Monday, October 07, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အခြားသူများ ဖျက်၍မရဘဲ ပါတီဝင် အချင်းချင်းဖျက်မှသာ ပျက်မ ည်ဖြစ် သည့်အတွက် သတိထားရန် ပါတီဝင်များအား NLD တိုင်းအလုပ်အမှုဆောင် ဥက္ကဋ္ဌ သတိပေး


Monday, October 7, 2013
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အခြားတစ်ဖက်က ဖျက်၍မရဘဲ ပါတီဝင် အချင်းချင်း ဖျက်မှသာ ပျက်မည်ဖြစ်သောကြောင့် သတိထားရန် လိုအပ်သည်ဟု NLD ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှု ဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက အောက်တိုဘာ ၆ ရက်က မင်္ဂလာတောင်ညွန့်မြို့ နယ် ပုသိမ်ညွှန့် (၂) လ မ်းရှိ အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းတွင် ပြုလုပ်ခဲ့သည့် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အလုပ် အမှုဆောင်များ တွေ့ဆုံပွဲတွင် သတိပေး ပြောကြားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ခေါင်းဆောင်ေ ဒ်ါအောင်ဆန်း စုကြည် ၁၉၉၅ ဇူလိုင် ၁၀ ရက် ပြန်မလွတ်ခင်အထိ အဖွဲ့ချုပ် ပါတီဝင်များ အနေဖြင့် အကျ ပ်အတည်းများစွာ ကြုံတွေ့ခဲ့ရကြောင်း ယင်းနောက်ပိုင်း တွင်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို ဒီပဲယင်းတွင် နိုင်ငံရေးအရ လုပ်ကြံခံခဲ့ရတာမျိုး ကြုံတွေ့ခဲ့ရကြောင်း ဦးမြင့်ဌေးက ရှင်းပြသည်။


ဦးမြင့်ဌေးက "လက်ရှိဖြစ်နေတဲ့ အခက်အခဲက အဲဒီကာလတွေကို မမီပါဘူး။ အဲဒီတုန်းက ဖြစ်နေတာက တ စ်ဖက်နဲ့ ဖြစ်နေတာ။ အခုလက်ရှိ အဖွဲ့ချုပ်ထဲမှာ ဖြစ်နေတာက အချင်းချင်း ဖြစ်နေတာ။ အချင်းချင်း ကိုဘာ လို့ ညှိနှိုင်းဆွေးနွေးလို့ မရသလဲဆိုတာ အများကြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ အခြားတစ် ဖက်ကိုတောင် ညှိနှိုင်းဆွေးနွေးဖို့ ဖိတ်ခေါ်နေ တယ်။ ပြောဆိုနေတယ်။ အခုလည်း ညှိနှိုင်းဆွေးနွေး နေကြ တယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဆင့်ဆင့်က တိုင်းပြည်အတွက် တစ်မျိုးသားလုံးအတွက် လုပ်နေကြ တယ်" ဟု ပြောကြားသည်။ "ကျွန်တော်တို့ အဖွဲ့ချုပ်ကို ဖျက်ဖို့က အခြားတစ်ဖက်ကတော့ ဖျက်လို့ မရဘူး။ သေချာတယ်။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ ကာလတွေက ရုန်းကန်ကျော်ဖြတ်ခဲ့တယ်။ ကျွန်တော်တို့ အချ င်းချင်းဖျက်မှ ကျွန်တော်တို့ အဖွဲ့ချုပ်က ပျက်မှာ၊ အဲဒါကို သတိထားဖို့ လိုအပ်တယ်။ အကောင်းဘက်ကို ရှု မြင်ပြီး အားလုံးညှိနှိုင်း ဆောင်ရွက်ဖို့ အကြံပြု တင်ပြနေခြင်း ဖြစ်ပါတယ်" ဟု ဦးမြင့်ဌေးက NLD ပါတီဝင် များအား ပြောကြားသည်။ 

 လက်ရှိတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ ဖွဲ့စည်းရာတွင် အ ဖွဲ့ ၀င်များ ရွေးချယ်မှု၌ ရွေးချယ်မှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက ရှင်းပြခြင်း မရှိသောကြောင့် ရွေးချ ယ်ထား သည့် အဖွဲ့ဝင် ၁၅ ဦးအနက် ၁၃ ဦး နုတ်ထွက်ခဲ့ကြောင်းနှင့် ထိုသို့နုတ်ထွက် ရခြင်းမှာ ပါတီတွင်း လုပ်ဆောင်နေမှုများတွင် ပြဿနာများ ရှိနေသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိရန် မီးမောင်းထိုး ပြခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးအောင်ဒင် က ပြောကြားသည်။ 

eleven media group

No comments: