Monday, October 07, 2013

အမြတ်သုံးမျိုး


 Monday, October 7, 2013
 ဈေးသည်စကားနဲ့ ပြောရရင် လူ့ဘဝဟာအရင်းပေါ့၊ လူ့ဘဝကသေလို့ မိမိ ကိုယ်ပိုင်အိမ်ကြီးကို ပြန်ရောက် သွားပြီဆိုရင် အရင်းရှုံးတာပေါ့၊ ကိုယ်ပိုင်ဆိုတာ အပါယ်လေးဘုံကို ပြောတာပါ။ ဗုဒ္ဓက ပမတ္တဿ စတ္တာေ ရာအပါယာသကဂေဟသဒိသာ - ကုသိုလ်တရားကို မေ့လျော့နေ သူအတွက် အပါယ်လေးပါးဟာ မိမိအိမ် သဖွယ်ဖြစ်တယ်လို့ ဟောထားတာ ရှိလို့ပါ။ လူ့ဘဝကသေပြီး လူ့ဘဝပြန်ရောက်တယ်ဆိုရင်တော့ အရင်းပြ န်ရတာပေါ့၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို ရောက်ရင်တော့ အမြတ်ထွက်တာပေါ့၊ ဒါပေမယ့် အဲဒီအမြတ်က ရှုံး တာနဲ့ နှိုင်းယှဉ်လိုက်လို့သာ အမြတ်လို့ ပြောရတာပါ၊ အားကိုးအားထားပြုလောက်တဲ့ အကောင်းဆုံးအမြတ် မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒိဋ္ဌိတန်းလန်းသာရှိနေမယ်ဆိုရင် နတ်ဘုံဗြဟ္မာ့ဘုံကနေ ကု သိုလ်ကံကုန်တာနဲ့ အပါယ်လေးဘုံကို ပြန် ကျနိုင်သေးလို့ပါပဲ၊ ဒါဆိုရင်အကောင်းဆုံး အမြတ်ကဘာ လဲဆို တော့ နိဗ္ဗာန်ချမ်းသာကို ရခြင်းပါပဲ၊ နိဗ္ဗာန်ချမ်းသာကြီးကို ရသွားပြီးဆိုရင်တော့ အို၊ နာ၊ သေကကို လွတ်သွားပြီဆိုမှတော့ အပါယ်လေးဘုံနဲ့ ပတ်သက်ပြီး စဉ်းစားစရာကို မလိုတော့ဘူး။ အကောင်းဆုံးအမြတ်ကို ရဖို့ အတွက် အရေးကြီးဆုံးအချက်ကတော့ သူတော် ကောင်းကို မှီဝဲမိဖို့ပါပဲ၊ ဒိဋ္ဌိကွာပြီး သောတာပန် ဖြစ်ဖို့အ တွက် အင်္ဂါလေးချက်ရှိ ပါတယ်။

ဘာတွေလဲဆိုတော့ - 
၁။ သပ္ပုရိသူပနိဿယ = သူတော်ကောင်းကိုမှီဝဲဆည်းကပ်ခြင်း။ 
၂။ သဒ္ဓမ္မသဝန = သူတော်ကောင်းတရားကို စူးစိုက်စွာနာကြားခြင်း။ 
၃။ ယောနိသော မနသိကာရ = အသင့်အားဖြင့် နှလုံးသွင်းခြင်း။ 
၎။ ဓမ္မာနု ဓမ္မပဋိပတ္တိ = တရားနှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်းတို့ပဲ ဖြစ်ပါ တယ်။ 

သောတာပန်ဖြစ်ဘို့ မှီဝဲရမယ့် သူတော်ကောင်းဆိုတာ လူဖြစ်စေ၊ ရဟန်းဖြစ်စေပရမတ်ခန္ဓာ ၅ ပါးအပေါ်မှာ ဒိဋ္ဌိကွာအောင်ဟောပေးနိုင်မယ့် သူကို ဆိုလိုပါတယ်။ ဒုတိယအင်္ဂါဖြစ်တဲ့ သူတော်ကောင်းတရားဆို တာ လ ည်း ဒိဋ္ဌိကွာကြောင်းဖြစ်တဲ့ ပရမတ်တရား၊ ဓာတ်တရားများကို ဦးစားပေးပြီး နာကြားဘို့ ဆိုလိုရင်းဖြစ်ပါတ ယ်။ ယောနိသောမနသိကာရ = အသင့်အားဖြင့် နှလုံးသွင်းရမယ်ဆိုတာ အာရုံတစ်ခုခုနဲ့ တွေ့ကြုံတိုင်း အ ကုသိုလ် မဖြစ်အောင် ရှုတတ်ရမယ်လို့ ဆိုလိုပါတယ်၊ ဥပမာအားဖြင့် ခဏနေရင် ဟောတော့မ ယ့်ရူပပ ရိ စ္ဆေဒ ဉာဏ်ကို ရထားတဲ့ ယောဂီတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို မြင်လိုက်ပြီဆိုပါတော့ ချော လို့နှစ်သက်ရင် လောဘဖြစ်မယ်။ အရုပ်ဆိုးလို့ မနှစ်သက်ရင် ဒေါသဖြစ်မယ်၊ နှစ်သက်သည်လည်းမဟုတ်၊ မနှစ် သက်သည်လည်းမဟုတ်၊ သာမန်ကာလျှံကာ သဘောထားမယ်ဆိုရင် မောဟ ဖြစ်မယ်၊ အမှန်ကို အမှားထင်ကာ၊ အမှားကို အမှန်ထင်တာ၊ မရှိကို အရှိထင်တာ(ပညတ်ကို ပရမတ်ထင်ခြင်း)၊ အရှိကို မရှိထင်တာ(ပရမတ်ကို ပညတ်ထင်ခြင်း)မှန်သမျှတို့ဟာ မောဟချည်းပါပဲ။

ဒီနေရာမှာ မောဟဘာ့ကြောင့်ဖြစ်ရသလဲလို့ မေးခဲ့ရင် လောဘနဲ့ ဒေါသမဖြစ်လို့မောဟဖြစ်ရတာပေါ့ဆိုတဲ့ အဖြေဟာ စာသိအဖြေဖြစ်သွားပါပြီ။ အကျင့်နဲ့ယှဉ်တဲ့ငါသိအဖြေမဟုတ်ဘူး။ ငါသိ သိထားတဲ့ယောဂီက ဘ ယ်လိုဖြေသလဲဆိုတော့လူ (သို့မဟုတ်) အမျိုးသားဆိုတာဟာ တကယ်မရှိတဲ့ ပညတ်တရားသာ ဖြစ်ပါတ ယ်။ တကယ်ရှိတဲ့ ပရမတ်တရားမဟုတ်ပါဘူး၊ တကယ်မရှိတဲ့ အမျိုးသားဆိုတဲ့ ပညတ်ကြီးကို တကယ်ရှိတ ယ်လို့ထင်မြင်ယူဆလိုက်တဲ့အတွက် မောဟ အကုသိုလ်ဖြစ်ရတာပါ၊ ဒီအဖြေကမှ တရားနဲ့ယှဉ်တဲ့အဖြေပါ။ ဒီလိုဆိုရင် အမျိုးသားတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ယောဂီတစ်ယောက် အနေနဲ့ အကုသိုလ်မဖြစ်ေ အာင် ဘယ်လိုနှလုံးသွင်းရမလဲဆိုရင် ငါမြင် တာဟာ အဆင်းရုပ် (ရူပါရုံ) ပါလားလို့ ပရမတ်ရောက်အောင် နှလုံးသွင်း ရပါ့မယ်။ အဆင်းရုပ် (ရူပါရုံ) ဆိုတဲ့ ပရမတ် ဉာဏ်ပညာနဲ့ ထိုးဖောက်မြင်လိုက်ပြီဆိုရင် အမျိုး သားလို့ခေါ်တဲ့ ပညတ်ကိုမှီပြီးမှဖြစ်ရတဲ့ လောဘ၊ ဒေါသ၊ မောဟ သုံးပါးလုံးဖြစ်မလာတော့ပါဘူး။

အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အထိ တို့နဲ့ ပတ်သက်ပြီးအသင့်အားဖြင့် နှလုံးသွင်းပုံကို ရုပ်ဓာတ်ကို ပိုင်း ခြားပြီးသိရတဲ့ ရူပပရိစ္ဆေဒဉာဏ်အခန်း ဟောပြီးရင် ဆက်လက်ရှင်းပြပါမယ်။ နောက်ဆုံးအင်္ဂါဖြစ်တဲ့ တရား နှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်း ဆိုတာ ကတော့ဥပမာအားဖြင့် ထိုင်ရာကနေ ထလိုက်ပြီဆိုတာနဲ့ သြော် ထိုင်နေသခိုက်မှာဖြစ်တဲ့ခန္ဓာငါးပါးရုပ်နာမ်တရားတွေဟာ ထသခိုက်မှာ ပါမလာကြတော့ဘူး။ ထိုင်နေဆဲ အခါမှာပဲ ချုပ်ပျောက်ပျက်စီးသွားကြပြီ။ ဒါ့ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားဟာအနိစ္စ အမြဲမရှိပါတကားလို့ ရှုပွားလိုက်ခြင်းပါပဲ။ 

မေတ္တာရှင်-ရွှေပြည်သာ (မဂ်တား၊ ဖိုလ်တား အန္တရာယ်များ)
Buddhavasa Tiloka

No comments: