Sunday, 06 October 2013
ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက် သိမ်တော်ကြီးလမ်းတွင် အောက်တိုဘာ လ ၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော မူးယစ်ရမ်းကားမှုကို ပဋိပက္ခအသွင် မဖန်တီးနိုင်မီ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့များက ပူးပေါင်း ဖြေရှင်းနိုင်ခဲ့ေ ကြာင်း ဒေသခံ မျက်မြင်သက်သေ တစ်ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ပြောကြားချက်အရ သိရသ ည်။
အမှတ် (၃) ရပ်ကွက် အရှေ့ကိုးသိန်းရပ်ရှိ ဦးဝေလင်းထွန်း၏ လယ်တဲနေ စာရင်းငှား လုပ်ကိုင်သူ ဦးဝင်းမြ င့်နှင့် ဦးစိန်ထွန်းတို့ ညီအစ်ကိုနှစ်ဦး ဘဲဝယ်ပြီး လယ်တဲသို့ ပြန်လာစဉ် မင်းမင်းနှင့် မိုးဦးတို့က သံတွဲဖြစ်ရပ် များကို ပြောဆို၍ ဘဲများကိုရောင်းရန် ပြောဆိုရင်း ရမ်းကားသဖြင့် လူ ၂၀ ဦးခန့် စုရုံးရောက်ရှိလာရာ ပဋိပ က္ခအသွင် မဖန်တီးနိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေရှင်း ဆောင်ရွက်ပေးခဲ့ရကြောင်း ဒေသခံ များက ဆိုသည်။
မူးယစ် ရမ်းကားခဲ့သူများကို တာဝန်ရှိသူများက လိုက်လံရှာဖွေ ဖမ်းဆီးနေစဉ် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ စည်းရုံးဆောင်ရွက်မှုကြောင့် ၎င်းတို့၏ မိဘများကိုယ်တိုင် အမှတ် (၂) ရဲတပ်ဖွဲ့စ ခန်းထံ အပ်နှံခဲ့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ပြောကြားသည်။
အသက် ၁၈ နှစ်အရွယ် မင်းမင်းနှင့် အသက် ၃၀ အရွယ် ဦးမိုးဦးတို့ကို ၁၉၆၁ ခုနှစ် ခံဝန်နှင့် ခြေချုပ်ဥပဒေ ပုဒ်မ-၅ (၁)၊ (စ) (ဆ) တို့ဖြင့် အရေးယူပေးရန် အမှတ် (၂) ရဲစခန်းက ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးထံ ခွ င့်ပြုချက် တောင်းခံထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment