Thursday, October 10, 2013
တောင်ကိုရီးယား နာမည်ကျော် အဆိုတော် Rain အနေဖြင့် စစ်မှုထမ်း ကာလနောက်ပိုင်း ပထမဆုံးအကြိ မ် ဖျော်ဖြေပွဲ အစီအစဉ်ကို ဂျပန်တွင်ပြုလုပ်သွားမည်ဟု သိရသည်။ နိုဝင်ဘာလထဲတွင် Rainအနေဖြင့် ဂျပ န်ရှိ မြို့(၄)မြို့တွင် ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ စီမံရေးရာ အေဂျင်စီက သတင်းထု တ်ပြန်ခဲ့သည်။ အသက်(၃၁)နှစ် ရှိပြီဖြစ်သော အဆိုတော် မင်းသားသည် "2013 Rain Zepp Tour: Sto ry of Rain" ဖျော်ဖြေပွဲကြီးကို နာဂိုယာ၊ ဖူကူအိုကာ၊ အိုဆာကာနှင့် တိုကျိုတို့တွင် ကျင်းပသွားမည်ဟု အေ ဂျင်စီက ပြောကြားခဲ့သည်။ နာဂိုယာတွင် နိုဝင်ဘာ (၁၄)ရက်နေ့မှ အစပြုကာ တိုကျိုတွင် နိုဝင်ဘာလ (၂ ၈ )ရက်နေ့၌ ဖျော်ဖြေပွဲ အစီအစဉ် အဆုံးသတ်မည် ဖြစ်သည်။
Cube CD အေဂျင်စီက "ပရိသတ်တွေ အနေနဲ့ Rainရဲ့ (၁၁)နှစ်ကြာ အနုပညာ ဖြတ်သန်းမှု သမိုင်းကြော င်းတွေကိုလည်း ဒီနှစ်ရဲ့ ပထမဆုံးဖျော်ဖြေပွဲ အစီအစဉ်ကြီးမှာ တွေ့ရှိနိုင်ပါလိမ့်မယ်"ဟု ကြေညာထား သ ည်။ အမည်ရင်း ဂျန်ဂျီဟွမ်းဖြစ်သော Rainသည် တောင်ကိုရီးယား K-Pop ဂီတလောကတွင်သာ မကဘဲ အာရှတစ်လွှားတွင်ပါ ပရိသတ် အများအပြား ရရှိထားသူ ဖြစ်သည်။ ၎င်းသည် နိုင်ငံ၏ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် (၂၁)လကြာ စစ်မှုထမ်းခဲ့ရပြီး ဇူလိုင်လက တာဝန်ထမ်းဆောင်မှု သတ်မှတ်ချက် ပြည့်မြောက်သွားပြီ ဖြစ်သည်။
ထိုင်းနိုင်ငံရှိ ဂီတဖျော်ဖြေပွဲ တစ်ခုနှင့် တရုတ် ရုပ်မြင်သံကြား အစီအစဉ် တစ်ခုတို့တွင် ပါဝင်ခဲ့သည့်နောက် ပိုင်း Rainအနေဖြင့် ပရိသတ် မြင်ကွင်းမှပျောက်ကွယ်နေခဲ့ပြီး ယခုအခါ အနုပညာ အလုပ်များကို ပြန်လည် စတင်ရန် အားယူနေခြင်း ဖြစ်သည်။ Rainသည် စစ်မှုထမ်းကာလ ပြီးဆုံးပြီးနောက် ပရိသတ်များနှင့် ပထမ ဆုံး တရားဝင် တွေ့ဆုံမှု အစီအစဉ်ကိုလည်း စနေနေ့တွင် ဆိုးလ်တက္ကသိုလ်ဝင်းအတွင်း ပြုလုပ်သွား မည် ဟု သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment