Wednesday, November 13, 2013
OIC ကိုယ်စားလှယ်အဖွဲ့ စစ်တွေ မြို့သို့လာပါက ဆန္ဒပြရန် စီစဉ်ထား သည်ဟု ဦးဆောင်ဆန္ဒပြမည့် ဦးေ အာင် နိုင်က ပြောသည်။
OIC အနေဖြင့် နိုဝင်ဘာလ ၁၅ ရက်တွင် စစ်တွေသို့ သွားရောက် မည်ဖြစ်ရာ ဆန္ဒပြနိုင်ရန်အတွက် ခွင့် ပြု မိန့် ကြိုတင်ပြင်ဆင်ထားပြီး လူဦး ရေ ၅ဝဝခန့်နှင့်ဆန္ဒပြမည် ဟု ဦးအောင် နိုင်က ပြောသည်။
”ကုလသမဂ္ဂကို သူတို့က ထုတ် ပြန်ချက်လုပ်ဖို့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ကြားတယ်။ ကျွန်တော်တို့က လည်း မီဒီယာတွေကို ပြန်လည်ပြီး ကြုံ တွေ့နေရတာတွေကို ရှင်းပေးမှာပါ”ဟု ၄င်းက ပြောသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်၏ အင်တာနက် လူမှု ကွန်ရက်စာမျက်နှာတွင် OIC အ ဖွဲ့ လာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ ပဋိပက္ခဖြေရှင်းရေးနှ င့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်း ဆောင် ရွက်နေမှု အခြေအနေများကို ပကတိအခြေ အ နေအမှန်အတိုင်းသိရှိနိုင်အောင် စီစဉ် ဆောင်ရွက်ပေးခြ င်းဖြစ်ကြောင်း OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရေး အပါ အဝင် တောင်းဆိုထားသည့် အချက် များနှင့်ပ တ်သက်ခြင်း မရှိကြောင်း ရေး သားထားသည်။
ထို့ပြင် ပြည်သူများအနေနှင့် နိုင်ငံ၏ ပုံရိပ်၊ နိုင်ငံတော် အစိုးရ၏ ပဋိပက္ခ ဖြေရှင်းရေးလုပ်ငန်းစဉ်များ အပေါ် ထိခိုက်စေမည့် လုပ်ရပ်များ မလုပ်မိရန် လိုအပ်ကြောင်း စ သည့် အချက်ကိုလည်း ဦးရဲထွဋ်ကသူ၏လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသား ထားသည်။
OIC အဖွဲ့မြန်မာနိုင်ငံသို့ ရောက် ရှိရန်လေးရက်အလိုတွင် ရန်ကုန်မြို့၌ လည်း ရဟန်းသံဃာများ အပါအ ဝင် ဦးရေ ၂ဝဝ ကျော် ဆန္ဒပြခဲ့သည်။
ပြီးခဲ့သည့် နှစ်က OIC မြန်မာ နိုင်ငံအတွင်း ရုံးစိုက်ရန် ကြိုးပမ်းမှု အား ရန်ကုန်၊ မန္တလေးစသည့် ရဟန်း သံ ဃာများ၊ ပြည်သူများနှင့် အခြားမြို့ ကြီးများတွင် ဆန္ဒပြမှုများ ဆက်တိုက် ပြခဲ့သည်။
Popular Myanmar News Journal

No comments:
Post a Comment