Thursday, 10 October 2013
အရွယ်အစားမတူညီတဲ့ မြေအိုး နှစ်ခု ( ပန်းအိုး ပုံစံ ) ကို ယူပါ။ ပြီးတော့ အိုးအကြီးမှာ အိုးအသေးကိုထပ် လိုက်ပြီ သဲတွေ ဖြည့်ပေးပါ ။
နောက် သဲထည့်ထားတဲ့ အိုးနှစ်ခု ကြားထဲကို ရေစွတ်ရုံ လောင်းပေးပါ။ ပြီးရင် အိုးအသေးလေးထဲမှာမိမိ အအေးထားလိုတဲ့ အသီးအနှံ တွေကိုထည့်ပြီး အပေါ်ကနေ ရေစိုအ၀တ်တစ်ခုနဲ့ အုပ်ထားပေးပါ။
အေးစေတဲ့ သဘောတရား
အိုးထဲက သဲမှာဖြည့်ထားတဲ့ ရေများဟာ အငွေ့ ပျံတဲ့ အခါ အိုးသေးလေးကို ရိုက်ခတ်ပြီး အေးစေပါတယ်။
ဒီတော့ သဘာဝအတိုင်း အသီးအနှံများကို အေးစေပြီး ဈေးသက်သာတဲ့ သယ်ဆောင်ရ လွယ်ကူတဲ့ရေ ခဲ သေတ္တာ အသေးစားလေး တစ်ခုအနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
MM Social Sky

No comments:
Post a Comment