Thursday, November 7, 2013
ပုံကို ကြည့်ရတဲ့ တိုက်တန်းနစ်က ပြေးစရာမဲ့တဲ့ ချစ်သူ ၂ ဦးလိုပါပဲ။ သို့ပေမယ့် လေအားလျှပ်စစ် တာဘိုင် ပေါ်မှာ ရပ်နေတာ အင်ဂျင်နီယာ ၂ ဦး ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံက လယ်ကွင်းတစ်ခုမှာ လေအားလျှပ်စစ်တာဘိုင်၊ပန်ကာများ တပ်ဆင်ထားပြီး တာဝန်ကျ အင်ဂျင်နီယာများက တစ်တိုင်ပေါ်တက်၊ တစ်တိုင်ပေါ်ဆင်း စစ်ဆေးမှု၊ မောင်းနှင်မှု တို့ ပြုလုပ် ပေးရပါတယ်။
လက်ရှိ ပုံမှာ မြင်တွေ့နေရတဲ့ အင်ဂျင်နီယာ ၂ ဦးကတော့ ကံဆိုးတာပါပဲ။
သူတို့ရှေ့ က တာဝန်ကျသူ ၂ ဦး ဘာမှမဖြစ်ပဲ အောက်တိုဘာလ ၂၉ ရက်နေ့
တာဝန်ကျတဲ့ သူတို့ကျမှ ကွက်ပြီးတော့ ဖြစ်ရပါတယ်။ အကြောင်းက တာဘိုင်တွင်း
လျှပ်စစ်ဆားကစ်လောင်ကျွမ်းမှုတော့ ဖြစ်တယ်လို့ အကြမ်းခင်း ခန့်မှန်းထားပါ
တယ်။ ပြေးစရာမရှိလို့ ၅၉ မီတာ မြင့်တဲ့အပေါ်ကနေ ဟိုမျှော်၊
ဒီမျှော်ကြည့်နေကြတဲ့ သူတို့ ၂ ဦးကို ယခုလို မြင်တွေ့ ရပါတယ်။
တစ်ယောက် မီးလောင်မှာကြောက်ပြီး ခုန်ချလိုက်တာ အောက်မှာ ပုံပျက်၊
ပန်းပျက်သေပါတယ်။ တစ်ယောက်ကတော့ ဆင်းဖို့ လှေကားရှာ ကြိုးစားရင်း
အပေါ်မှာပဲ မီးလောင်ကျွမ်း သေပါတယ်။ မီးလောင် တာက အပေါ်မှာတင်မဟုတ်ပဲ သူတို့
တက်လာတဲ့ လမ်းတောက်လျှောက် လှေကားမှာကော လောင်ကျွမ်း နေလို့ ပြေးစရာ
မြေမရှိရခြင်း ဖြစ်ပါတယ်။ ဒီတော့ ပုံဟာ သူတို့ ၂ ဦး နောက်ဆုံး
အသက်ရှင်လျက် မြင်ရတဲ့ ပုံပါပဲ။ မီးသတ်နဲ့ ကယ်ဆယ်ရေးတို့
အချိန်မှီရောက်ပေမယ့် ၅၉ ပေ အမြင့်ရှိတဲ့ မီးကိုငြိမ်းပြီး
လူကိုကယ်ဖို့ ဆိုတာကို မစွမ်းသာပါဘူး။ အချိန်မှီ ရဟတ်ယာဉ်လည်း
မလွတ်နိုင်လိုက်ပါဘူး မီးလောင်နှုန်းမြန်ဒါကြောင့်မို့ နာရီပိုင်းအတွင်း
သေဆုံး ကုန်ကြပါတယ်။
ယင်းမီးလောင်မှု ပြီးနောက်နယ်သာလန်က
လျှပ်စစ်ဓာတ်အားနှင့် ဆက်စပ် လုပ်ငန်းများ အပေါ် လုံခြုံရေး၊ ကာကွယ်ရေးစည်းကမ်းများ ပိုမိုတင်းကြပ်လာကြောင်း သိရပါတယ်။
.
Ref: nieuws
အောင်ခမ်း ( ရိုးရာလေး )
No comments:
Post a Comment