Wednesday, November 13, 2013

ရွှေလီ၌ပျံ့နှံ့နေသည့် တရုတ်အမျိုးသားနှင့် လက်ထပ်နိုင်ရန် ချိတ်ဆက်ပေးသူအား ဆုကြေးပေးမည့် စာရွက်ကိစ္စ တရုတ်အစိုးရထံ မေးမြန်းကန့်ကွက်မည်


Wednesday, November 13, 2013

တရုတ်နယ်စပ် ရွှေလီ၌ အိမ် ထောင်ရေး မိတ်ဆက်ပေးခြင်း ဆိုသော စာရွက် ပျံ့နှံ့နေမှုကို လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တရုတ်အာ ဏာပိုင်တို့ထံဆက် သွယ်မေးမြန်း၍ ကန့် ကွက်သွားမည်ဟု¤င်း တပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဦးခင်မောင်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ရေးသားထားပြီး ကြေညာစာ၏ ဆိုလိုရင်းမှာ တရုတ် နိုင်ငံသားနှင့် ထိမ်းမြားရန်နှင့် ချိတ် ဆက်ပေးသူကို ယွမ် ၃ဝဝဝ (မြန်မာ ငွေကျပ် ၅ သိန်းနီးပါးခန့်) ချီး မြှင့် မည် ဟု ဖော်ပြထားခြင်းဖြစ်သည်။

”ဒီလိုမျိုးတွေကို တရုတ်အစိုးရက တရားဝင်ခွင့်ပြုထားတယ်လို့တော့ မကြားမိပါဘူး။တရုတ်အာဏာပိုင်တွေ နဲ့ လည်း အမြဲပဲအဆက်အသွယ်ရှိနေတာ ပါ။ ဒီကိစ္စကို   မေးမြန်းသွားမယ်”ဟု ၄င်း က ဆိုသည်။

ကြေညာစာရွက်တွင် ထိုသို့ ရေး သားထားမှုကပင် ဥပဒေမဲ့ လုပ်ရပ်ဖြစ် ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ နှင့် ငြိစွန်းနေကြောင်း ထိုစာရွက်တစ်ရွက် တည်းနှင့် လူကုန် ကူးမှု မြောက်သည်ဟု မစွပ်စွဲနိုင်သော်လည်း ယင်းကိစ္စမှာ သတိထားရမည့် အချက်တစ်ချက်ဖြစ် သည်ဟု ဒုတိယရဲမှူးကြီးက ပေါ်ပြူလာ နယူးစ်သို့ ဆ က်ပြောသည်။

ပြည်တွင်းရှိ လူကုန်ကူးမှုများ၏ ၉ဝ ရာခိုင်နှုန်းခန့်က တရုတ်ဘက်သို့ ဦးတည်နေပြီး အလုပ်ခိုင်းစေရန်ထက် သားမယားအဖြစ်ပေါင်းသင်းရန်က များ နေကြောင်း ရဲတပ် ဖွဲ့က ထုတ်ပြန်ကာ အသိပေးထားခဲ့ပြီး ဖြစ်သည်။
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ဂျေယန်းဒုက္ခသည်စခန်းမှ ဒုတာဝန်ခံ ကိုနော်ဂျာက ”ခုဆိုရင် တရုတ်ဘက် မှာ အဓမ္မထိမ်းမြားမှုတွေ များလာတဲ့အ တွက် အလုပ်လုပ်ဖို့ အမျိုးသမီးတွေက သွားချင်တယ်ဆိုရင်တောင် မနည်းကို စိစစ်မေးမြန်းနေရတယ်။ ဒီမှာတောင် လေးယောက်က အဓမ္မထိမ်းမြားခြင်းခံခဲ့ ရတယ်”ဟု ပြော သည်။

၂ဝဝ၈ ခုနှစ်ကစကာ ယနေ့အထိ မြန်မာက တရုတ်ဘက်နှင့် ပူးပေါင်း၍ မူဆယ်၊ လွယ်ဂျယ်နှင့် လောက်ကို င်တို့ တွင်နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးရုံးများ ဖွင့်လှစ်၍ လူကုန်ကူးမှုရပ်အောင် တား ဆီးခဲ့သည်။

 ၂ဝ၁၂ တစ်နှစ်တည်းအတွင်း၌ အဓမ္မထိမ်းမြားမှု ၇၉ မှုကို အရေးယူ ကိုင်တွယ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထု တ် ပြန်ထားဖူးသည်။

Popular Myanmar News Journal

No comments: