Thursday, November 14, 2013
စပ်ဆေးများကြောင့် ဟော်မုန်း ရပ်သည့် ရောဂါဖြစ်ပွားသူများကို ဆေး ကုသရာတွင် တွေ့ရှိနေရကြောင်းမ ကွေး ဆေးတက္ကသိုလ်မှ ဟော်မုန်းဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ ကိုကိုက ပြောသည်။ ဟော် မု န်းရပ်သည့် ရောဂါဆိုသည်မှာ ခန္ဓာကိုယ်ထဲတွင် ပုံမှန်ထွက်ရှိနေ သော ဟော်မုန်းများ မထွက်တော့ဘဲ ရ ပ် တန့်သွားခြင်း ဖြစ်သည်။
စပ်ဆေးဆိုင်များသည် အကိုက် အခဲပျောက်ချင်သူများကို ရိုးရိုးအကိုက် အခဲပျောက်ဆေးများအပြင် စတီးရွို က် ဆေးများပါ ထည့်ပေးကြသည့်အတွက် စတီးရွိုက်ဟော်မုန်းရပ်သည့်ရောဂါဖြစ်ပွား သူများကို အများဆုံး တွေ့ရှိနေရကြောင်း ဒေါက်တာကိုကိုက ပြောသည်။
ခန္ဓာကိုယ်ထဲတွင် စတီးရွိုက်ဟော် မုန်းများ ပုံမှန်ထွက်ရှိလျက် ရှိသော် လည်း ယင်းသို့ အပြင်ဘက်မှ စတီးရွိုက် များ ဝင်လာသည့်အတွက် ခန္ဓာကိုယ်ထဲ မှ ပုံမှန်ထွက်ရှိနေသော ယင်းဟော်မုန်း များ ရပ်တန့်သွားေ ကြာင်း၊ အပြင်ဘက်မှ သောက်နေသည်ကို ရုတ်တရက် ရပ်လိုက် သော အခါတွင်မူ စတီးရွိုက်ဟော်မုန်း လုံးဝမရှိတော့ကြောင်း ၎င်းကဆိုသည်။စတီးရွိုက်ဟော်မုန်း ရပ်တန့်သွားသည့် အတွက် ခြေကုန်လက်ပန်း ကျ ပြီး၊ သွေး ပေါင်များ ရုတ်တရက် ထိုးကျသွားခြင်း တို့ဖြစ်ကာ ဆေးခန်းသို့ ရောက်လာကြသူ များကိုတွေ့ရ ကြောင်း၎င်းကပြောသည်။
''အဲဒါတွေက အများကြီးရှိတယ်။ အချက်အလက်က တိတိကျကျတော့မရှိဘူး။ ဒါပေမဲ့ ဆေးကုနေတဲ့ နေရာ တွေမှာ အများကြီးတွေ့ရတယ်။ ဆေးပညာနှီးနှောဖလှယ်ပွဲတွေမှာ ဆိုလည်း အဲဒါတွေကို ပြောနေရတာပဲ'' ဟု ၎င်းက ပြောသည်။ ယင်းဆေးကို သောက်သုံးလိုက်ပါ က ထမင်းစားကောင်းပြီး အဆစ်အမြစ် ကိုက်ခဲခြ င်းများ ချက်ခြင်း သက်သာ သွားစေသည့်အတွက် စပ်ဆေးများထဲ တွင် ထည့်ပေးကြခြင်းဖြစ်ကြောင်း ၎င်း က ပြောသည်။ အဆိုပါဆေး တစ်နေ့ တစ်လုံးခွဲ ကို တစ်လခွဲမှ သုံးလအထက်ကျော် သောက်ပါက မျက်နှာ ကြီး၍ ဝိုင်းစက်လာခြင်း၊ ဗိုက်ကြောပြတ်ခြင်း၊ ဂုတ်ပိုး တက်ခြင်း၊ ဆီးချို၊ သွေးတိုးနှင့် အဆီ များလာခြင်း စေ သာ ဘေးထွက်ဆိုးကျိုး များ ဝင်လာကြောင်း ၎င်းက ပြောသည်။
''အဲဒါကြောင့် စပ်ဆေးထဲမှာ အကိုက်အခဲပျောက်ဆေးပေးတဲ့အခါတတ်နိုင်သလောက် စတီးရွိုက်မ ထည့်ပါ နဲ့။ သူက ချက်ခြင်းမသေစေနိုင်ပေမယ့် ရေရှည်မှာ အရမ်းဒုက္ခပေးပါတယ်'' ဟု ဒေါက်တာကိုကိုက ပြောသ ည်။အထက်ပါကိစ္စနှင့် ပတ်သက်၍ စုစည်းလေ့လာရန် နေရာနှင့် အခွင့် အလမ်းများ လိုအပ်ပြီး ပညာ ရပ် ဆိုင် ရာ ကျွမ်းကျင်သူများလည်း အားနည်းကြောင်း ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ်က ပြောသည်။
Popular Myanmar News Journal
No comments:
Post a Comment