Thursday, November 14, 2013

ငြိမ်းချမ်းရေးကို ဗန်းပြပြီး KIA ၏ မပြောင်းလဲသော ခြိမ်းခြောက်ငွေကြေး တောင်းယူမှု သံသရာ


Thursday, November 14, 2013
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ တစ်ကြိမ်၊ အောက်တိုဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ တစ်ကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို (၂) ကြိမ်ပြုလုပ် ခဲ့ပြီး ဖြစ်ပါတ ယ်။

ထိုသို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း KIA ၏ ဒေသခံ ပြည်သူများထံမှ ခြိမ်းခြောက်ငွေ ကြေး တောင်းယူခြင်း၊ ရွှေမှော်၊ ကျောက်မှော်၊ သစ်စက်များထံမှ ဆက်ကြေးကောက်ခံခြင်းတို့မှာ လျော့န ည်းသွား သည်ဟု ထင်ရသော်လည်း တစ်ဖက်လှည့်ဖြင့် ကိုယ်ပိုင်သမာအာဇီဝဖြင့် ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေကြသော ဈေးဆိုင်၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် ၊ ဓါတ်ဆီဆိုင် စသည့် ဆိုင်လေးများကို ဆက်ကြေးတာဝန်ခံများထားပြီး ခြိမ်းခြောက်ငွေကြေးတောင်းယူမှုများ ပြုလုပ်နေဆဲ ဖြစ် ပါ တယ်။

နိုဝင်ဘာ ၇ ရက်နေ့တွင် မိုးညှင်းမြို့နယ် ပင့်သာကျေးရွာအနီးရှိ လယ်တဲသို့ ရန်နိုင်စိုး (ခ) ဆန်းဦးဆိုသူေ ရာက်ရှိလာပြီး မရှိဆင်းရဲသား ဒေသခံ လယ်ပိုင် ရှင်ထံမှ ငွေတစ်သိန်းကျပ်ကိုလည်းကောင်း၊ အောင်ချမ်း သာ ရပ်ကွက်ရှိ အစွန်ကျသော နေအိမ်တစ်အိမ်မှ ငွေသုံးသောင်းကျပ် ကိုလည်း ကောင်း KIA တောင်းခိုင်း တာဟု ပြောကာ ခြိမ်းခြောက်တောင်းယူသွားခဲ့ကြောင်း မြို့ထဲမှာ ဟိုးလေးတကြော် သတင်းထွက် ပေါ်နေ ပါတယ်။ သတင်းမှန် ဟုတ်မဟုတ် စုံစမ်းလိုက်တော့ အတောင်းခံရတဲ့ ကာယကံရှင်များက ၀န်ခံခဲ့ကြပါ တ ယ်။

KIA အဖွဲ့ရဲ့ ဆက်ကြေးတာဝန်ခံဆိုပြီး လာတောင်းတဲ့ ရန်နိုင်စိုး (ခ) ဆန်းဦး ဆိုသူဟာ KIA တပ်မဟာ (၂) တွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် တပ်သားအဆင့်ဖြင့် ထွက်လာခဲ့သူ KIA တပ်ဖွဲ့ဝင်ဟောင်းဖြစ်ကြောင်း အကြောင်းသိမြို့ခံတစ်ဦးက ဆိုပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကချင်ပြည်နယ်အတွင်း မြို့/ရွာများ၌ KIA တပ်ဖွဲ့ဝင် မဟုတ်တော့ပေမယ့် ယခင် တာဝန် ထမ်းဆောင်ခဲ့ဖူးသော အလေ့အကျင့် များပါလာ၍ လက်နက်ကိုင်ခြိမ်းခြောက်ငွေကြေး တောင်း ယူမှုကို ဆက်လက် ကျူးလွန်နေသော KIA တပ်ဖွဲ့ဝင်ဟောင်းများ များပြားလာ ကြောင်း၊ KIA နာမည်သုံး ပြီး ဒေသခံများ ဆီမှ ခြိမ်းခြောက်ငွေတောင်းခြင်းမှာ ဓါးပြတိုက် ခြင်းနှင့် အတူတူပင်ဖြစ်နေကြောင်း၊ ဒေသ ခံများ အနေဖြင့်လည်း နီးရာဓါးကို ကြောက်ပြီး မဖြစ်မနေ ပေးဆောင်နေရကြောင်း၊ KIA တပ်ဖွဲ့ဝင်ဟော င်းများ ၏ ခြိမ်းခြောက်ငွေ တောင်းမှုကြောင့် ဒေသခံကချင်တိုင်းရင်းသားများနှင့် ရှမ်း၊ လီဆူး၊ ရ၀မ်၊ ရှမ်းနီ တိုင်းရင်းသားများ အားလုံး လည်း ဒုက္ခရောက် နေရကြောင်း မိုးညှင်းမြို့ခံများက ရင်ဖွင့်ပြောပြပါတယ်။

အမည်ခံ ငြိမ်းချမ်းရေးကို ဗန်းပြပြီး KIA ၏ မပြောင်းလဲသော ခြိမ်းခြောက်ငွေ တောင်းယူမှု သံသရာက ချုပ် ငြိမ်းဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။

နော်မိုင်
Kachin Daily News

No comments: