Sunday, November 17, 2013
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် တည်ဆောက်နေသည့် ထားဝယ်ရေနက် ဆိပ် ကမ်းနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းမှ စီမံကိန်း အဓိက တည်ဆောက်သူဖြစ်သော ထိုင်းအခြေစိုက် အီတာလျံ -ထိုင်း (Italian-Thai Development Co;Ltd-ITD)က လာမည့် နိုဝင်ဘာ ၂၀ ရက်တွင် စီမံကိန်း လု ပ်ငန်းခွင်မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း စီမံကိန်း နယ်မြေအတွင်း သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
၂၀၀၈ ခုနှစ်မှ စတင်၍ ITD ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ထားဝယ် အထူးစီးပွားေ ရးဇုန်မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ စီမံကိန်းအတွက် ငွေကြေးရင်းနှီးမှု အပိုင်းတွင် ကုမ္ပဏီဘက်မှ ငွေကြေးမလုံလောက်သည့် ဘဏ္ဍာရေး ပြဿနာများ ကြုံတွေ့ခဲ့ရပြီးနောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရမှ ၀င်ရောက်ဖြေရှင်း ပေးခဲ့ရပြီး အစိုးရပိုင်းဆိုင်ရာ စီမံကိန်းအဖြစ် အသွင်ပြောင်းလာခဲ့ကြောင်း သိရသည်။ စီ မံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နှစ်ဖက်အစိုးရ တာဝန်ရှိသူများမှ နိုင်ငံတကာသို့ ဖိတ်ခေါ်ခဲ့ရပြီး ဂျ ပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စောင့်ကြည့် အနေအထားသာဖြ စ်ကြောင်း သိရသည်။
"ITD က စီမံကိန်းက ထွက်ခွာမယ်ဆိုတာတော့ ကြားပါတယ်။ ဒီမှာ လုပ်ငန်းဆိုက်နှစ်ခုပဲ ချန်ခဲ့မှာပါ။ ကျော က်ထုတ်လုပ်ငန်းဆိုက် တစ်ခုပဲ သေချာသေးပြီး ကျန်တဲ့ဆိုက်တစ်ခုက မသိသေးပါဘူး။ လာမယ့် ၁၇ ရက်ေ န့မှာတော့ ထိုင်းနိုင်ငံက ITD ကုမ္ပဏီရဲ့ တာဝန်ရှိသူ တစ်ယောက်တော့ လာဖို့ရှိတယ်။ သူလာမှပဲ သိမှာပါ။ ချန်ခဲ့မယ့် ဆိုက်နှစ်ခုကလွဲလို့ ကျန်တဲ့ဆိုက်တွေ အားလုံးက ထိုင်းအလုပ်သမားတွေအားလုံး ထိုင်းကိုပြန်မှာ ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားတွေတော့ ဒီမှာကျန်ခဲ့မှာ ဖြစ်ပါတယ်။ ရုံးက တာဝန်ရှိတဲ့ လူကြီးတွေ အစ ည်းအဝေး တက်နေလို့ ဒီမှာ မရှိပါဘူး" ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အတွင်းရှိ ITD ရုံးသို့ ဆ က်သွယ်မေးမြန်းခဲ့ရာတွင် တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
စီမံကိန်း အတွင်းရှိ အထောက်အကူပြု လုပ်ငန်းအဖွဲ့ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ၀န်ကြီး ဌာနမှ ညွှန်ကြားမှသာ ဖြေကြားခွင့် ရှိပါကြောင်း စီမံကိန်းမှ ITD ကုမ္ပဏီ ထွက်ခွာတော့မည်ဟု ကြားမိေ သ်ာလည်း လောလောဆယ်တွင် တရားဝင် စာထုတ်ပြန်မှု မရှိသေးပါကြောင်း အထောက်အကူပြု လုပ်ငန်း အဖွဲ့ အတွင်းရေးမှူးက ပြန်လည်ဖြေကြားခဲ့သည်။
ဧရိယာ စတုရန်းကီလိုမီတာ ၂၅၀ ရှိသည့် ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ် ဇွန် ၁၂ ရက်က ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ITD ကုမ္ပဏီတို့ စီမံကိန်းနှင့် ပတ်သက် ၍ MoU ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ်တွင် စီမံကိန်းနှင့် ပတ် သက်သည့် နှစ် ၆၀ လုပ်ပိုင်ခွင့်နှင့် အကောင်အထည်ဖော် တည်ဆောက်မှု သဘောတူညီမှုကို မြန်မာ့ဆိပ် ကမ်း အာဏာပိုင်နှင့် လက်မှတ်ရေးထိုး ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီ အနေဖြင့် လုပ်ငန်းလည်ပတ်ရာတွင် ငွေကြေးအရင်းအနှီးပိုင်းဆိုင်ရာ အားနည်းမှု ကြောင့် လုပ်ငန်းများ နှောင့်နှေးလာခဲ့ရာ စီမံကိန်းအား ထိုင်း၊ မြန်မာ နှစ်ဖက်အစိုးရက စီမံခန့်ခွဲရန် သဘောတူညီခဲ့ပြီး ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ သမ္မတတို့မှ စီမံကိန်းတွင် နိုင်ငံတကာမှ ၀င်ရောက်ရင်းနှီး မြှုပ် နှံရန် ဖိတ်ခေါ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
Eleven Media Group

No comments:
Post a Comment