Thursday, October 10, 2013

အွန်လိုင်းကောလာဟလများ ဖြန့်ချိမှုဖြင့် တရုတ်နိုင်ငံ ဇင်ကျန်းပြည်နယ်တွင် လူပေါင်း ၁၁၀ ခန့်ကို ဖမ်းဆီး


Thursday, 10 October 2013


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဇင်ကျန်းပြည်နယ်တွင် အွန်လိုင်းကောလဟလများ ပျံ့နှံ့ခဲ့မှုအတွက် လူ ၄၀၀ နီးပါးအား စစ်ဆေးလျက်ရှိကြောင်းအောက်တိုဘာ ၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထား သည်။

ဇွန်လ ၂၆ ရက်မှ သြဂုတ်လ ၃၁ ရက်အတွင်း လူပေါင်း ၁၁၀ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၁၆၄ ဦးကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မသင်္ကာဖွယ်ဖြစ်သူများက တည်ငြိမ်မှုကို ပျက်ပြားစေမည့်အရာများနှင့် ဘာသာရေး အစွန်းရောက်မှုတို့ကို ဖြန့်ချိခဲ့ကြသည်ဆိုသည်။

တရုတ်တွင် ဇင်ကျန်းဒေသမှာ မွတ်စလင် Uighur လူနည်းစုများ နေထိုင်ကြသည့် ဒေသဖြစ်ပြီး၊ ၎င်းတို့သ ည် အာဏာပိုင်များနှင့် မကြာခဏ ပဋိပက္ခဖြစ်ပွားလေ့ရှိသည်။

ဇင်ကျန်းဒေသတွင် အင်တာနက်အသုံးပြုသူများအကြား ဘာသာရေးအစွန်းရောက်မှုများကို အွန်လိုင်းမှ တ စ်ဆင့် ဖြန့်ချိမှုများရှိခဲ့သည်ဟုဒေသတွင်းကွန်မြူနစ်ပါတီကော်မတီ၏ အာဘော်သတင်းစာဟု သတ်မှတ်ထားကြသည့် Xinjiang Daily က ဆိုထားသည်။

အွန်လိုင်းရာဇ၀တ်မှုများဖြစ်ကြသည့် အကြမ်းဖက်ရေး သွေးထိုးလှုံ့ဆော်မှုများနှင့် ကောလာဟလ ဖန်တီးဖြ န့်ချိမှုများလည်းများ ပြားလာခဲ့သည်ဟု သတင်းစာကဆိုထားသည်။

မတည်မငြိမ်ဖြစ်စေနိုင်သည်ဟု ၎င်းတို့ ယူဆထားကြသည့်၊ အွန်လိုင်းကောလဟလများ ပျံ့နှံ့နေမှုကို တိုက် ဖျက်ရန် တရုတ်နိုင်ငံခေါင်းဆောင်များ ယခုအခါကြိုးစားနေကြသည်။

ဖမ်းဆီးထားခဲ့သည့် မသင်္ကာဖွယ် ဖြစ်သူများထဲမှ ပြန်လွှတ်ပေးလိုက်သူ ရှိမရှိနှင့်ပတ်သက်၍ မူ Xinjiang Daily သတင်စာတွင် ဖော်ပြထားခြင်းမရှိပေ။

အဖမ်းခံထားရသူတချို့၏ ကိစ်္စနှင့် ပတ်သက်၍မူ သတင်းစာတွင် ဖော်ပြထားသည်။ အဖမ်းခံထားရသူ များ ထဲတွင် Kashgar မှ မူလတန်းပြ ဆရာတစ်ဦးနှင့် Hotan မှ လယ်သမားတစ်ဦးတို့လည်း ပါဝင်သည်။ ကျော င်းဆရာမှာ ဗွီဒီယိုလေးခုဖန်တီးကာ သူ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွင် မေလအတွင်းက လွှင့်တင်ခဲ့သော ကြောင့်ဖြစ်ကြောင်း သတင်းစာက ဆိုထားသည်။

ဗွီဒီယိုများထဲတွင်ဘာသာရေးအစွန်းရောက်မှုကိုအားပေးသည့်အရာများပါဝင်သည်ဟုဒေသခံရဲတစ်ဦးကဆိုကြောင်း သတင်းစာထဲတွင် ရေးသားထားသော်လည်း အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

တွစ်တာ (Twitter) နှင့် အလားတူသော တရုတ်အွန်လိုင်း လူမှုကွန်ယက် Weibo တွင် သူကလင့်ခ်များ တ င်ခဲ့ခြင်းဖြစ်သည်။ထိုဗွီဒီယိုများအားစုစုပေါင်းကြည့်ရှုမှု ၁,၅၀၀ ရှိခဲ့သည်ဟု သိရပြီး နောက်ပိုင်းတွင် ရဲများ က ထိုဗွီဒီယိုများကို ဖယ်ရှားခဲ့ကြသည်။

Hotan မှ လယ်သမားတစ်ဦးမှာမူ စုစုပေါင်း 2 GB ပမာဏရှိသည့် အီလက်ထရွန်းနစ်စာအုပ်များကို သူဖန် တီးထားသည့် ၀က်ဘ်ဆိုဒ်တစ်ခုတွင် တင်ခဲ့သောကြောင့်ဖြစ်ပြီး၊ ထိုစာအုပ်များထဲတွင် ခွဲထွက်ရေးနှင့် ပတ် သက်သည့် စာအုပ်များလည်း ပါဝင်သည်ဟု သတင်းစာကဆိုသည်။

ရဲများမတွေ့ရှိသေးမီက ထိုအီလက်ထရွန်းနစ်စာအုပ်များထံ အွန်လိုင်းမှ လာကြည့်ကြသည့် အကြိမ် ရေပေါ င်း ၃၀,၀၀၀ ကျော်ရှိပြီး၊ ထပ်ဆင့်ဝေငှသူ ၆၀၀ ရှိကာ ဒေါင်းလုပ်လုပ်ခဲ့ကြသည့်အကြိမ် စုစုပေါင်း ၁၄,၀၀၀ ခန့်ရှိသည်။

Mizzima - News in Burmese

No comments: