Friday, November 22, 2013
ပုဂ်္ဂိုလ်ရေးတွေ ပါလာတဲ့ လွှတ်တော်
လွှတ်တော်က ငေါက်နေသလား
ဘာလိုလိုနဲ့ ၂၀၁၃ ကုန်လို့ ၂၀၁၄ ထဲ ရောက်တော့မယ်။မြန်မာပြည်က လွှတ်တော်ကြီးလည်း ၇ ကြိမ် ၇ ခါ တိတိ ကျင်းပပြီးသွားပြန်ပါပြီ။ ဒီတစ်ကြိမ် လွှတ်တော်ထဲတော့ ဥပဒေပြုရေး ကိစ္စတွေ သိပ်ကျယ် ကျယ်လောင်လောင် မကြားရဘဲ ပုဂ်္ဂိုလ်ရေးကိစ္စတွေပဲ ကျယ်ကျယ် လောင်လောင် အသံထွက်လာတာ တွေ့ရပါတ ယ်။ သမ္မတပြောခွင့်ရသူက သမ္မတလစာ လျှော့ယူတဲ့ကိစ္စအပေါ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရဲ့ ပြောစကားနဲ့ အမူအရာတွေဟာ စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောထွက်လာတဲ့ အထိ ပုဂ်္ဂိုလ်ရေးတွေ ပါလာတာေ တွ့ရပါတယ်။ ဒီတစ်ကြိမ် လွှတ်တော်မှာပဲ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုဝန်ကြီး တစ်ယောက်ကို လွှတ် တော်ထဲလာပြီး စာကျက်ထား တာတွေ လာရွတ်ပြ နေတယ်လို့ ဝေဖန်လို့ သမ္မတရုံးက ဒီလိုတော့ မပြောသ င့်ဘူးလို့ စာပို့တယ် ဆိုတာလည်း ကြားလိုက် ရပါတယ်။
လွှတ်တော်ပြီးခါနီးတစ်ရက် လွှတ်တော်ချန်နယ် ကြည့်မိတော့ သတ္တုတွင်း ဒုဝန်ကြီး တစ်ယောက် ပြောပုံကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လှမ်းမေးလိုက်ပုံကလည်း ဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ငေါ က်နေသလိုပါပဲ။ ဒီ့မတိုင်မီလေးမှာ နိုင်ငံရေး ပါတီခေါင်းဆောင် တစ်ယောက်က လွှတ်တော်ကို အာဏာနဲ့ လွှမ်းမိုးထားတယ်၊ ပုဂ်္ဂိုလ်ရေး ထင်ပေါ်အောင် လုပ်နေတာတွေ များလာတယ်လို့ ဝေဖန်လိုက်တာ စာစော င်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။သမ္မတ တစ်ခါက ပြောသလို အစိုးရနဲ့ လွှတ်တော်ကြား ပွတ်တိုက်မှုကနေ အခု တစ်ခါမှာတော့ ပုဂ်္ဂိုလ်ရေး တိုက်ခိုက်တာတွေပါ တွေ့လာရပါပြီ။ သမ္မတက သူ့ကို ပြောတယ်။ ၂၀၁၅ ရွေးကောက်ပွဲကျရင် သူ ၀င်မပြိုင်တော့ဘူး စတဲ့ စကားတွေ မဆီမဆိုင် ထပြောတာတွေလည်း ကြားရ ပါ တယ်။ သမ္မတ နောက်တစ်ကြိမ် ပြိုင်မပြိုင် ကိုယ်တိုင်ပြောမှာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက အချိန်မ ဆိုင်း ပြန်တုံ့ပြန်တာလည်း တွေ့ခဲ့ရပါတယ်။
အာဏာရှင် လွှတ်တော်လား
လွှတ်တော်တက်နေတဲ့ အမတ်တစ်ဦး ပြောပြလို့ပဲ သိရတာပါ။ လွှတ်တော်တစ်ရက်မှာ ဘတ်ဂျက် ဥပဒေအ တည်ပြုတော့ နာယကက သဘောတူပါသလားနဲ့ အတည်ပြုဖို့ လုပ်ပါသတဲ့။ ဒီမှာတင် လွှတ်တော်ဩ န်ချုပ် က ဒီကိစ္စဟာ စက်ခလုတ်နှိပ် မဲပေးစေရမှာ ဖြစ်တယ်လို့ အသာကပ် သွားပြောတော့ ရွှေစိတ်တော် တိုပါသတဲ့။ လွှတ်တော် ခဏနားပြီး ပြန်စတော့ စောစောက ဥပဒေဟာ စက်ခလုတ်နှိပ်မဲပေးရမှာဆိုပြီး တစ်ခါ ပြန်ဆုံးဖြတ် အတည်ပြုပြန်ပါသတဲ့။ လွှတ်တော် နာယက တာဝန်တွေ လွှဲပြောင်းယူကြတော့ အမျိုးသား လွှ တ်တော် ဥက္ကဋ္ဌ ပြောခဲ့တာ ပြန်အမှတ်ရမိလိုက် ပါတယ်။လွှတ်တော်က အာဏာနဲ့ သွားရင် အာဏာရှင် လွှ တ်တော်ပဲ ဖြစ်မယ်လို့ကို ပြောခဲ့တာပါ။
မိတ်ဆွေ လွှတ်တော် အမတ်တွေ မေးကြည့်တော့လည်း အဖြေတွေ အမျိုးမျိုးက စိတ်ဝင်စားဖို့ ဖြစ်ရပါ တ ယ်။လွှတ်တော်ဥက္ကဋ္ဌက သူ့လုပ်ပိုင်ခွင့်ထက်ပိုတဲ့ အာဏာသုံးပြီး လွှတ်တော်ကို ထိန်းကျောင်းတာ ဟုတ် တ ယ်။ သူ အဲဒီလို လုပ်တာလည်း ဟုတ်တယ်။ နို့မို့ လွှတ်တော်ထဲ နည်းနည်းပဲရှိတဲ့ အတိုက်အခံ ဒီမိုကရေစီ ပါတီတွေ ပြောရေးဆိုခွင့်မရှိဘဲ အများစု ပြည်ခိုင်ဖြိုး ပါတီအမတ်တွေပဲ လွှမ်းမိုးသွားမှာပေါ့။သူက အဲဒီလို မဖြစ်အောင် ထိန်းကျောင်းပေးထားတာ။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက ကောင်းပါတယ်။ အတိုက်အခံေ တွကို ထင်ထားတာထက် အခွင့်အရေး ပိုပေးတယ်။ လွှတ်တော်ဟာ ထင်ထားတာထက် ပိုလွတ်လပ် ပွင့် လင်းတယ် စတဲ့ စတဲ့ စကားတွေကတော့ လွှတ်တော်ထဲ ရောက်နေတဲ့ ထင်ရှားတဲ့ အတိုက်အခံ အမတ်ေ တွရဲ့ သုံးသပ် ပြောကြားချက်တွေ ဖြစ်ပါတယ်။ ပြောရရင် အမတ်တွေ အားလုံးလောက်နီးနီး (တပ်မတော် သား ကိုယ်စားလှယ်တွေ မပါ၊ သူတို့က မီဒီယာနဲ့ စကားမပြော)က လွှတ်တော်ဥက္ကဋ္ဌကြီး ကောင်းတယ်လို့ ချည်း ပြောကြ ပါတယ်။ (ဘယ်နေရာ တွေမှာ ဘာတွေ ပိုကောင်းတယ် ဆိုတာတော့ အမတ်တွေက ပိုသိ မှာပေါ့လေ)။
အကွက်ချ လုပ်နေတာလား
ဒီနေရာမှာ လွှတ်တော်ဥက္ကဋ္ဌဟာ အတိုက်အခံအမတ်တွေထဲ ဘယ်သူတွေကို ဘယ်နေရာ ထားပြီး ဘယ်လို ပုံဖော်ရင်ရတယ် ဆိုတာမျိုးနဲ့ ကြိုတင် အကွက်ချ လုပ်ဆောင် နေသလားဆိုတဲ့ မေးခွန်းမေးစရာ ဖြစ် လာပါ တယ်။ အချိုကြိုက်တဲ့သူအချို အဆိမ့်ကြိုက်တဲ့ သူအဆိမ့် တည်ခင်း ဧည့်ခံထားလေသလား တွေးစရာ ဖြစ်ရ ပါတယ်။ တချို့ ကိစ္စရပ်တွေမှာ သင့်တော်တဲ့သူတွေဆီက အသံထုတ်ခိုင်း အဆိုတင်ခိုင်းပြီး နောက်ဆုံး ဥ က္ကဋ္ဌက အဆုံးအဖြတ် ပေးတာမျိုးတွေလည်း လွှတ်တော် စကတည်းက မကြာခဏ တွေ့မြင်ရပါတယ်။ ဒီေ တာ့ အရပ်သားအမတ်တွေထဲက တချို့ကို အခွင့်အရေး တစ်စုံတစ်ရာပေးထားပြီး ကွန်ရက် တစ်ခုဖွဲ့ လုပ်ေ ဆာင်နေသလား စောကြောစရာ ဖြစ်ပါတယ်။သူ့နေရာနဲ့သူ သုံးနိုင်အောင် စနစ်တကျ ကွန်ရက်ဖွဲ့ လုပ်နေ တယ်လို့ ယူဆလို့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ် လွှတ်တော်ထဲ ကြားခဲ့မြင်ခဲ့ရသလောက်ကတော့ အစိုးရနဲ့ လွှတ်တော် အားပြို င်နေကြရုံမက လူပုဂ်္ဂိုလ်ချင်း အားပြိုင်မှုတွေပါ ထင်ထင်ရှားရှား တွေ့မြင်လာရတာပါပဲ။ အပျော့ဂိုဏ်း အမာ ဂိုဏ်း ဆိုတာတွေအပြင် တခြားအနေအထားတွေနဲ့ ပုဂ်္ဂိုလ်ရေးအရ သြဇာ ထူထောင်ပြီး ဂိုဏ်းဖွဲ့မှုတွေ ရှိနေ တာလည်း မြင်သာထင်သာ ရှိလာပါတယ်။ ပုဂ်္ဂိုလ်ရေး အာဃာတတွေလည်း ရှိနေနိုင်တယ်လို့ တွက်ဆလို့ ရလာပါတယ်။ တပ်ထဲမှာတုန်းကလည်း တစ်ဦးနဲ့တစ်ဦး သိပ်မကွာကြလေတော့ ဒီလိုမျိုး ပုဂ်္ဂိုလ်ရေး အာဃာတတွေ ရှိနေမယ်ဆိုရင် ထူးပြီးတော့ မဆန်းလှပါဘူး။ သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌ ရွေးလိုက်ကတည်းက ရှိနေတဲ့ ပုဂ်္ဂိုလ်ရေးတွေလည်း ရှိနေမှာ အသေအချာပါပဲ။
လွှမ်းမိုးဖို့ အသာစီးယူဖို့
နောက်တစ်ခုက အစိုးရကို လွှတ်တော်က လွှမ်းမိုးဖို့ ကြိုးပမ်းချက်တွေ ရှိလာသလို လွှတ်တော်ကို အစိုးရက အသာစီးယူလာတာတွေလည်း တွေ့မြင်လာရပါတယ်။ အနီးစပ်ဆုံးတစ်ခု ကိုကြည့်ရင် မီတာ ခဈေးတက် မယ့် ကိစ္စမှာ လွှတ်တော်က အရေးကြီး အဆိုတင်ပြီး မတက်သင့်ဘူးလို့ ပြောပါတယ်။ လွှတ်တော်ပြီးခါနီး တစ်ရက်မှာတော့ သမ္မတက မီတာခက မတက်လို့ မရဘူး၊ တက်ကိုတက်မှဖြစ်မယ်လို့ လွှတ်တော်ကို သ၀ ဏ်လွှာ ပို့ပါတယ်။ ပြည်သူကို ကိုယ်စားပြုထား ပါတယ်ဆိုတဲ့ ပြည်သူ့ကိုယ်စား အမတ်တွေနဲ့ ဖွဲ့စည်းထား တယ်ဆိုတဲ့ ပြည်သူ့အသံ ထင်ဟပ်နေ တယ် ဆိုတဲ့ လွှတ်တော်ကို အစိုးရအဖွဲ့က အသာစီးယူလိုက်သလို ဖြစ်နေတာ ဒီနေရာမှာ တွေ့လိုက်ရပါတယ်။
ပြောရရင်တော့ အစိုးရနဲ့ လွှတ်တော်ဟာ အပြန်အလှန် လေးစားမှု မရှိဘဲ တန်ခိုးသြဇာ ပြိုင်နေသလိုကို ဖြ စ်နေပါတယ်။ ဘယ်သူသာလို့ ဘယ်သူနာတယ်တော့ ခုနေခါ ပြောဖို့ စောသေးပေမယ့် ဒါတွေဟာလာမယ့် ၂၀၁၅ မှာ အာဏာ ဆက်လက် ကိုင်ဆွဲထားနိုင်ရေး အတွက် နှစ်ဖက်စလုံး ပြင်နေကြတာပဲ ဖြစ်ပါတယ်။ နှစ် ဖက်စလုံးဟာ မဟာမိတ်တွေဖွဲ့ပြီး အားပြိုင်နေကြ တာပဲ ဖြစ်ပါတယ်။
မျက်နှာမူရာ အရပ်
ဖေ့စ်ဘွတ်မိတ်ဆွေတစ်ယောက် တစ်နေ့က အခုလို ရေးတင်ထားတယ်။
“မနေ့ညက တရုတ် ရာဇ၀င် ဒဏ္ဍာရီကားထဲက စကား၊ ကိုယ်ကျိုးမလုပ်ကြဘူးဆိုရင် လောကကြီးက ဆိတ် သုဉ်းသွားမယ်ကွတဲ့၊ ဟုတ်တုတ်တုတ်ပဲ၊ အတော် ပျင်းစရာ ကောင်းသွားမယ်၊ ဘယ်သုတ္တန်မှာလည်း မသိ ဘူး ဖတ်ဖူးတာ၊ တောကြီးမျက်မည်းတွေ ဖုံးလွှမ်းနေတဲ့ လူနေ အိမ်ခြေတွေကို ပြပြီး ဒါ ဘာဖြစ်တာလဲလို့ မေးတော့ တိုင်းပြည်တစ်ခုလုံး တရားပေါက်ပြီး တောထွက်ကုန်လို့ တိုင်းပြည် ပျက်သွားတာဆိုပဲ”ကိုယ်ကျိုး တော့ လုပ်ကြပါ။ တိုင်းပြည်လည်း ကြည့်ကြပါဦး။ ဆရာကိုတာ ဟောပြောပွဲ တစ်ခုမှာ ပြောဖူးသလိုပါပဲ။
မြန်မာပြည်မှာ ရှိရှိသမျှ သယံဇာတတွေ ကုန်ပြီ။ မြေလည်း မကောင်း၊ ရေလည်း မသန့်၊ ကောင်းတာဆိုလို့ လေ တစ်ခုပဲ ရှိတော့တယ်တဲ့။ ကျန်တာဆိုလို့ ၅ ခုပဲ ကျန်သတဲ့။ ရွှေတိဂုံ၊ ပုဂံနဲ့ ရဲရင့်၊ ရိုးသား၊ စိတ်ထား တ တ်တာ တွေတဲ့။
ဒါက ရှာရှာဖွေဖွေ တွက်ဆပြထားတာတွေပါ။ နိစ္စဓူဝ လှုပ်ရှားသွားလာနေကြတဲ့ ပြည်သူတွေ မျက်နှာကြ ည့်လိုက်တာနဲ့ ဘယ်သူတွေဘက် မျက်နှာမူကြည့်ရမယ်ဆိုတာ အစိုးရရော လွှတ်တော်ပါ သိကြမှာပါ။ သိပ င်သိသော်ငြား တန်ခိုးသြဇာအာဏာ ဆိုတာက လူကို အကြွင်းမဲ့ ဖျက်ဆီး တတ်တယ်လို့ ဆိုထားတာက လားဗျာ။
ကိုရွှေအောင်
ပြည်သူ့ခေတ် Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
No comments:
Post a Comment