Wednesday, November 13, 2013
ဝက်လက်မြို့ရှိ သမိုင်းဝင် ဘုရားခြေတော်ရာ ပျောက်ဆုံး
Wednesday, November 13, 2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရေလည်တိုက်ကျောင်းဝင်းအတွင်းရှိ ရေပေါ် တော် မူ ဘုရားဝင်း၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ဘုရားခြေတော်ရာတစ်ဆူ ပျောက် ဆုံး လျ က်ရှိကြောင်း အဆိုပါဘုရားဂေါပကဥက္ကဋ္ဌ ဦးပြေ့ဆိုသူမှ ပြောကြားလိုက်သည်။
ဘုရားခြေတော်ကြီး ပျောက်ဆုံးနေကြောင်း စတင်သိရှိရသူမှာ ဘုရားဖူးလာရောက်သည့် မချစ်ချစ်ချိုင် ဆို သူ အမျိုးသမီးတစ်ဦးမှ ယခုလ ၈ ရက် နံနက် ၉ နာရီခွဲ အချိန်ခန့်က ဘုရားဂေါပကထံ လာရောက် ပြောပြ သည့်အချိန်မှ ခြေတော်ရာပျောက်ဆုံးနေသည်ကို သိခဲ့ရခြင်းဖြစ်သည်။
ပျောက်ဆုံးသွားသည့် ရှေးဟောင်းသမိုင်းဝင် အဆိုပါခြေတော်ရာသည် အလျား(၄)ပေ၊ ၆ လက်မ၊ အနံ (၃)ပေ၊ အမြင့် (၆)ပေခန့်ဖြစ်သည်ဟု ၀က်လက်မြို့မရဲစခန်းက မှတ်တမ်းများရယူထားသည်။
အဆိုပါ ပျောက်ဆုံးခြေတော်ရာကြီးအား စိုက်ထူထားသည့်နေရာ၏ နဂါးဦးခေါင်းနှစ်လုံးနှင့် ဘုရား တောင် ဘက်မုခ်ဝတွင် ခြေတော်ရာကြီး ခိုးယူစဉ်က အသုံးပြုခဲ့သည်ဟု ယူဆရသော (၃၆)လက်မခန့် အရွယ်ရှိ သံ ကပ်ကြေးတစ်ခုနှင့် တစ်ဖက်ကောက်သံတူးရွင်းတစ်လက်တို့ကိုလည်း သက်ဆိုင်ရာမှ စိစစ်တွေရှိခဲ့ရသည် ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။
ဧရာဝတီတိုင်း မြန်အောင်မြို့ရှိ မြန်အောင်ရေနံမြေတွင် ဘုရားသုံးဆူ အရှေ့ကျောင်းအတွင်း တည်ထားေ သာ စက်တော်ရာဖြစ်သည့် ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာကို သြဂုတ် ၁၄ ရက်က ခိုးယူခံခဲ့ရပြီး မကွေး တိုင်း၊ မင်းဘူး၊ နန်းတော်ကုန်းကျေးရွာတွင်လည်း ဆရာတော်တစ်ပါး၏ မပုပ်မသိုး ရုပ်ကလာပ် ပျောက် ဆုံး မှုဖြစ်ပွားခဲ့သေးသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
No comments:
Post a Comment