Thursday, 10 October 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ဟာ ၁၉၉၀ ပြည့်နှစ်တုန်း က ရရှိခဲ့တဲ့ EU Sakharov လူ့အခွင့်
အရေးဆုကို ဥရောပပါလီမာန်မှာ ကိုယ်တိုင်သွားရောက် လက်ခံရယူ တော့
မယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဥရောပနိုင်ငံကိုသွားပြီး အောက်တိုဘာလ ၂၂ ရက် နေ့မှာ အဲဒီဆုကို လက်ခံမှာဖြစ်တယ်လို့ ဥရောပလွှတ်တော်က ထုတ်ဖော်ပြောဆိုထားပါတယ်။
၁၉၉၀ ပြ ည့်နှစ် ရွှေးကောက်ပွဲတုန်းက NLD ပါတီအနိုင်ရခဲ့တာကို မြန်မာ
စစ်အစိုးရက အသိအမှတ်မပြုခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံခဲ့ရတဲ့ အတွက် ပေးခဲ့တဲ့ ဆုဖြစ်ပါတယ်။
ဒီလူ့အခွင့်အရေးဆုအတွက် ယူရိုငွေ ၅၀၀၀၀၊ အမေရိကန်ဒေါ်လာ ၆၅၀၀၀ လောက်ရရှိမှာဖြစ်ပြီး အရင်တု န်းက အဲဒီဆုကို တောင်အာဖရိက
နိုင်ငံ ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မန်ဒဲလားနဲ့ ကုလသမဂ္ဂအထွေ ထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့ ရရှိခဲ့ပါတယ်။
ဒီနှစ် EU Sakharov ဆုအတွက် စကာတင် ရွေးချယ်ခံရသူတွေထဲမှာ အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအမှုထမ်းဟောင်း Edward Snowden၊ ပါကစ္စ တန်နိုင်ငံက ပညာရေးအခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ Malala Yousafzai နဲ့ Belarus နိုင်ငံက ထောင်ဒ ဏ်ကျခံနေရတဲ့ လှုပ်ရှားသူ သုံးဦးတို့ ပါဝင်ပါတယ်။
ABC

No comments:
Post a Comment