Wednesday, November 13, 2013

ဖြစ်ပြီးခဲ့သည့်ကိစ္စများတွင် လူထု၏ဒုက္ခထုထည်ကြီးမားခဲ့သည့်အတွက် အမှားကို ဝန်ချတောင်းပန်သင့်ကြောင်း ဦးခင်ညွန့်အား ဦးဝင်းတင် အကြံပေး


Wednesday, November 13, 2013

ဦးခင်ညွန့်နှင့်တွေ့ဆုံစဉ်က ပြောခဲ့သည့် ပြီးတာတွေ ထားလိုက်ပါတော့ဟူသော စကားအား လက်မခံကြောင်း၊ ပြီးခဲ့ သည်များက ထုထည်ကြီးမားလွန်း၍ ဝန်ချတောင်း ပန်သင့် ကြောင်းNLD  ဗဟိုအလုပ်အမှုဆော င်နာယက ဟံသာဝတီ ဦးဝင်းတင်က နိုဝင်ဘာ ၁၂ ရက်က ပြောလိုက်သည်။

ဦးဝင်းတင်အနေဖြင့် ဦးခင်ညွှန့်နှင့် တရားဝင်တွေ့ဆုံခြင်း မဟုတ်ဘဲ နာရေးတစ်ခုတွင် ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး ဦးဝင်းတင် အား ဦးခင်ညွန့်မှလက်အုပ်ချီဂါရဝပြုနှုတ်ဆက် ရင်းမှ ”ပြီးခဲ့တာ တွေ ထားခဲ့ပါတော့”ဟု ပြောဆိုခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဆက်လက်၍ ဦးဝင်းတင်က ”သူက အရင်က ဘာပဲပြော ပြော ဖမ်းရဆီးရတဲ့အလုပ်တွေ လုပ်ခဲ့ရတယ်။ အဲ ဖမ်းရ ဆီးရ လုပ်ရတာနဲ့ မပြီးဘူး။ အဲဒါနဲ့ သူက ပြောလာမ ယ်။ သူက ခိုင်းလို့ လုပ်ရတာပါ။ အဲလိုပြောရင် ကျွန်တော်တို့ လက်မခံဘူး။ လုပ်ခဲ့တဲ့ အလုပ် ဒါမှမဟုတ် လုပ်ခဲ့တဲ့ သူတစ်ယောက်အနေနဲ့ ပြောရမယ် ဆို ရင် သူတို့က ဝန် ချတောင်းပန်ရမယ်။ ကျွန်တော် တို့တော့ အလွန်အကျွံတွေ ဖြစ်ခဲ့ပါတယ်။ လူတွေသေကြ တယ်။ အသက်ဆုံးရှုံးရတယ်။ မျက်ရည်တွေ ကျခဲ့ရတယ်။ ဒါတွေ အတွက်   စိတ် မကောင်းဘူး။ ဝမ်းနည်းပါ တယ်။ ဒါတွေအတွက် အလွန်အကျူး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ တောင်းပန်ပါ တယ်။ ဒါတွေ ပြောရမယ်” ဟု ဆိုသည်။

ထို့ပြင် နှစ်က ဘာလဲဆိုရင် သူတို့ လုပ်ငန်းလုပ်တဲ့ ပုံတွေ ဆိုရင်ပြင်ရမယ်။ နောင်ကို မဖြစ်အောင် အခုပဲေ ထာက်လှမ်းရေး အဖွဲ့ကို ပြောပြန်ပြီ။ တိုင်းပြည်မှာ ထောက် လှမ်းရေးအဖွဲ့တွေ လုပ်လာရင် ဘယ်သူတွေ အတုခိုးမလဲ။

သူတို့ ဥစ္စာတွေ အတု ခိုးလာမယ်။ သူတို့ရဲ့ဟာတွေကို လမ်းညွှန်မှု ယူမယ်။ အဲဒါတွေ ကို ပြင်မှရမယ်။ သူ တို့လုပ်တဲ့ ပုံ သဏ္ဌာန် နည်းစနစ်တွေ ပြင်ရမယ်။ လူ တွေကို စစ်ဆေးပုံ၊ လူတွေကို ညှင်းပန်း ပုံ၊ လူသားဆ န်တဲ့ ပုံစံနဲ့တော့ ငြင်းရလိမ့် မယ်။ သုံးက သူတို့ဟာ ဒီအကျဉ်းသား တွေ ပြန်လည်ထူထောင်ရေးနဲ့ ပတ် သ က်ပြီး သူတို့ ကူရလိမ့်မယ်။ ကျဉ်း သားတွေရဲ့ ဘဝနေရေးပေါ့ဗျာ။ ဘဝအ တွက် တာဝန်ယူရမယ်။ သူတို့ရဲ့ ပညာ ရေး ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူရမယ်။ ကျန်းမာရေး ထူထောင်မှုအတွက် တာဝန်ယူ ရမယ်။ အဲဒါဘဲ။ အဲသုံးခုကို ကျွန်တော် အမြဲ တမ်းပြောနေတယ်။ အဲဒါ ပြောတာက သူတို့ကို အာဏာနဲ့ ပြောတာမဟုတ်ဘူး။ သူတို့သာ ဗိုလ်ခင်ညွန့်လိုမျိုးက ဒါတွေ ကို တာဝန်ယူတယ်။ သူတို့လုပ်ခဲ့တာ။ အလွန်အ ကျွံဖြစ်တာ စိတ်မကောင်းဘူး။ ဒါအတွက် ကျွန်တော်တောင်းပန်ပါတယ် ဆိုရပြီ၊ တော်ပြီ။   နောင်တစ်ခုက စစ် ကြောရေးလုပ်ပုံတွေ ထောင်ထဲမှာ လုပ် ထားတဲ့ ပုံတွေ၊ စာမဖတ်ရတာ၊ အိမ်နဲ့ အဆက်အသွယ် မလုပ် ရတာ နည်းစနစ် တွေ အကုန်လုံးကို ပြင်ရ မယ်”ဟု ဦးဝင်းတင်က ထပ်လောင်းပြောသည်။

လတ်တလောတွင် ဝေါစထရိ ဂျာ နယ် အင်တာနက်စာမျက်နှာတွင် ဖော် ပြခဲ့သည့် ဦးခင်ညွန့်နှင့် အင်တာ ဗျူး ဆောင်းပါးနှင့် ပတ်သက်၍ စစ်အစိုးရ လက်ထက် နှစ်ရည် လများ အကျဉ်းကျ ခံနေခဲ့ရသော နိုင်ငံရေး အကျဉ်းသား ဟောင်းတစ်ဦးအနေဖြင့် မေးမြန်းမှုကို ဦးဝင်းတင်က ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

Popular Myanmar News Journal

No comments: