Thursday, October 10, 2013
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည် မဟုတ်ဟုကြေညာထားသော ကရင်နီ အမျိုး သား တိုးတက်ရေးပါတီ (KNPP) ၏ ထိန်းချုပ် နယ်မြေများ အတွင်းရှိ တပ်မတော် စစ်ကြောင်းများ ဆုတ်ခွာ ပေးပါက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း လွိုင်ကော်မြို့န ယ် KNPP ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီးရယ်က ပြောကြားသည်။
အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသော်လည်း တပ်မတော်၏ နယ်မြေ စိုးမိုးရေး အစီအစဉ်များအရ တပ်များ ဆက်လက်ချထားကြောင်း ၎င်းကဆိုသည်။
အဆိုပါ နှစ်ဖက်တပ်များ ပြန်လည် နေရာချထားရေးနှင့် ပတ်သက်ပြီး အစိုးရ Techanical Team အဖွဲ့များ နှင့် သုံးကြိမ် ဆွေးနွေး ထားသော်လည်းဆွေးနွေးချက်များနှင့် သဘောတူညီချက်များကို လိုက်နာ ဆောင်ရွ က်ခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။
“ခေါင်းဆောင်ပိုင်းတွေ တွေ့ပြီးပြောတာ ပိုပြီးထိရောက်နိုင်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တက်ရောက် လက်မှတ်ထိုးရန်အတွက် ယခုလအတွင်း တပ်ပိုင်းဆို င်ရာ အခြေအနေများကို ဆွေးနွေးရန် အစိုးရနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း KNPP ထံမှသိရသည်။
အောက်တိုဘာ ပထမပတ်အတွင်း KNPP ထိပ်ပိုင်း ခေါင်းဆောင်များက အစိုးရ ပြုလုပ်မည့် နိုင်ငံလုံးဆိုင် ရာ အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း ကြေညာထားသည်။
ယင်းသို့ပင် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ်ရေးထိုးရန် မှုဘောင် ခြောက်ချက်ကို ထုတ်ပြန်ခဲ့ပြီး အစိုးရအနေနှင့် ယင်းမူများကို သဘောတူ မှသာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးမည်ဟု ထုတ်ပြန်ထားသည်။
‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကလည်း ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ပြည်နယ်အ ဆင့် သတ်မှတ်ပေးမှသာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမည် ဖြစ်ကြောင်း UWSP ထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment