Friday, November 22, 2013

ရခိုင်ပြည်နယ် အခြေအနေ လေ့လာရန် အီးယူ အကြီးတန်း အရာရှိ မြန်မာနိုင်ငံ ရောက်ရှိ


Friday, November 22, 2013 
လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၏ အခြေအ နေ များကို လေ့လာရန်အတွက် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးေ ရးနှင့် အကာအကွယ် ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Carl Sorensen သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း အီးယူ ဒေသတွင်း ပြန်ကြားရေးအရာရှိ Mathias Eick က ပြောကြားသည်။

Mr. Carl Sorensen သည် ရခိုင်ပြည်နယ်ရှိ လူမှုဘဝ အခြေအနေ အရပ်ရပ်ကို ကိုယ်တိုင် လေ့လာ သုံးသ ပ်ရန်အတွက် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ရခိုင်ပြည်နယ် အစိုးရ အရာရှိများ၊ လူမှုအဖွဲ့အစ ည်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသ ည်။

အီးယူ အထူးကိုယ်စားလှယ်၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ ဆက် သွယ် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်ကြားခြင်း မရှိခဲ့ပေ။

Mr.Carl Sorensen သည် ၎င်း၏ ခရီးစဉ် အပြီးတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ရင်ဆိုင်နေရသော လူမှု ဘဝ အခြေအနေ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အခြေအနေများနှင့် ပတ် သက်သည့် စိန်ခေါ်မှုများကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားသွားမည် ဖြစ်ကြောင်း ၎င်း၏ ပြော ကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ် ခရီးစဉ်အပြီး Mr.Carl Sorensen သည် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အစိုးရ အကြီးတန်း အရာရှိများနှင့် နေပြည်တော်၌ တွေ့ဆုံမည် ဖြစ်ကြောင်း Mathias Eick က ဆိုသည်။

The Voice Weekly

No comments: