပြန်လည် ရွေးချယ်မ ည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။

အဆိုပါ ANP ပါတီကို မှတ်ပုံတင်ရန် ပေါင်းစည်းခြင်း လုပ်ငန်းများကို မြို့နယ်အလိုက် ပါတီဝင်များက လက် မှတ်ရေးထိုးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ရခိုင်ပြည်သူလူထု၏ တောင်းဆိုချက်အရ ရခိုင်တိုင်း ရင်း သားများ တိုးတက် ရေးပါတီနှင့် ရခိုင် ဒီမိုရေစီ အဖွဲ့ချုပ် ပါတီနှစ်ခု တစ်ပါတီအဖြစ် ပေါင်းစည်း ရန် ဇွန်လ ၁၅ ရက်နေ့တွင် နှစ်ဖက်ထိပ်ပိုင်း ခေါင်းဆောင်များ ရန်ကုန်မြို့ တော်ရှိ ရခိုင်သဟာယ အသင်းတွင် နှစ်ပါ တီ ပူးပေါင်းရေးအတွက် သဘော တူခဲ့ကြသည်။

The Voice Weekly

No comments: