Sunday, November 17, 2013

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ ချောင်းပေါက်များနှင့် ကင်းစခန်းများတွင် တရားမ၀င် ၀င်ရောက်လာသူများအား တားဆီးရန် နိုင်ငံခြားသား တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေး အဖွဲ့အား တာဝန်ချထား


Sunday, November 17, 2013 
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ ချောင်းပေါက်များနှင့် ကင်းစခန်းများတွင် တရားမ၀င် ၀င်ရောက်လာသူများအား တားဆီးနိုင်ရန် (မကဖ) ၀န်ထမ်းများက တာဝန်ထမ်းဆောင်နေကြပြီး မြို့နယ်အတွင်း အိမ်ထောင်စုစာရင်း ကောက်ခံမှု လုပ်ငန်းများအား ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အနောက် ဘက် ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) အရာရှိ ဦးသိန်းတန် က ဆိုသည်။

"တရားမ၀င် သွားလာမှုကို ကာကွယ်တားဆီးဖို့ရယ်၊ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် လိုအပ်တဲ့ဟာဖြ စ်လို့ အိမ်ထောင်စု လူဦးရေ စစ်ဆေးမှုတွေကိုတော့ ယခင်နှစ် ကတည်းကလို အပြောင်းအလဲမရှိ လုပ်နေပါ တယ်။ အခု (မကဖ) ၀န်ထမ်းတွေကို ခိုးဝင်ခိုးထွက် ရှိနိုင်တဲ့ နေရာတွေဖြစ်တဲ့ ချောင်းပေါက်တို့ ကင်းစခန်း တို့မှာ တာဝန်ချထား ပေးပြီးတော့ ခိုးဝင်ခိုးထွက်မှု မရှိအောင် ဆောင်ရွက်နေပါတယ်" ဟု ဦးသိန်းတန်က ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံ အတွင်းရှိ ကင်းစခန်းများတွင် မီးမောင်းများ တပ် ဆင်ထားပြီး ညအချိန် ခိုးဝင်ခိုးထွက် လာမှုများအားလည်း ကာကွယ်ထားကြောင်း သိရသည်။ သို့ရာတွင်ေ ခတ်မီ စက်ယန္တရားများ၊ စပိဘုတ်များ တပ်ဆင်ထားရှိခြင်း မရှိသေးကြောင်းနှင့် ခိုးဝင်လာသူများအား လိုက် လံဖမ်းဆီးခြင်းများ မလုပ်နိုင်သဖြင့် နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအား ခေတ်မီစက်ယန္တရားများ၊ အမြန်ရေ ယာဉ်များ တပ်ဆင်ပေးရန် လိုအပ်နေသေးကြောင်းလည်း မောင်တောမြို့ခံများက ပြောသည်။ အနောက် ဘက် နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) များကို ၀န်ထမ်းအင် အား ၃၅၀ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments: