Wednesday, November 13, 2013
ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တို့တွင် ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့သည့် လျှပ်စစ် မီတာခများ တိုးမြှင့် ကောက်ခံမှု အစီအစဉ်ကို ရပ်ဆိုင်းထားပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရောက်မှသာ စိစစ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။
ပြည်သူအများ လက်မခံသော လျှပ်စစ် မီတာခများ တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ကြေညာချက်ကို လွှတ်တော်တွင် ကန့်ကွက်ကြောင်း အရေးကြီး အဆို တင်သွင်းထားမှုအပေါ် လျှပ်စစ်စွမ်း အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့က လာ ရောက် ရှင်းလင်းခဲ့သည်။ယင်းသို့ ရှင်းလင်း ပြောကြားမှု အပြီးတွင် ပြည်ထောင်စု လွှတ်တော်က အထက်ပါ အတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“အဖြေကတော့ တိုးမကောက် တော့ပါဘူး။ လာမယ့် ဘတ်ဂျက်နှစ်မှာ စိစစ်ပြီး ဆောင်ရွက်ဖို့ မှတ်တမ်း တ င်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံခြင်းသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အရေးကြီးသောကိစ္စ ဖြစ်ေ နသောကြောင့် ယင်းကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ထို့ပြင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ရေးဆွဲထားသော နှစ် ၃၀ မဟာဗျူဟာ စီမံကိန်းကို ဖြစ်နိုင်ခြေ ရှိ မ ရှိ ပြန်လည် စိစစ်ပြီး လွှတ်တော်သို့ တင်ပြထားသော လျှပ်စစ်ဥပဒေပါ အချက်အလက်များဖြင့် လုပ်ဆောင် သွားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
လျှပ်စစ်မီတာခ များကို နှစ်စဉ် အရစ်ကျ တိုးမြှင့် ကောက်ခံသွားမှသာ နိုင်ငံ၏ လျှပ်စစ် လိုအပ်ချက် ပြည့်မီ မည် ဖြစ်သောကြောင့် စီမံကိန်း ရေးဆွဲကာ တိုးမြှင့် ကောက်ခံခြင်း ဖြစ်ကြောင်း၊ လတ်တလော ကောက်ခံမ ည့် အစီစဉ်ကို ရပ်ဆိုင်းရသော်လည်း၂၀၁၄-၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည် ပြုလုပ်ရမည် ဖြစ်ကြော င်း လျှပ်စစ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
လျှပ်စစ် မီတာခများ တိုးမြှင့် ကောက်ခံခြင်းအပေါ် ပြည်သူလူထု၏ ခံစားမှုနှင့် အသံများအတွက် ပြန်လည် လျှော့ချရန် သို့မဟုတ် တိုးမြှင့် ကောက်ခံခြင်းကို ရပ်ဆိုင်းပေးရန် မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က နိုဝင်ဘာ ၈ ရက်၌ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအေ ဝးတွင် အရေးကြီး အဆိုအဖြစ် သွင်းခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment