Saturday, November 09, 2013

ကျည်မထိုး iPhone 5 နှင့် 5S ကာဗာ


Saturday, November 09, 2013 
ဗြိတိန်အခြေဆိုက် Proporta လို့ အမည်ရတဲ့ ဖုန်း Accessory ထုတ် ကုမ္မဏီက iPhone 5 နဲ့ 5S အတွက် Bullet proof ဖုန်း ကာဗာ ထုတ်လုပ်လိုက်ပါပြီ။ 

ပုံမှာ မြင်တွေ့နေရတဲ့ကာဗာ ဖြစ်ပါတယ်။ ကျည်စံ မတိုးနိုင်ကြောင်း သေနတ် နဲ့ ပစ်လို့ လက်တွေ့ စမ်းသ ပ်ပြီးသွားပါပြီ။ လုံးဝ ကျည်မတိုးပဲ အပြင်မှာ ပွန်းရာ အနည်းငယ်ပဲ ဖြစ်သွား ပါတယ်။ အကြောင်း ကတော့ ကာဘွန်ဖိုက် ဘာ ဟာ စတီးထက် ၅ ဆ ပို သန်မာပြီး ၃ပုံ၂ပုံ ပို ပေါ့ ပါတယ်။ ဒါကြောင့်မို့ ဖုန်း ကာဗာ အဖြ စ် ပြုလုပ်ဖို့ တကယ် အသုံးဝင် ပါတယ်။ အကြမ်းလည်း ခံသလို၊ ပေါ့လည်း ပေါ့ပါးတာကို တွေ့ရမှာ ဖြစ် ပါ တယ်။ 

အဖြူရောင်နဲ့၊ အနက်ရောင် ကာဗာပဲ ထုတ်လုပ်ထားပြီး အခြားသော ဖုန်းများ အတွက်လည်း ထုတ်လုပ် သွားအုံးမှာပါ။ ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၄၅ ပေါင်နဲ့ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint

အောင်ခမ်း ( ရိုးရာလေး )

No comments: