Saturday, November 09, 2013
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သစ်ပင်လူသားဟု နာမည်ကျော်နေသော ခန္ဓာကိုယ်တစ်ခုလုံးတွင် မူမမှန် သည့် အကြိတ်များထွက်နေသည့် သူတစ်ဦးကို ပွေ့ဖက်နှစ်သိမ့်ပေးသည့် ပုံသည် ကမ္ဘာတစ်ဝန်လုံးမှ လူ သားတို့၏ အသည်းနှလုံးကို အရည်ပျော်စေသော ပုံအဖြစ် လူမှုကွန်ရက်များတွင် ရေပန်းစားခဲ့သည်။
နိုဝင်ဘာ ၆ရက်က ဗာတီကန်မြို့ စိန့်ပီတာရင်ပြင်တွင် လူပေါင်း ၅၀၀၀၀ ကျော်တက်ရောက်သည့် ဆုတောင်းဝတ်ပြုသည့် အခန်းအနား အပြီးတွင် ပုပ်ရဟန်မင်းကြီးက သစ်ပင်လူသားကို ပွေ့ဖက်ကာ ကောင်းချီးေ ပးခဲ့သလို၊ သစ်ပင်လူသား ကလည်း ပုပ်ရဟန်းမင်းကြီး၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ကာ မေတ္တာဓာတ်ခံ ယူ ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက သစ်ပင်လူသားခံစားနေရသော neurofilbromatosis ဝေဒနာမှ သက်သာရန် ဆုမွန် ကောင်း ချွေခဲ့သည်။
သစ်ပင်လူသားသည် မျိုးရိုးဗီဇမူမမှန်မှုကြောင့် တစ်ကိုယ်လုံးတွင် အကြိတ်အဖုများ ထွက်ကာ နာကျင်ခံ စားနေရသည်။
ယင်းဝေဒနာကြောင့် အမြင်၊အကြား ဆိုင်ရာထိခိုက်မှုများ စတင်ဖြစ်ပွားပြီး နှလုံးနှင့် သွေးကြောများ၏ လုပ် ငန်းစဉ်ရှုတ်ထွေးမှုများလည်း ကြုံတွေ့နေရသည်။
ယင်းသို့ဖြစ်ရခြင်းမှာ အကြိတ်များက အာရုံ ကြောများကို လာပိစေခြင်းကြောင့် ဖြစ်သည်ဟု ဆရာဝန်များ က ဆိုသည်။
Ref: CNN
The Myanma Age

No comments:
Post a Comment